Monday, December 24, 2012

Merry Christmas! #2012

ကျွန်မ ခရစ္စမတ်ကို တစ်ခါမှ အရေးတယူ ကျင်းပခြင်း မရှိခဲ့ဖူးပါ။ ခရစ်ယာန် ဘာသာဝင် မဟုတ်သောကြောင့်သော် လည်းကောင်း၊ စင်္ကာပူ ကျွန်းသေးသေးလေးပေါ် နေရခြင်းကြောင့် လည်းကောင်း ဖြစ်တန်ရာသည်။ မနှစ်တနှစ်က ခရစ္စမတ်များ ဘာလုပ်ခဲ့သနည်း ပြန်တွေးကြည့်သည်။ စားသောက်ဆိုင်တွင် အချိန်ပိုင်း အလုပ်ဆင်းနေခဲ့သည်။ ပွဲတော်ကို ကျင်းပလိုစိတ် မရှိသည်က တစ်ပိုင်း၊ အလုပ်သွားလုပ်လျှင် မုန့်ဖိုးပဲဖိုး ရသည်က တစ်ပိုင်းကြောင့် နှစ်တိုင်း အလုပ်သာ လုပ်နေခဲ့သည်။

ယခုနှစ် ၂၀၁၂ တာ့ ထူးခြားပါသည်။ ကျွန်မဘ၀၏ ကြီးကြီးမားမား အပြောင်းအလဲ တစ်စိတ်တစ်ပိုင်းဟု ဆို၍ရပါသည်။ ဘ၀လက်တွဲဖော်ဟု ခံယူထားသူတစ်ယောက် ကျွန်မဘ၀ထဲ ရောက်လာပါသည်။ Jingle Bells နှင့် Xmas  သီချင်းများ အဓိပ္ပာယ်ရှိလာသလို ခံစားရပါသည်။ ကျွန်မ ပျော်ပါသည်။ သူနှင့် ဆုံစည်းခွင့်ပေးသော ဘုရားရှင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်။ သူ့ကိုလည်း ကျေးဇူးတင်ပါသည်။

ကြယ်ကြွေချိန်

Wednesday, November 28, 2012

Lessons learnt

Whenever you feel down, look out the window. You are not alone.
And remember, whatever it is, this is not the end of the world.

Simple ground rules:
1) If you can do it, just give it your best shot. Effects might or might not get paid off. But at least, you did your best.
2) If you can't do it, there's no point getting worried. Go find some way to solve it instead.
3) If you are sure that you can't do it, just let it go.

So why worry?
Don't worry, be happy.

Kyel Kywai Chain

Sunday, November 11, 2012

တီတီတီ

ဘလော့ဂ်ကို ပစ်ထားတာ လပေါင်း ကြာပြီ။ 
စာရေးချင်သည် အတွေးပေါက်တော့ စိတ်ဖိစီးမှုက လွဲလို့ ဘာမှထွက်မလာ။ 
အင်း... စိတ်ဖိစီးသည်။
လုပ်စရာတွေ အလွန်များသည်။
စာတွေ အလွန်ခက်သည်။
presentation ၂ခု deadline ၁ခု ကျန်သေးသည်။
study week ကျရင်လည်း အသားကုန် ကျုံးရဦးမည်။ နေ့မအိပ် ညမအိပ်။
နောက် ၃ပတ် တရစပ် လုပ်ပြီးရင် လွတ်ပြီ ကျွတ်ပြီ။
ပျော်စရာလေးတွေ ပြန်လာတော့မည်။
ဒီခဏတော့ ဒီမျှထက် ပိုပြီး ကြိုးစားလိုက်ဦးမည်။
တီ တီ တီ။

ကြယ်ကြွေချိန်

Wednesday, September 26, 2012

Run!

This Digital age,
No more regular pace,

Everything is so well invented,
Every matter is complicated,

Everybody is so workaholic,
Well, they still say the whole process is systematic,

But exactly no time to find social pleasure,
So I say..
Let's run, baby, run!

Kyel Kywai Chain

Thursday, September 13, 2012

ဒုန်းဒုန်းဒိုင်းဒိုင်း ရေးမိသောစာ

လုပ်စရာများ တစ်နေ့ တစ်နေ့ အလျင်မမှီပါ။
တာဝန်ဝတ္တရား အလွန်များပြားလှသော နေ့စဉ်ဘ၀။ (ပိုမပြောပါ၊ ကျုပ်နှင့် အလားတူ excos များလည်း အတူတူပါပဲ။)


cultural show အတွက် အကပြေးတိုက်ရ၊
ပွဲပြီးသွားတော့လည်း budget ကိစ္စတွေ ဖြေရှင်းရ (ခေါင်းကိုက်လှချေပြီ)၊
ပရဟိတ ပရောဂျက် မေတ္တာ အတွက် လူရွေးရန် အင်တာဗျူးများ ပြေးရ၊
ရှေ့လာမယ့် ပွဲတွေ အတွက် အရှုပ်တွေလုပ် အဲ.. အလုပ်တွေရှုပ်ရ၊
အတန်းချိန် မှီအောင် နေ့လည်စာ ညစာ လျှာမကိုက်မိအောင်၊ မနင်အောင်၊ အမြန်စားရ (အဟွတ်အဟွတ်)၊
quiz တွေ test တွေအတွက် last minute မှ အသည်းအသန် ခဲမှန် စာအုပ် လှန်ကြည့်ရ၊
မနက် ၈နာရီကစ ည ၁၁ နာရီ အိမ်ပြန်ရောက်တော့လည်း စိတ်ဓာတ်ကျသူ freshie လေးတွေကို အားပေးစကား ပြောရ (သူ့ပြောရင်းနဲ့ ကိုယ်တောင် တင်းထားတာတွေ လျော့ပြီး ငိုချင်လာပြီ၊ လေတင်းနေတဲ့ ပူဖောင်းကြီး ရှူးခနဲ လေလျော့သွားသလိုပဲ။)၊
ဒီကြားထဲ အမေက စိတ်ကောက်လို့ ချော့ရ၊ (ဖုန်းထဲ စကားကောင်းကောင်း မပြောနိုင်တာ ကြာပြီမို့ပါ။)
မနက် မနက်ဆိုလည်း အိပ်ရာ မနည်း ကုန်းကောက် ထရ၊
quiz result တွေကြည့်ပြီး မျက်လုံးပြူး မျက်ဆံဖြူ ရ၊
လူများတွေရှေ့ ပါးစပ်က ပြောမထွက်လို့ ခုလို စာနဲ့ complain တက်ရနဲ့၊


ကျုပ် အသက် တိုတော့မယ် တော်ရေ့။

(ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ ဟုသာ မှတ်ပါသည်။ အကောင်းမြင်တော်မူ ကြပါကုန်။ =D
အသက် ၀၀ ရှူ လိုက်ဦးမယ် ဟဲဟဲ)

ကြယ်ကြွေချိန်

Wednesday, August 29, 2012

တစ်နေ့တာ (29th Aug 2012)

ယနေ့ အတန်းထဲတွင် အပ်ကြောင်းထပ် ကြားနေရသော စကားလုံးများ -
  • free market
  • government
  • ethics
  • profit maximization
  • stakeholders
  • shareholders
  • FRS (Financial Reporting Standards)
  • GAAP (Globally Accepted Accounting Principles)

နောက်ဆုံး ၂ခုမှာ ကျနော် အမုန်းဆုံး စကားလုံးများ ဖြစ်လာတော့မည်။


ကျနော်  ဖန်တရာတေ ပြောနေရသော စကားလုံးများ -
  • ကျွတ် ကျွတ် ကျွတ်...

ဒါပါပဲ။ တကယ်ပါပဲ.. စိတ်ပိန်ပါ့။

ကြယ်ကြွေချိန်

Thursday, June 21, 2012

21 June 2012

စာရေးခြင်း အလုပ်ကို အတော် အဆက်ပြတ်နေခဲ့သော သကာလ စာဖတ်သူများ ရှိခဲ့လျှင် တောင်းပန်လိုပါသည်။ မဖြစ်မနေ ပေးရမည့် ဆင်ခြေမှာ အလုပ်မအားလပ်ခြင်း ဖြစ်ပါသည်။ (ဟွန်း... ဆိုပြီး နှာခေါင်းရှုံ့ကြပါတော့။) ကျောင်း၊ အလုပ်၊ အိမ်၊ CCA များနှင့် ရှုပ်ယှက်ခတ်နေပုံများ ၀ယ်ခြမ်းစရာ ရှိသည်များပင် မ၀ယ်နိုင်အားလောက်အောင် ခေါင်းပင် ကုပ်၍မအားနိုင်လောက်အောင် အလုပ်ရှုပ်ပါသည်။ ဒီစာရေးရင်း မိုးမိုး၏ "အလုပ်တွေ အရမ်းကို ရှုပ်တဲ့သူမှ ဟောဒီကောင်က ကြိတ်ခိုက်နေတာ" ဆိုတဲ့ သီချင်း မဆီမဆိုင် သတိရမိပါသေးသည်။

အမိနိုင်ငံ ရန်ကုန်မြို့သို့ ပြန်ရန် ၃ရက်သာ လိုပါတော့သည်။ အဲ့ဒီအတွက် shopping တွေလဲ လုပ်ရဦးမည်။ ဟိုလူကမှာ၊ ဒီလူကမှာနဲ့။ ကျွန်တော်လိုချင်သော ပစ္စည်း အကြီးကြီးလည်း ရှာဝယ်ရဦးမည် (ကင်မရာ ပြောတာပါတော်)။ မျက်ကပ်မှန်လည်း သွားလုပ်ရဦးမည် (မျက်မှန်နဲ့ဆို သိပ်ပဲများလို့ မရဘူးလေ အဟဲ)။ လူက ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး metabolism မမှန်တော့ ဆေးခန်းလည်း သွားပြရဦးမည်။ ရှိတာကဖြင့် ၂ရက်။ အလုပ်ရယ်၊ meeting training တွေရယ်၊ အဲ့ဒီ ပိစိပွစ တွေရယ် ချာချာလည်။ module planning လည်း မလုပ်ရသေး။ ဒုတ်ကောက်ပါလားတော်။ အော်... ရယ်...

ကြယ်ကြွေချိန်

Tuesday, June 5, 2012

အပျင်းရောဂါ

ပျင်းသော post တစ်ခု ထပ်ရေးရပြန်ပြီ။ စာဖတ်သူ ဖတ်ပြီး အကုသိုလ်ပွားလည်း ပွားချင်စရာပင်။ အလုပ်နားသည်။ တကယ်ကို ဘာမှကို မလုပ်ချင် ဘယ်မှလည်း မသွားချင် ပျင်းနေတာ။ ညက ဆွဲထားသော Plan များ တစ်ခုပြီး တစ်ခု ဘာမှ မလုပ်ဘဲ ထိုင်ဖျက်နေသည်။ Kitchen အတွက် ဒယ်အိုးတွေ၊ Hot plate တွေ သွားဝယ်ရန် ရှိသည်။ အ၀တ်လျှော်ရန် ရှိသည်။ အစ်ကိုနှင့် ရေသွားကူးရန် ရှိသည်။ အခန်း သန့်ရှင်းရေး လုပ်ရန်ရှိသည်။ အခန်း ပြောင်းဖို့ ပစ္စည်းများ ထုပ်ပိုးရန် ရှိသည်။ Cityhall မှာ ဖိနပ်သွားဝယ်ရန် ရှိသည်။ ညကျ လည်း Meeting ရှိသည်။ တစ်နေကုန် ရုပ်ရှင်ကားများ ပတ်ရှာ ကြည့် ပြီး တုပ်တုပ်မျှ မလှုပ်။ တစ်ခုပြီး တစ်ခု schedule တွေကို ထိုင်ဖျက်နေသည်။ ကျောင်းပိတ်ရက် ရာသီ ဖြစ်၍ပင် တော်တော့သည်။ ဖတ်မည်ဆိုပြီး ငှားထားသော စာအုပ်များလည်း တစ်အုပ်မျှ မလှန်ရသေး။ နေ့လည်ဖက် တစ်ရေးတစ်မော အိပ်ချင်ပါသည်ဆိုကာမှ ကုတင်ပေါ် တက်ဖို့တောင် ပျင်းနေသည်။ ဤ ဘလော့ဂ် တော့ ရေးဖြစ်သေးသည်။ ငါ့နှယ်နော်... ဒုတ်ကောက် ဒုတ်ကောက်။

ကြယ်ကြွေချိန်

Wednesday, May 30, 2012

အရှုပ်ထုပ်များ

မြန်မြန်ဆန်ဆန် ထရှင်းလိုက်ရင် ပြီးမယ့် ကိစ္စကို ဘယ့်နှာ... အချိန်တွေ အကြာကြီးဆွဲ ပျင်းကြောထူပြီး မလှုပ်မယှက်။ အဲ့တော့ မပြီးဘူးပေါ့။ Deadline ကဖြင့် မနက်ဖြန် သဘက်ခါ။ ဒီနေ့ထိ ကလို့ကောင်းတုန်း၊ ရုပ်ရှင်ကြည့်လို့ကောင်းတုန်း၊ လည်လည်သွားလို့ လမ်းသလားလို့ ကောင်းတုန်း။

အဲ့လောက် အပျင်းထူတာ ဘယ်ကောင်တုန်း??? ဆိုတော့.. ဆိုတော့.. ငါပဲ! :(

Next semester အတွက် Budget proposal ရေးရန် ရှိသည်။ due date က မနက်ဖြန်။ ၃၀% ပဲ ပြီးသေးသည်။ လုပ်နေတာ ၃၊ ၄ ရက်လောက်တော့ ရှိပါပြီ။ စိတ်မပါလို့ ဆက်မလုပ်ပဲ ပစ်ထားတာ။ အေးလေ... တစ်နေကုန် အလုပ်လုပ်၊ meeting တွေ ထိုင်၊ training တွေသွားပြီး အိမ်ပြန်ရောက်တော့ လုပ်ချင်စိတ်မှ မရှိတော့တာကို။ ကိစ္စ မရှိဘူး ကိစ္စမရှိဘူး။ အေးဆေး နွေးထွေး ကလေးမွေး လူများပေး ဆိုသလိုပေါ့ကွယ်။ အေးအေးလူလူ လေး မနက်ဖြန်ည due ရင် မနက်ဖြန် မနက်မှ လုပ်ပြီး ပေးလိုက်တာပေါ့။ :P

အခန်းပြောင်းရမယ်။ တကယ်တော့ အိမ်ပြောင်းတာပါပဲ။ အခန်းထဲမှာ club အတွက် log တွေရှုပ်၊ မရှင်းရသေးသော ဘီဒို၊ စာအုပ်စင်၊ cupboard များ ရှုပ်ယှက်ခတ်နေသည်။ စိတ်ပိန်ပါ့တော်။

အေးဆေးပေါ့ကွယ်။ အချိန်တန် နွားပိန်ကန်ပြီး ပြီးသွားမှာပေါ့။ လောပါနဲ့အေ။ :P

ကြယ်ကြွေချိန်

Wednesday, May 23, 2012

စက်ရုပ်

ပထမဆုံး အကြိမ် office က computer နှင့် blog ရေးပါသည်။ အလုပ် ပါးနေလို့ပါတော်၊ အချောင်ခိုနေတာ မဟုတ်ရပါဘူး။ မြန်မာ ဇော်ဂျီ ကီးဘုတ်ကို အဆင်ပြေပြေ သွင်းလိုက်နိုင်သည့်အတွက် မြန်မာလို ရေးချင်စိတ် ရုတ်တရက် ပေါက်သွားသည်ပေါ့လေ။

manager တွေလည်း အလုပ်ရှုပ်နေကြသည်။ morning press conference တစ်ခု၊ evening public lecture event တစ်ခု ရှိသည်မို့ အလွန် ရှုပ်ယှက်ခတ်၊ လျှပ်စီးလက်နေကြသည်။ စားစရာတွေလည်း office မှာ စုံနေသည်။ event ပြီးတော့ ကျန်တဲ့ မုန့်တွေပေါ့။ မုန့်တစ်ခု ကိုက်စားရင်း အလွန်ကြိုက်မိသည်။ နုနုအိအိ မွှေးမွှေး ချိုချို ပေါင်မုန့်လေး၊ ဘယ်လို ဖုတ်ပါလိမ့်ဟု စပ်စုတွေးမိသည်။

အလွန် အိပ်ငိုက်ရတဲ့ နေ့တစ်နေ့ပါပဲ။ လုပ်စရာတွေ များနေပေမယ့် ခေါင်း မထောင်နိုင်ဘူး။ ညကလည်း ၈နာရီလောက် အိပ်ထားတာတောင် ဒီမနက် မထနိုင်ဘူး။ ဒီခန္ဓာကိုယ်တော့ something wrong နေပါပြီ။ လူကတော့ something မ wrong ပါဘူး။ မနက်နိုးတာနဲ့ အလုပ်သွား၊ အလုပ်ဆင်းတာနဲ့ ညစာကို အမြန်စား ပြီး meeting ဆက်။ ည၁၁နာရီမှ အိမ်ပြန်ရောက်တာ ၂ပတ်ရှိပြီ။ စက်ရုပ်ဖြစ်နေတာ။

သြော်၊ လတ်တလော ဘ၀ ခါးပုံများ။

ကြယ်ကြွေချိန်

Monday, May 21, 2012

2012 Yangon plan =D

ကြယ်ကြွေချိန် နောက် ၁ လ ကြာရင် ရန်ကုန်ပြန်တော့မည်။ ဒန်တန်တန်
အမိမြန်မာပြည် ကို မပြန်ခင်တိုင်း လုပ်လေ့ရှိသည်။ ဘာတုန်းဟ... သွားလည်ရမည့် ခရီးစဉ်များနှင့် စားရမည့် မုန့်များ စာရင်း =P

အောက်တွင် ရှုပါလော့။

လည်ပတ်ရန်ခရီးစဉ်များ
တောင်ကြီး။ အင်းလေး။ (project recce ဆင်းခြင်း)
ကျန်သော ခရီးစဉ်များ မ plan ရသေးပါ။

မသွားမဖြစ် သွားရမည့် နေရာများ
ရွှေတိဂုံ။ မဟာဝိဇယ။ ဗိုလ်တထောင်။ taw win centre, junction centre mawtin, east point, north point, ဂမုန်းပွင့်။ ဗိုလ်ချုပ်ဈေးသစ်။ လသာ ၂။ Zealots။ ဦးကျော်စွာလင်း ကျူရှင်အိမ်။ AC, BC, MC (lan ma daw), Hospital visit, ဂီတမိတ်။ အမျိုးအိမ်များ။

စားရန်မုန့်များ (Shaloot!)
ရှမ်းခေါက်ဆွဲ။ တို့ဟူးနွေး။ လမ်း ၂၀ အပေါ်လမ်း အဘိုးကြီး ဆီချက်။ ဖက်ထုပ်။ ကောက်ညှင်းထုပ်။ မင်းလမ်း ရခိုင်မုန့်တီ။ လက်လုပ် ထန်းလျက် မုန့်လက်ဆောင်း။ ဂဏန်းပျော့ကြော်။ မြောင်းမြ ဒေါ်ချို မုန့်ဟင်းခါး။ လမ်းဘေး မန်ကျည်းရည်။ ကျောက်ကျောရည်။ အုန်းနို့ခေါက်ဆွဲ။ အိုးလေး ဒိန်ချဉ် (ထန်းလျက်)။ မုန့်လင်မယား။ မုန့်ပစ်စလက်။ အပေါ်လမ်း ရေမုန့်။ ရွှေပုဇွန် ဖာလူဒါ။ ၁၃ လမ်းထိပ် city mart နား အအေးဆိုင်။ စဥ့်အိုးတန်း မွှေးမွှေး အအေးဆိုင် (红豆!!!), 77 chocolate and cheese cake။ KSS ဒန်ပေါက်။ Season cafe, Coffee circle နှင့် mother ကြီး + ar yi လက်ရာ အားလုံး။

ဘာကျန်သေးလဲမသိဘူး စဉ်းစားစမ်း...

နည်းနည်း လွန်သွားပြီ။ သည်းခံပါခများ။ LOL :D

ကြယ်ကြွေချိန်

Sunday, May 6, 2012

I believe in "fate" || Rooftop Prince

http://www.youtube.com/watch?v=avQbLFkeQ-0&feature=endscreen&NR=1

I was so absorbed in this K drama recently. It's still currently aired, and seriously, i can't wait for more episodes to come. The reason to like this drama (apart from the actor being too handsome.. oppa, saranghae.. XD) is the plot LOL! It features the fate of the two people, whenever and wherever they are.

Umm.. yah.. Cut it short, I like this drama because I believe in fate, too. :D



(Pictures from Google.)

Kyel Kywai Chain

Wednesday, May 2, 2012

What happens in exam hall

Clock is ticking,
Genie is wishing,
Facilitator is watching,
And you are shaking!

Ding dong ding dong!

XD


Kyel Kywai Chain

Wednesday, April 25, 2012

ဆူး

ဆူး...

သွားရင်းလာရင်း ဆစ်ခနဲစူးတဲ့ ဆူးလိုပေါ့...
အမှတ်တမဲ့ပါပဲ။

ကြည့်လိုက်တော့ ခပ်သေးသေးပေါ့...
သို့ပေမင့် ကြာလေ နစ်ဝင်လေပဲ။

ဟာ ဒီဆူး... ဒုက္ခပေးလှချည်လားဗျာ...
ငါဆွဲနှုတ်လိုက်ရ... ကဲကွာ။

နှုတ်ပြီးတော့လည်း ဆူးပေါက်ကျန်ခဲ့တယ်...
အနာ က မကျက်ဘူး။

အနာကျက် သွားတော့လည်း ဖျောက်မရတဲ့ အရာကျန်ခဲ့တယ်...
အမာရွတ်။

အဲ့ဒီဆူး...
နှုတ်ပစ်ရမလား။
အနာရင်းခံရမလား။
အမာရွတ်ကျန်ခံရမလား။

ကြယ်ကြွေချိန်

Saturday, April 21, 2012

ပေါက်ကရ ၃

ပြတင်း မှန်ပေါ် မိုးစက်တွေက တဖြောက်ဖြောက်နဲ့
အေးစိမ့်စိမ့် မိုးလေအေးက လိုက်ကာဖြူဖြူကို ကျီစယ်လေရဲ့၊
အရာအားလုံး ဘေးချိတ်ပြီး ခုန်ပေါက်ကာ ကလိုက်ချင်ရဲ့
သို့ပေသော်လည်း အဆောင်ခန်းက ကျဉ်းပါဘိသနဲ့။

စိတ်အာရုံများ မနည်းကြီးကို စုစည်း
jalan jalan သွားချင်စိတ်များ အောင့်အည်း
ရုပ်ရှင်ကြည့်ချင်စိတ်များ ချုပ်တည်း
ဤ law စာအုပ် အထူကြီးကို မေတ္တာပို့ပုံက... ကျွန်ုပ်သည် ၄င်းအပေါ် သစ္စာရှိပါမည်၊ ၀သုန်မြေမဟီး။

ဦးနှောက်ထဲ ဥဒဟို ပြေးလွှား
တနင်္လာနေ့ စာမေးပွဲပြီး ဘာလုပ်ရမလဲ အတွေးများ
အခုလောလောဆယ် စားနေရတာက အစာကြေဆေးပြား
ဟိုသီချင်းထဲကလိုပေါ့...အောင်ပါစေ~~ ဆုတောင်းများ။

မကြာခင် ရတော့မည်က ခိုမာ.. (Coma)
မနှိပ်စက်ပါနဲ့ဟဲ့ အိတ်ဇန်းဖီဘာ... (Exam Fever)
ပါးစပ်က တတွတ်တွတ်ဆိုနေတာ က Chris Rene Rap... Life's too short, gonna live it long~~~
ခုချက်ချင်း ပြောင်းဆိုမယ်ဟေ့.. "ရဲဘော်၊ ပြန်သွားလုပ်စမ်း... စာ!"
အော်.. ရယ်..

ကြယ်ကြွေချိန်

Tuesday, April 17, 2012

နှစ်သစ်ဆုတောင်း

သင်္ကြန်လည်း ပြီးသွားပြီ
facebook newsfeed လည်း ရစရာ မရှိတော့ဘူး...
သင်္ကြန်တွင်းက မြင်မကောင်းစရာ ဓာတ်ပုံတွေနဲ့။

စာမေးပွဲတွေလည်း ဖြေလိုက်ရတာ ဖတ်ဖတ်မော
ဒါတောင် အကြီးဆုံးအလုံးကြီး ကျန်သေးတယ်
LAW...

အဲ... တကယ်တော့ ရေးချင်တာက နှစ်သစ်ဆုတောင်းပါ
ဘာတွေ ရေးမိနေမှန်းလည်း မသိဘူး
အော်... ရယ်... :P (USA Myanmar song :P)

ဒီနေ့ နှစ်ဆန်း တစ်ရက်နေ့ ဆိုတော့ အင်း... ကောင်းမှု ကုသိုလ်လေးဘာလေး လုပ်သင့်တာပေါ့
ကျနော်တော့ ခုနလေးတင် စာမေးပွဲ တစ်ခုဖြေထားတာ
လူက ကြောင်နေ ပြီ (ကြောင်ဖြစ်နေတာ မဟုတ်ဘူးနော်)
ဟော ကြည့်... ဘာတွေ ရေးနေမှန်းလည်း မသိဘူး... ကြောင်တောင်တောင်နဲ့...

ကဲပါ...
သူငယ်ချင်းများ အားလုံး စာမေးပွဲတွေ ကောင်းကောင်း ဖြေနိုင်ကြပါစေ။
ဖြေသမျှ မှန်ပါစေ။ ရတာပဲ မေးပါစေ။ ကျက်ထားတာပဲ ပါပါစေ။
ကြီးစေ၊ မာစေ၊ ရှည်စေ၊ ကြာစေ... (ဟိုက်.. ဒုတ်ကောက်ပဲ XD)(PS: အသံထွက်ဖတ်ရန်) :P
ကဲကဲ... နှစ်သစ် မှာ ပျော်ရွှင်ကြပါစေ။ =)

ကြယ်ကြွေချိန်

Saturday, April 14, 2012

Sick ah...

ခေါင်းကိုက်သည်
မျက်လုံးများစပ်သည်
အသက်ရှူထုတ်သော လေများ ပူနေသည်
လမ်းလျှောက်ရင် ကိုယ့် ခြေထောက်ကိုယ် မသယ်နိုင်
ခံတွင်းပျက်နေပေလို့ပဲ... စားသမျှ အကုန်ဝင်သည်
နှုတ်ခမ်းများ ဖြူဖပ် စုတ်ပြတ်လို့
လူကတော့ down ပေါ့...
လမ်းလျှောက်ရင် ကိုင်းကိုင်း ကိုင်းကိုင်းနဲ့
ခါတိုင်းလို မဟုတ်
စာမေးပွဲကလည်း ကျောချင်းကပ်
စာကလည်း မပြီးသေး တစ်ပုံတစ်ပင်
ခုတော့ မျက်ခွံများ လေးသည်
ထိုးအိပ်တော့မည်။

ကြယ်ကြွေချိန်

Tuesday, April 10, 2012

လတ်တလော တပ်မက်ခြင်းများ

တပ်မက်ခြင်းများ လို့ ခေါင်းစဉ် တပ်လိုက်လို့ အလွန်တရာ ရမ္မက်ကြီးရာ ရောက်သွားပါတယ်။ အဲ့လိုတော့ မဟုတ်ရပါဘူး။ အင်း... ဟုတ်ပါတယ်... တကယ်တော့ လုပ်ချင်နေတာတဲ့ အရာတချို့ပါပဲ ဟဲဟဲဟဲ... နောက်တာပါ။ မိတ်ဆွေရေ... အောက်ကစာလေး ဖတ်ပြီးတော့ ကျွန်တော် တကယ် ရမ္မက် ကြီးမကြီး ဆုံးဖြတ်ကြပါ ဟရို့။

စာမကျက်ချင်ပါ။ ကျောင်းမတက်ချင်ပါ။ (မဖြစ်နိုင်မှန်း သိသော်လည်း တောင်တွေးမြောက်တွေးပေါ့။)
အလုပ်လုပ်ချင်ပါသည်။ အောက်ခြေသိမ်းဆိုလည်း မမှုပါ။ ထမင်း မငတ်ရုံ ၀င်ငွေ ရှိလျှင် အဆင်ပြေပါသည်။

ဒီပညာတွေ မသင်ယူချင်တော့ပါ။
ဘာသာစကား အသစ်များသာ သင်ယူချင်ပါသည်။

လူထက် စိတ်က ပိုပင်ပန်းပါသည်။
သံယောဇဉ် မထားချင်ပါ။ အရာအားလုံး မေ့ဖျောက်ချင်ပါသည်။

စိတ်ရှုပ်ပါသည်။ အာရုံနောက်ပါသည်။
အနီးနားတွင် လူအများကြီး မလိုလားပါ။ မှန်ကန်သူ တစ်ယောက် ထဲသာ လိုချင်ပါသည်။

အထီးကျန်ပါသည်။ နေ့လည်စာ ညစာ များ တစ်ယောက်ထဲ မစားလိုပါ။
ဒီကျွန်းပေါ်တွင် တစ်ကိုယ်တည်း မနေလိုပါ။ အိမ်ပြန်ပြီး မိသားစုနှင့် နေလိုပါသည်။

ကဲ.. မိတ်ဆွေရေ.. ကျွန်တော်ရမ္မက်ကြီးသလားဗျာ..

ကြယ်ကြွေချိန်

Monday, April 9, 2012

ခရီးများ အဆုံးထိ လျှောက်


(Disclaimer: လေးဖြူသီချင်း မဟုတ်ပါ။)

ကျွန်တော့် ဘ၀က ခါးတယ်။
အဆိုးတွေ ကြုံခိုက် မျက်ရည်တွေတွေ ကျခဲ့ဖူးတယ်၊
ရှေ့ဆက်လှမ်းရမယ့် ခြေလှမ်းတွေ တုံ့ခဲ သွားတယ်။

အနက်ရောင် မျက်ဝန်းက အသက်မဲ့နေခဲ့လို့
ပန်းနုရောင် နှုတ်ခမ်းက လှမ်းပြီး တောင်းပန်တယ်
"လက်မလျှော့ ပါနဲ့ကွာ" တဲ့။

ကိုယ့်ကိုယ်ကို မှန်ထဲ ပြန်ကြည့်မိတယ်
နုပျိုဆဲ ငယ်ရွယ်ဆဲပဲ၊
အားခဲပြန်တယ်...
ဟာ.. ဒါလောက်လေးများ ဘာလို့ မလုပ်နိုင်ရမှာလဲ။

ကော်ဖီမသောက်တော့ပေမယ့် အိပ်မပျော်တဲ့ ညတွေ များပြီ
ညတိုင်း ရွတ်တဲ့ သြကာသ၊ ကျွန်တော့်ကို စောင့်ရှောက်မယ်လို့ အမြဲယုံကြည်နေဆဲ
ဘာဖြစ်လဲ... တုံးတိုက်တိုက် ကျားကိုက်ကိုက်
ခရီးများ အဆုံးထိ လျှောက်မယ်
မျှော်လင့်ချက်တွေတော့ မသေဆုံး စေနဲ့။


ကြယ်ကြွေချိန်

(လေးဖြူ သီချင်း တော့ မဟုတ်ပါ။
အဲ့ သီချင်းကြောင့် ဒီ post ရေးဖို့ motivation ရတာတော့ အဟုတ်ပါ။
စာဖတ်သူများ စိတ်အား တက်ကြွ လာစေရန် ရည်ရွယ်ပါတယ်။
ဒါဖတ်ပြီး ဆန့်ကျင်ဖက်ဖြစ်သွားရင်တော့ ကျွန်ုပ် စာရေး ညံ့လို့ပေါ့။)

Saturday, April 7, 2012

ဒုတ်ကောက်

ပြောပြန်တော့လည်း
စကားများတယ်တဲ့။

မပြောဘဲနှုတ်ဆိတ်နေပြန်တော့လည်း
အထာကြီးနဲ့တဲ့။

ပြောတစ်ချက် မပြောတစ်ချက် ကျပြန်တော့လည်း
ဘ၀င်တစ်ခွဲသားနဲ့တဲ့။

ကဲ.. ပြော..
ခုဘာလုပ်ရမလဲ။

ကြယ်ကြွေချိန်

Thursday, April 5, 2012

乱七八糟

让我写下 我心里的 乱七八糟。。
每线字代表一曲歌。。所有我喜欢的明星歌曲。。
如果你记得歌名的话, 可以联络给我哦。。:)
(Direct translation: Let me write down some messy things in my mind.
Every line represents a song... All are my favourite singers' songs...
If you remember the song name, leave a comment or PM me. =) )

我的天空, 今天有点灰。。
看不见你的笑, 要我怎么睡得着 。。

但你还在说 。。
亲爱的, 那不是爱情。。

我只想对你说。。
心理的雨傾盆而下。。
给我一杯忘情水。。

Just for fun :)

CHIOOOOONG!

Last presentation of the sem done!
Last class of the sem now!
Last report due next Friday!

3 final papers awaiting next next week!

LOL LOL LOL!
Time go chiooooooong!

Kyel Kywai Chain

Tuesday, March 20, 2012

တယ်...

ကြိုးစားသည်
ဖန်တရာ တေနေပြီ
ဘာကိုလဲဟ
အော်... စာကြည့်ဖို့ပါ
ဟော... အောင်မြင်သွားပြီ
စာအုပ်ဖွင့်လိုက်နိုင်ပြီ
law စာအုပ် အထူကြီး
လာပြီ... ကိုယ့်ဟာကိုယ် ရှာတဲ့ အနှောင့်အယှက်တွေ
ရုပ်ရှင်ပြီးရင် စာကြည့်မယ် ဆိုပြီး
ရုပ်ရှင်လည်း ပြီးသွားပြီ
blog ပေါ် ရောက်လိုက်
ဟိုရောက်လိုက် ဒီရောက်လိုက်
ဟိုရှုပ် ဒီရှုပ်
ဟိုစပ်စု ဒီစပ်စုနဲ့
တယ်... ငါလေ...
အတော့်ကို ကြည့်မရတော့ဘူး ကိုယ့်ကိုယ်ကို
တော်ပြီ out ပြီ
စာကြည့်ဖို့ ဟုတ်ဘူး
ရေသွားချိုးမလို့
ခေါင်းပူတယ် စိတ်ရှုပ်တယ်လေ
ခေါင်းသွားရှင်းရမယ် ဟဲဟဲ
တာ့တာ :D

ကြယ်ကြွေချိန်

Wednesday, March 14, 2012

အရင်က နေရာ

"ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ" ဆိုတဲ့ သီချင်း
နောက်တစ်ခါ ကြားရင် ပြုံးနိုင်ပါ့မလား။

ခြေသံတွေ တိုးညင်းသွားတယ်
ရင်ခုန်သံတွေ တိတ်ဆိတ်သွားတယ်
ရယ်မောသံတွေ ကွဲအက်သွားတယ်
မျက်ရည်စက်တွေကတော့ စိုစွတ်ဆဲပဲ
ဒါပေမယ့် နောက်တော့ ပြန်လှည့်မကြည့်ဘူး။

ခုချိန်ကစ တစ်ပင်ထဲ ရှင်သန်ရတော့မယ့် မြက်
အေးလေ ဘာထူးဆန်းလို့လဲ
ဟိုးအရင်ကလည်း တစ်ပင်ထဲပဲ
ခုမှ အဆန်းလုပ်လို့။

အရင်ကနေရာ ပြန်ရောက်သွားတာပါပဲ
ဒါပေမယ့်
အရင်ကလိုတော့ မဟုတ်တော့ဘူး...

ကြယ်ကြွေချိန်

Thursday, March 8, 2012

ရုပ်သေကားချပ်

(အောက်ပါ ဇာတ်လမ်း၊ ဇာတ်ကောင် အားလုံးသည် စာရေးသူ၏ စိတ်ကူး၊ ဖန်တီးမှု သက်သက်သာ ဖြစ်သည်။)

ကျွန်မ ဘ၀မှာ အဲ့လောက် ပြင်းထန်တဲ့ ခံစားမှုမျိုး တစ်ခါမှ မခံစားဖူးဘူး။ ၀မ်းနည်း ၀မ်းသာ နှစ်မျိုးလုံးကို တစ်ချိန်ထဲမှာ ခံစားလိုက်ရတာ။ အဖြစ်အပျက်တွေတိုင်းမှာ ဖြစ်ပြီဆိုကတည်းက အဲ့လိုဖြစ်အောင် လုပ်တဲ့သူ အနည်းဆုံး တစ်ယောက်တော့ ရှိတာပဲလေ။ ပြုလုပ်သူက လူ မဟုတ်ရင်တောင်မှ အရာ တစ်ခုခုပေါ့။ ခုကျွန်မ ကိစ္စက လူတစ်ယောက်ကြောင့် ဖြစ်လာတဲ့ ခံစားမှု။ အို.. သေချာပါတယ်။ အဲ့ဒီလူပါပဲ။ ကဲပါ... ဆက်ပြောရလွယ်အောင် သူ့ကို ကျွန်မတို့ "ကိုပြေ" လို့ပဲ ခေါ်ကြပါစို့။

ကိုပြေဆိုတာ ကျွန်မတို့ ရုံးက အစ်ကိုကြီး ဆိုပါတော့။ ရုံးဝန်ထမ်း စာအုပ်ထဲက မွေးသက္ကရာဇ် အရ ကျွန်မထက် ၅နှစ်တိတိ ကြီးတယ်။ အသားဖြူဖြူ ဒေါင်ကောင်းကောင်းနဲ့၊ လူတိုင်းကို ပြုံးပြုံးပြပြီး နှုတ်ဆက်တတ်တယ်။ သူ့ဘယ်ဘက်ပါးက ပါးချိုင့်နက်နက်က မိန်းကလေးတိုင်းကို ဆွဲငင်နေသလိုပဲ။ ဘယ်တော့မဆို ရှပ်အင်္ကျံ အဖြူ လက်ရှည်နဲ့ ပုဆိုးကို သပ်သပ်ရပ်ရပ် ၀တ်လေ့ရှိတယ်။ အတော်လေးတော့ ရုပ်သန့်တဲ့လူပဲ။ ကိုပြေ ဆိုတဲ့ နာမည်က ကျွန်မတို့ ၀န်ထမ်းတွေ အချင်းချင်း အတိုကောက် ခေါ်တဲ့ နာမည်ပေါ့။ ပြောမယ့်သာ ပြောရတာပါ။ သူ့အကြောင်း ကျွန်မ မသိသလို ကျွန်မအကြောင်းလည်း သူ ဂဂဏဏ မသိပါဘူး။ စကား တစ်ခွန်းတောင်မှ အပေါက်အလမ်းတည့်အောင် မပြောဖူးတာကိုး။ ဟောတော်.. ညည်းဟာက ယုံတမ်းပုံပြင်ကြီးလားအေ လို့ မေးလည်း မေးချင်စရာပဲ။ အဲ့လောက်ထိ လှမ်းတဲ့ သူစိမ်းတစ်ယောက် ပေမို့သာပဲ.. ကျွန်မ အတွေးအာရုံတွေ သူ့ကြောင့် မှင်သက်ခဲ့ဖူးတာလည်း တခဏတာလေးတင် မဟုတ်တော့ပါဘူး။

ကိုပြေက အရမ်း ဂရုစိုက်တတ်တယ်။ လူတစ်ဖက်သား ထိခိုက်နစ်နာအောင် ဘယ်တော့မှ မပြောဘူး၊ မလုပ်ဘူး။ အလုပ်မှာဆိုလည်း ကိုယ့် အထက်အရာရှိက အစ သန့်ရှင်းရေးဝန်ထမ်းက အဆုံး အမြဲအကူအညီ ပေးလေ့ရှိတယ်။ လူတစ်ယောက် ကျင်းထဲကြပ်ထဲ ရောက်နေပြီဆို ကယ်တင်ရှင်ပေါ့လေ။ ရုပ်ရှင်တွေထဲကလို စူပါဟီးရိုး၊ စူပါမန်း ပေါ့။ ရုံးမှာ သူ့ရဲ့ အကူအညီတွေကြောင့် ကျွန်မရဲ့ အလုပ်သင် ၀န်ထမ်းဘ၀က စလို့ ခု အမြဲတမ်း ၀န်ထမ်းဘ၀ထိကို ပြဿနာ ဘာတစ်ခုမှ ကြီးကြီးမားမား မရှိခဲ့ရပါဘူး။ တစ်ခါတလေ အလုပ်မှာ စိတ်က သူ့ဆီ ယိုင်ယိုင်နေတော့ တွေးမိတာပေါ့လေ.. ဟယ်တော့၊ ငါ့ကို စိတ်ဝင်စားနေလို့များ ငါ့ တစ်ယောက်ထဲ ကွက်ကူညီနေသလား ဆိုတော့လည်း မဟုတ်ဘူး။ လူတိုင်းကို ကူညီတာ။ အဲ့ဒါတွေကြောင့်ပေါ့.. သူက ကျွန်မရဲ့ တစ်ကိုယ်ကောင်း စိတ်ကို နိုင်သွားခဲ့တာ။

ကိုပြေက သူ့ကြောင့် လူတစ်ယောက်ကို ဘယ်တော့မှ သိမ်ငယ်စိတ် မရှိစေဘူး၊ ရှိနေခဲ့ရင်လည်း သူ့ကိုယ်ကို နှိမ့်ချ ဆက်ဆံခြင်းအားဖြင့် လူတစ်ဖက်သားကို အားတက်စေတယ်။ သူက စီးပွားရေး၊ စီမံခန့်ခွဲမှု ပညာတင် မကဘူး၊ စာရင်းအင်း၊ အင်ဂျင်နီယာ အတတ်က အစ ကျွမ်းကျင်တယ်။ ဒါကြောင့်လည်း ကျွန်မတို့ Assembly Department ရဲ့ ဂျာကြီး ဖြစ်နေတာပေါ့။ ရုံးထဲတင်မက၊ စက်ရုံထဲလည်း မကြာမကြာ ဆင်းစစ်ဆေးရတော့ စက်ရုံအလုပ်သမတွေက အစ ကြွေရတဲ့ လူတစ်ယောက်ပေါ့။ မိန်းကလေးတွေ မပြောပါနဲ့၊ ယောက်ျားလေး အချင်းချင်းတောင် အတော် မနာလို ဖြစ်ရမယ့် လူ။

ဒီအလုပ် စ၀င်ကတည်းက သူ့ပန်းသတင်းတွေကို ဟိုလူ့စကား ဒီလူ့စကားနဲ့ ကြားနေခဲ့တာ။ သူနဲ့ ပတ်သက်လို့ ကျွန်မ တစ်လလောက်တော့ ဘာသိဘာသာ နေလာခဲ့တာပါပဲ။ သူ့လို ရုပ်ချော၊ သဘောကောင်း၊ မနော ဖြူတဲ့ လူတစ်ယောက်ကို စိတ်ဝင်စားမိတာ သဘာဝပဲ၊ အံ့သြစရာ မရှိပါဘူးလေ.. ပေါ့။ နောက်ပိုင်းတော့ supplier တွေဆီက စာရွက်စာတမ်းတွေ စစ်ဆေးဖို့ သူ့ရုံခန်းထဲ ၀င်ဝင်နေရတော့ မျက်မှန်းတန်းမိလာတယ်။ အဲ့နောက်ပိုင်း စိတ်က ဖောက်ပြားလာတယ်။ ကျွန်မမှာ ချစ်သူ မရှိပေမယ့် သူ့မှာ ချစ်သူရှိလောက်တယ်လို့ တထစ်ချ ကောက်ချက်ချပြီး ကျွန်မဘက်က "ဖောက်ပြား" တယ်လို့ သုံးနှုန်းလိုက်တာပါ။ ကျွန်မက တစ်ပါးသူ ပိုင်ဆိုင်ပြီးသား ချစ်ချင်းမေတ္တာကို လုယူလိုစိတ် မရှိတာ အမှန်ပါ။ ဒါပေမယ့် ဒီလောက် ဘက်စုံ ပြည့်စုံနေတဲ့ လူတစ်ယောက်က မိန်းကလေးတွေ သူလိုချင်တိုင်း ရနိုင်တယ်ဆိုတာ သိနေရဲ့သားနဲ့ ကျွန်မလေ.. အဲ့မိန်းကလေးတွေထဲက တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။

အော်.. ပုံပြင်ရဲ့ အစကို ပြန်သွားပါမယ်။ ၀မ်းနည်း ၀မ်းသာ နှစ်ခုလုံး တစ်ပြိုင်တည်း ခံစားလိုက်ရတယ်ဆိုတာလေ။ အဲ့နေ့မနက် ရုံးတက်တော့ ကိုပြေက ကျွန်မစားပွဲရှေ့က ဖြတ်အသွား ကျွန်မကို စကားတစ်ခွန်း ခပ်တိုးတိုး လှမ်းပြောတယ်။ "မမြစိမ်း၊ နေ့လည် ထမင်းချိန်ကျရင် lobby မှာ ကျွန်တော့်ကို စောင့်နေပါ၊ ကျွန်တော်တို့ အတူတူ ထမင်း သွားစားကြတာပေါ့" တဲ့။ ကျွန်မလေ.. အဲ့ဒီစကား ကြားလိုက်ရပြီး ရုတ်တရက် မှင်သက်သွားမိတယ်။ အသက်ရှူ ရပ်သွားတယ် ဆိုတာမျိုးလေ။ သဲကန္တာရထဲမှာ မျှော်လင့်ချက်မဲ့စွာ လျှောက်သွားနေတဲ့ ၀ိညာဉ်ချုပ်ခါနီး လူတစ်ယောက် စိမ်းစိမ်းလန်းလန်း အိုအေစစ်ကို တွေ့လိုက်ရသလိုပေါ့။ အပျော်လွန်တာတော့ မဟုတ်ဘူး။ ထိန်းထိန်းသိမ်းသိမ်း ပဲ ပျော်တာ။ သူ့ပုံစံက လမ်းကြုံလို့ ပြောသွားတဲ့ပုံတော့ ပေါက်တယ်။ ဒါပေမယ့် ကျွန်မ ကျေနပ်မိတယ်။ ကျွန်မကို ခုတော့ သူ သတိထားမိလာပြီပေါ့လေ။ အော်.. အတွေးလွန်နေတာ။ စိတ်ကူးထဲမှာတော့ ကိုယ်က အကြံပိုင် သူဋေးကြီးပေါ့လေ။

ကျွန်မ တစ်မနက်လုံး စိတ်ဖြောင့်ဖြောင့် အလုပ်မလုပ်နိုင်ခဲ့ဘူး။ သူ့ရုံးခန်းဘက်ကိုပဲ အခွင့်ရရင် ရသလို ကြည့်နေမိတယ်။ လိုက်ကာတွေနဲ့မို့ ဘာမှ မမြင်ရပေမယ့် ကိုပြေကို သူ့စားပွဲမှာ ဖိုင်တွေနဲ့ ရှုပ်နေမယ့် ပုံကို စိတ်ကူး ပုံဖော်မိတယ်။ ဒီအကြောင်း နွေးနွေးတို့ကိုတောင် မပြောပြတော့ဘူး။ သူတို့တွေကလည်း ကိုပြေ့ကို ကြိတ်ခိုက်နေကြတာလေ၊ ကျွန်မ ပြောပြလိုက်လို့ သူတို့ စိတ်ထဲ ထင့်သွားမှ စိတ်ဆိုးနေကြဦးမယ်။ အချိန်တွေကလည်း ကြာလိုက်တာ၊ ၁၂ နာရီ ကလည်း မထိုးနိုင်တော့ဘူး။

၁၂နာရီ အတိ ကျွန်မ lobby ထဲ ဆင်းလာခဲ့တယ်။ အိုး.. ရုံးထဲက လူတွေ အားလုံး လိုလိုပါပဲလား။ ကျွန်မ မနု ကို အားလုံး ဘာထိုင်လုပ်နေကြတာလဲ လို့ ကပ်မေးတော့ ဂျာကြီး (ကိုပြေ) က ရုံးကလူတွေအားလုံးနဲ့ တူတူ နေ့လည်စာ စားဖို့ ခေါ်ထားလို့ပါတဲ့။ ပြီးတော့ ကိုပြေက ဌာန ပြောင်းရတော့မှာကြောင့် ကိုပြေ့ ဇနီး ကို ဒီမှာမန်နေဂျာ အသစ်ခန့်ဖို့ အတွက် အားလုံးနဲ့ မိတ်ဆက်ပေးဖို့ လူစုခိုင်းတဲ့ သဘောပါတဲ့။

"ဘာ! ကိုပြေ့ ဇနီး.. ဟုတ်လား!" ကျွန်မ ရုတ်တရက် လွှတ်အော်လိုက်မိတယ်။ ဘေးက လူတွေက စကားတွေ ခပ်အုပ်အုပ် ပြောနေကြလို့ သတိမထား မိကြပါဘူး။ ကျွန်မ နားထဲ အူနေတယ်။ မနု ပြောတာတွေက အဟုတ်လား။ ၂မိနစ်လောက် ငြိမ်ကျသွားတယ်။ ကျွန်မကို ပြန်လည် လှုပ်နှိုးသူက ကိုပြေ့ရဲ့ အသံငြိမ်ငြိမ်ပေါ့ "ကဲ ကဲ.. အားလုံး စောင့်နေရတာလည်း ကြာသွားပြီ၊ ဒီမှာလေ.. ကျွန်တော့် မဒမ်ပေါ့၊ သူ ကြာနေတာ"။ အဲ့ဒီနောက် အားလုံးကို ရုံးနားက စားသောက်ဆိုင်မှာ ကိုပြေတို့ ဇနီးမောင်နှံ နေ့လည်စာ လိုက်ကျွေးပါတယ်။

ကျွန်မ စားမ၀င်ဘူး။ လည်ချောင်းထဲ အလုံးကြီး တစ်လုံး ဆို့နေသလိုပဲ။ အတော်ကြီးတဲ့ အလုံး။ သာမန် အလုံးလည်း မဟုတ်ဘူး။ ခပ်ကြီးကြီး ရေခဲတုံး လိုပေါ့။ ဒီတိုင်းထားရင် အကောင်း။ ကိုက်စားဖို့ ကြိုးစားတော့မှ ကိုက်မရမှန်း သိတယ်။ အေးစက်ပြီး မာတောင့်နေတာကိုး။ ပါးစောင်ထဲ တင်းထည့်ထားရလည်း အခက်။ ပြန်ထွေးထုတ်ဖို့ကလည်း မသင့်တော်။ အို... တစ်ယောက်ထဲ စိတ်ထဲမှာ လွန်ဆွဲနေတာ။ လွှတ်ချလိုက်ရမလား... ဆုပ်ကိုင်ထားရမလား... လွှတ်ချလိုက်ရင် ကွဲသွားမယ်... ခေါင်းမာမာနဲ့ ဇွတ်ဆုပ်ကိုင်ထားရင် ပင်ပန်းမယ်...

ရုံးဆင်းချိန်ထိ မြင်လေသမျှ အားလုံး ရုပ်သေပဲ။ ဘတ်စ်ကား မှတ်တိုင်က လူတွေကလည်း မလှုပ်မယှက်နဲ့၊ ခါတိုင်းလို စကားပြောမနေကြဘူး။ အမှိုက်ကောက်တဲ့ ကလေးလည်း ခါတိုင်းလို အမှိုက်ပုံတွေ လိုက်နှိုက်ရှာမနေဘူး။ ဆိုက်ကားနင်းတဲ့ ဦးလေးကြီးလည်း ကျောက်ရုပ်ကြီးလိုပဲ။ ဓာတုဗေဒ ဘာသာရပ်မှာဆို physical change (မူလအခြေအနေ ပြန်ပြောင်းနိုင်တဲ့ change) နဲ့ chemical change (မူလ အခြေအနေ ပြန်မရောက်နိုင်တော့တဲ့ change) ဆိုပြီး ရှိတယ်။ ကျွန်မရဲ့ ရုပ်သေ ကားချပ်ကတော့ physical လား chemical လား ဝေခွဲ မရတော့ပါဘူးလေ...

ကြယ်ကြွေချိန်

Sunday, February 26, 2012

အကြံပေးစာ ထည့်ရန်

စာရေးချင်သည်
သို့ပေမင့် အတွေးမျှင်များ ပြတ်တောက်နေသည်
ချောင်နေသော ပလပ်ခေါင်း ကဲ့သို့ပင်။

ရေးစရာ တပုံတပင်ရှိသော်ငြား
စတင်ရန် စကားလုံး အချို့ ရှာမရသေး။
အကြံပေးကြပါအုန်း
ဘာအကြောင်း စရေးရ ကောင်းမလဲ။

ကြယ်ကြွေချိန်

Thursday, February 23, 2012

ဆု

မညည်းမညူ အလိုလိုက်သူ
အနွံတာခံသူ
ကျွန်မ အအော်ငေါက်ခံသူ
ထိုသူသည်
ကျွန်မ၏ ဘ၀ အစိတ်အပိုင်း တစ်ခု ထက် ပိုပါစေ။

ကြယ်ကြွေချိန်

(ဂျူး၏ ၀တ္ထုများ အတွေးထဲ လွှမ်းမိုးနေသဖြင့် ကျွန်ုပ်၏ကိုယ်ပိုင် စကားလုံးများ ရေးချမိကြောင်းသာ)

Tuesday, February 21, 2012

I shine with my rays

You name me whimsical,
Yes, I thrive for excitement.

You name me Miss Independent,
Yes, I am proud of the discretion.

You name me flawed,
So what, I shine with my own rays...


Kyel Kywai Chain

Sunday, February 12, 2012

ယိုင်

Hey!! U must have this!... This is your event, come on, just one shot, cheers!
ဟိုတရုတ်မ၊ ကျုပ်ကို ဆွဲပြီး အတင်းတိုက်သည်။
လူမှုရေးအရ လက်ခံလိုက်သည် (သောက်ချင်လို့ မဟုတ်ဟု ဖာထေးမည်)။
ဒီလောက်ကတော့ ဘာမှ မဖြစ်ပါဘူး၊ ပါးပါးလေးပါ။

ဟော၊ နောက် အစ်ကိုကြီးတစ်ယောက်...
မင်းတို့ကို ဒီနေ့ မူးအောင် မတိုက်နိုင်ရင် ငါ အိမ်ပြန်မလွှတ်ဘူးကွ။
အိုကေပါ.. မမူးပါဘူးဗျာ၊ ရပါတယ်.. မော့ပြီနော်။

one shot တွေ အားလုံး ပေါင်းပြီး 4, 5 shot လောက် ဖြစ်သွားတဲ့ အချိန်
music နဲ့ အလိုလို ခုန်ချင်စိတ်တွေ ပေါက်လာသည်။
ကောင်မလေး RS တစ်ယောက်က လက်လာဆွဲပြီး ခုန်တော့သည်။
ခုန်နေတုန်း မမ တစ်ယောက်က လာချီပြီး အသားကုန်လှည့်သည်၊ အပတ်ပေါင်းများစွာ။
ဟဲ့၊ ငါ့ခေါင်းပေါ်က ဆံညှပ် ဘယ်ကျပျောက်သွားပြီလဲ.. ဘေးကလူကို ဆွဲမေးသည်။
သူ့ကို ထိန်းထားနော်.. ဘေးက အစ်မတစ်ယောက် လှမ်းအော်နေသည်။
ဒါဘယ်နှစ်ချောင်းလဲ.. ဆိုပြီး ဟိုလူကြီး လက်ကြီး ၂ချောင်းထောင်ပြကာ လာမေးသည်။ ၂ချောင်းပေါ့ဟဲ့.. ဒါလေးတောင် မသိဘူး။
ရီဝေေ၀ အဆင့်ကို ကျော်ပြီး ယိုင်တိုင်တိုင် အဆင့် ဖြစ်လာသည်။
ချားစီးသလိုပေါ့လေ။

စိတ်ထဲ ပျော်သည်။ နတ်ပြည်ရောက် နေသလိုပဲ။
လမ်းလျှောက်ရတာ ပေါ့ပါးနေသည်။ ဖိနပ်နဲ့ မြေကြီး မထိဘူး။ ဈာန်ရနေသလိုပဲ။
တွေ့သမျှ ကိုယ်နဲ့သိသော လူတိုင်းကို ပြုံးပြပြီး နှုတ်ဆက်သည်။ ငါက သဘောကောင်းတယ်နော် ဟဲဟဲ။
ကားလမ်းကူးတုန်း ကားတိုက်မသေတာ ကံကောင်းသည်။ နောက်က လိုက်ဆွဲထိန်းပေးနေတဲ့ သူ ရှိလို့။
ဓာတ်တိုင်က ကျုပ် အချစ်ဆုံး သူငယ်ချင်းပဲ။
ဟဲ့၊ ငါ့ကို လိုက်မဆွဲနဲ့၊ ငါ့ဟာငါ လျှောက်နိုင်တယ်.. တဲ့။ တည့်တည့်တောင် မလျှောက်နိုင်တဲ့လူကများ။
သိတယ်မှတ်လား၊ အရက်သမား သိက္ခာ ဆိုတာ ရှိသေးတယ်လေ။
ဖုန်း ဘယ်မှာလဲ.. ဖုန်း.. အော်၊ မပျောက်သေးပါဘူးဟ၊ လွယ်အိတ်ထဲမှာ။

စကားမပြောချင်ပါဘူး။ ဒါပေမယ့် နှုတ်ခမ်းမှ တရစပ် စကားလုံးတွေ ပွင့်အံကျနေသည်။
လေသံက တိုးသွားလိုက်၊ ကျယ်လာလိုက်။
မာမားရေ ပါပါးရေ၊ သမီးဆီ လာခဲ့ပါ.. ဆိုပြီး လျှောက်အော်နေသည်။ မျက်ရည်တွေ ကျနေသည်။ ငိုနေသည်။
နင်ငါ့ကို မထားခဲ့နဲ့နော်.. ဆိုပြီး ပွစိပွစိ လျှောက်ပြောနေပြန်သည်။
ဟော.. ခုပဲ ငိုပြီး ခုပဲ ရယ်နေပြန်ပြီ။
ဒီကလေးမ.. အတော်ခက်တာပဲ။

ကြယ်ကြွေချိန်

Friday, February 10, 2012

Angel

ယခုနေ့ရက်များ အနည်းငယ် မှောင်မိုက်နေသည်။
လုပ်စရာတွေ အများကြီး ရှိလင့်ကစား အခွင့်မသာ။
စိတ်သွားတိုင်း ကိုယ်မပါ။
ဗိုက်ထဲက တကြုတ်ကြုတ်နဲ့ နာနေသည်။
အစာအိမ် တစ်ခုလုံး ထုတ်ပစ်လိုက်ရ သက်သာမည်။
ကံတရားက ကျုပ်ဘက်မှာ မရှိဟု ထင်သည်။
ကျုပ် Angel လေး ကမ္ဘာတစ်ဝန်း တောင်ပံဖြန့်ကာ ခရီးနှင် နေပုံ ရသည်။
ကျုပ်နားမှာ လောလောဆယ် မရှိ။
အေးပေါ့လေ...
ကျုပ် တစ်ယောက်ထဲ အပိုင်စီးထားလို့မှ မရတာဘဲ။
Angel မရှိသေးသော ကလေးပေါင်း မြောက်မြားစွာကိုလည်း သူမ သွားစောင့်ရှောက် ပေးရဦးမည်။
ကျုပ် လောဘ မကြီးပါ။
Angel ပြန်လာမည့် အချိန်ကို ဒီဘက်ကမ်းကပဲ စိတ်ရှည်ရှည်နှင့် စောင့်ပါမည်။

ကြယ်ကြွေချိန်

Tuesday, February 7, 2012

လော...

လော.. လော.. လော..

အတန်းချိန်က ၈နာရီခွဲ
အိပ်ရာနိုးချိန်က ၈နာရီ
အုန်းအုန်းဒိုင်းဒိုင်းနဲ့ အိပ်ရာပေါ်က ဆင်းပြေး
မှီရာလှမ်းကောက်ဆွဲပြီး ကျောင်းသို့ ခပ်ငြိမ့်ငြိမ့် ချီတက်ရပါရောလား။

ကျောင်းရောက်တော့ ၂မိနစ်တောင် စောနေသေး အဟေ့ဟေ့ :D

ဆရာမက ခါတိုင်းလို တက်တက်ကြွကြွပဲ
speaking speed က တစ်မိနစ်ကို အလုံး ၂၀၀၀ လောက် အေးဆေး ပြောနိုင်တယ်
သူပြောတာ လိုက်နားထောင်ရင်း ကိုယ်လည်း ဘယ် chapter ရောက်နေမှန်းတောင် မသိတော့ဘူး။

ရှေ့လိုင်းက အမြဲအတူထိုင်တဲ့ ၀ကစ်ကစ် ကျောင်းသူလေး နှစ်ယောက်
တစ်ယောက်က တရုတ်၊ တစ်ယောက်က ကုလား
ခါတိုင်းလိုပဲ တက်တက်ကြွကြွ လက်တွေထောင်၊ ဆရာမ မေးသမျှ ဒိုင်ခံဖြေ
ဟယ်တော်.. သိလည်း သိလှပါပေ့တော်
စာမရတဲ့ ဒို့များတော့ blog ပေါ်ရောက်လို့ပေါ့။

ရှေ့ခုံက ရှပ်အင်္ကျီ ပန်းရောင် လက်ရှည်နဲ့ ကိုယ်တော်မောင်
နောက်တစ်လှည့်လှည့်ကြည့်နဲ့.. ငါးမျှားချိတ်မှာ မိနေတဲ့ ငါးမကြီး သူ့ငါးကလေးတွေကို မထားရစ်နိုင်တဲ့ အကြည့်မျိုးနဲ့
ဘာများလဲလို့.. အော်၊ လက်စသတ်တော့ ကျုပ်ရဲ့ iphone charger ငှားဖို့ ချောင်းနေတာကိုး
ပြောပါတော့လား၊ ကိုကိုရယ် ပွင့်ပွင့်လင်းလင်း..
ခုများတော့ ထိုးခဲ့ရပြီ.. မျက်စောင်းတွေ။ လွန်ကုန်ပြီတော်ရေ့။ XD

မျက်နှာချင်းဆိုင်ခုံ ဟိုဘက်ခြမ်းက ကျောင်းသူ
eye-liner တွေ ဆိုးထားတာ တစ်လက်မလောက် ထူမယ်
ကျုပ်ဖြင့် အဝေးကကြည့်တော့ သူ့မျက်လုံး မမြင်ရဘူး၊ အမည်းရောင် အကွက်လိုက်ကြီးပဲ မြင်ရတယ်။

အမြဲနောက်ကျတတ်တဲ့ ဟိုးထောင့်ဆုံးခုံက ကျောင်းသား
ခါတိုင်းလိုပဲ တာဝန်ကျေကျေနဲ့ မိနစ် ၂၀ နောက်ကျ
အမောတကော ကြောင်တောင်တောင် ရုပ်ကလေးနဲ့ ၀င်လာတော့
ဆရာမကလည်း ခါတိုင်းလိုပဲ My Dear လို့ နှုတ်ဆက်ပါရဲ့။

ဘေးကထိုင်တဲ့ တစ်ဦးတည်းသော မိတ်ဆွေ
ကိုယ်လည်း group-mate အဖြစ် တာဝန်ကျေကျေနဲ့
project အကြောင်း လာမယ့် hostel prom အကြောင်း ဆွေးနွေးမိပြန်ရော။

ဒီနေ့များတော့ Physical presence အတန်းထဲမှာ ရှိသော်ငြား
Mental presence ကတော့ အခြား ၃၊၄ နေရာလောက်မှာ ရောက်နေလေရဲ့။
ထူးဆန်းတာ အတန်းတ၀က်လောက်က အဲ့လိုတွေဖြစ်လို့
ဆရာမလည်း goat-airing (စိတ်တွေလေ)
ကိုယ်လည်း နောက်၂မိနစ်နေ အတန်းဆင်းရင် canteen မှာ ဘာသွားစားရမယ်ဆိုတာ
စိတ်ကူးပုံဖော်မိပြန်ကော။

ချစ်ဖို့ ကောင်းလိုက်တဲ့ Law :D

(အတန်းမဆင်းမီ ၁၀မိနစ် အလို အာရုံများ လုံးဝ မစုစည်းနိုင်တော့၍ ယခုကဲ့သို့ blog ပေါ် လုံးလုံး ရောက်လာပါသည်။)

ကြယ်ကြွေချိန်

Saturday, February 4, 2012

ဘာဘာညာညာ

ကျနော် ပျင်းသည် (အလွန်)။ ရေခဲရော သောက်တောင် ပျင်းသေးသည်။ စာဖတ်ဖို့တော့ ဝေးစွ။ သို့နှင့် ဖတ်နေကျ blog များမှ အောက်ပါ list အရှည်ကြီးကို ကူးယူပြီး စိတ်ရှည်လက်ရှည် ထိုင်ရေးမိပါသည်။ မျက်စိနောက်က၊ စိတ်မရှည်က ခွင့်လွှတ်တော်မူကြပါကုန်။

WHAT WAS YOUR:

1. last beverage = ခပ်ပျစ်ပျစ် ရေခဲစိမ် လက်ဖက်ရည်။

2. last phone call = ညနေတုန်းက wake-up call

3. last text message = RS team-mate ကို ပို့သော thank-you message :)

4. last song you listened to = Jay Chou's 安静

5. last time you cried = ကြာလှပြီ။

HAVE YOU EVER:

6. dated someone twice = ဟောဗျာ ဒုတ်ကောက်.. အဲ့လို စိတ်မပြတ်မသားကြီးတော့ မရှိပါဗျာ..

7. been cheated on = ဘာနဲ့ ပတ်သက်ပြီး မေးတာလဲတော့ မသိ.. အထက်တန်းတုန်းကတော့ ရှိဖူးတယ်

8. kissed someone & regretted it = အိမ်ဘေးက အမွှေးရှည် ကြောင်ကလေး.. အမွေးတွေ နှာခေါင်းထဲ ၀င်လို့ :D

9. lost someone special = ချစ်ရသော အဘွားကို သတိရမိပြီ..

10.been depressed = မနေ့ကလေးတင်

11.been drunk and threw up = ဘယ်လောက် သောက်သောက် တစ်ခါမှ မမူးဖူးပါ။ ထို့ကြောင့် အန်ဖတ်လည်း မဆို့ဖူးပါ။

LIST THREE FAVORITE COLORS:

12. အဖြူ

13. အနက်

14. ခရမ်း

DURING LAST YEAR (2011), HAVE YOU:

15. Made a new friend = အဆောင်မှာ သူငယ်ချင်း အသစ်တွေတော့ အများကြီးပဲ.. ဒါပေမယ့် anti-social တုန်းပဲ..

16. Fallen out of love = မသေချာပါ

17. Laughed until you cried = ရှိပါ့ :'D

18. Met someone who changed you = အင်း.. ရှိလောက်တယ်

19. Found out who your true friends were = သူတို့ သူတို့တွေပေါ့ :)

20. Found out someone was talking about you = ရှိပါ့.. အတန်းထဲ၊ meeting ထဲမှာ ကျွန်တော့်အကြောင်း တရုတ်လို မေးမြန်းနေတာ.. နားမလည်ဘူး ထင်လို့ကိုး ဟတ်ဟတ် :P

21. Kissed anyone on your FB friend's list = ကောင်မလေး ဆိုရင်တော့ ဟတ်ဟတ် :D

GENERAL:

22. How many people on your FB friends list do you know in real life = တ၀က်လောက်တော့ ရှိမယ်

23. Do you have any pets = ချစ်စရာ သတ္တ၀ါလေး နှစ်ကောင် (ရန်ကုန် အိမ်မှာပေါ့ T_T )

24. Do you want to change your name = ဗေဒင်ဆရာကတော့ ပြောင်းပြန်ရှေ့နောက် ပြောင်းခိုင်းတယ်.. ကံဇာတာ တက်အောင်လို့တဲ့ :D

25. What did you do for your last birthday = စင်္ကာပူ ပတ်နေတယ် (ရီရတယ်.. ကျွန်းသေးသေးလေး တစ်ပတ် :D).. အလုပ်ချိန်မို့လို့ ကျောင်းပေါင်းစုံ စာကြည့်တိုက် ပေါင်းစုံ ရောက်နေတာ

26. What time did you wake up today = ၈နာရီ.. စနေနေ့ကြီးကို make-up class အစောကြီးသွားရတယ်.. make-up ခေါ်မယ်ဆိုလည်း ဘာလို့ CNY ဆိုပြီး ကျောင်းပိတ်သေးလဲ.. ဟွန်း!

27. What were you doing at midnight last night = စာဖတ်စရာ အများကြီး ရှိတယ်.. တကယ်တော့ Youtube မှာ သီချင်းရှာ အလုပ်ရှုပ်နေတာ ဟီးဟီး

28. Name something you CANNOT wait for = SUMMER!

29. Last time you saw your Mother = လူကတော့ June 2011 တုန်းက, ဓာတ်ပုံကတော့ last month on FB.. အသံကတော့ ခုနလေးတင် ဖုန်းထဲမှာ.. :D

30. What is one thing you wish you could change about your life = ယောက်ျားလေး ဖြစ်ချင်တယ်.. ဟဲဟဲ နောက်တာ :D

31. What are you listening to right now = ၀ိုင်းစုခိုင်သိန်း playlist ထဲက အချစ်ရိပ်ညနေ သီချင်း

32. Have you ever talked to a person named Tom? = ငယ်ငယ်တုန်းက Tom & Jerry ကြည့်တုန်းကတော့ TV အပြင်ကနေ ကြောင်ကြီး Tom ကို လှမ်းလှမ်း အော်ဖူးတယ် ဟီး

33. What's getting on your nerves right now = အို.. အရာခပ်သိမ်း မေတ္တာစိတ်နဲ့ ကြည့်ပါတယ်ကွယ် :P (လေလုံး ကြီးသွားပြီ.. လွင့်ကုန်ကြပြီလား.. heehee)

34. Most visited webpage = www.facebook.com နဲ့ www.kyelkywaichain.blogspot.com :D

35. Favorite place to go = အမိ မြန်မာပြည် (တောင်ပိုင်းက ကမ်းခြေတွေ ကိုကြိုက်သည်)

36. Nickname = အများကြီးပဲဗျ.. မချို လို့ပဲ ထားလိုက်ပါတော့လေ.. ဘိုင်စကုပ်ထဲက မချို၊ သီချင်းတွေ ဆိုတဲ့ မချို.. ပေါ့လေ.. ဟတ်ဟတ်ဟတ်

37. (Question deleted :D)

38. Zodiac sign = လူတစ်ပိုင်း မြင်းတစ်ပိုင်းနဲ့ အကောင်ကြီး မိုးပေါ် မြှားထောင်ပစ်နေတယ်

39. He or She = အများကြီး ဖြစ်နိုင်ပါတယ်.. ဟယ် ဘာတွေ ပြောနေမှန်း မသိဘူး၊ *S* ဆန်း ကြီးတော်.. :P

40. Elementary = လူတကာ အနိုင်လိုက်ကျင့်တတ်တဲ့၊ ခင်မင်သူတွေတောင် မျက်မုန်းကျိုးရတဲ့ ကျွန်တော်ပါဗျား။

41. High School = ပျော်ခဲ့၊ ရင်ခုန်ခဲ့ရတဲ့ အချိန်ပေါ့ (အမယ်.. လာလိုက်ချည်သေး.. အဟတ်ဟတ်..)

42. College = ရန်ကုန် ဆေးတက္ကသိုလ်က ပျော်စရာကောင်းတယ်.. ဒီက တက္ကသိုလ်ကတော့ စိတ်ဖိစီးမှု များတယ်.. လောလောဆယ်ပေါ့လေ..

43. Hair color = မွေးရာပါ နဂိုအရောင် - အညိုရင့်။ လက်ရှိ အရောင် - အညိုဖျော့။

44. Long or short = ဆံပင်ကို မေးတာလားဗျ :D

45. Eye color = မှန်ထဲ သွားပြူးကြည့်လိုက်ဦးမယ် ဟီး

46. Height = ဒီက မိန်းကလေး အများစုထက် တော့ မဆိုစလောက်လေး ရှည်တယ် ပြောရမယ် (ဘာရယ် မဟုတ်ဘူး.. အမှတ်ယူကြည့်တာ.. ဟဲဟဲ)

47. Do you have a crush on someone? = ရှိပါ့.. အထက်တန်းတုန်းက

48. What do you like about yourself? = စိတ်ကူးပေါက်ရာ လျှောက်လုပ်တတ်သော၊ ပျော်ပျော် နေတတ်သော စရိုက်။

49. Piercings = နားပေါက် တောင် မရှိပါ (မိန်းမ ဆန်လိုက်ပုံများ.. ငါနော်) ဟိုတလောကတော့ resident တစ်ယောက်က ခင်လို့ ဆိုပြီး ကျုပ်အတွက် India က နားကပ်လေးတွေ လက်ဆောင်လာပေးတယ်၊ နားပေါက် မရှိမှန်း မသိဘဲနဲ့ XD အဲ့နားကပ်လေးတွေ ၀တ်ချင်လို့ နားသွားဖောက်လိုက်ရ ကောင်းမလား မသိ။

50. Tattoos = စိတ်ကူး မရှိပေမယ့် လိုချင်ပါသည်

51. Righty or lefty = ဘယ်လက်ရုံး ညာလက်ရုံး ရှိလား မေးတာလားဟင်.. နောက်တာ.. ညာသန်ပါဗျား

FIRSTS :

52. First surgery = မရှိပါ

53. First piercing = နားပေါက်တောင် မရှိပါဘူးဆိုမှ.. ငါနော်.. ဟွင်းဟွင်း

54. First best friend = အဖွားအိမ်က ကြောင်မကြီး

55. First sport you joined = ရေကူး။ ပထမဆုံး ရေထဲ စဆင်းတဲ့ နေ့မှာပဲ ရေနစ် ပြီး သေမလို ဖြစ်ပါတယ်။ သတ္တိအရှိလွန်သွားတာ။ ကံသီပေလို့ ကံသီပေလို့။

56. First vacation = ၃နှစ် အရွယ် လောက်တုန်းက သာယာဝတီ၊ သုံးဆယ် ဘက်။

57. First pair of Sneakers = ဒီမှာ.. ကျွန်မက lady shoes ပဲ စီးတယ်ရှင့်.. ဟဲဟဲဟဲ :P

58. First Crush = 言承旭 ရဲ့ သီချင်းတစ်ပုဒ် နားထောင်တိုင်း မျက်ရည်ကျအောင် လုပ်ခဲ့သောသူ။

59. First girlfriend/boyfriend = သိချင် လာမေး။

RIGHT NOW:

60. Eating = ဘာမှ ထပ်မစားနိုင်တော့ဘူး။ ကုလားစာ စား ကောင်းလွန်းလို့ တစ်ဗွေထဲ ထိုင်ဆွဲပလိုက်တာ :D

61. Drinking = H20 :P

62. Listening to = အပေါ်မှာ ပြောပြီးပြီ

63. Waiting for = စောင့်ရတာ ပင်ပန်းတယ်။ မစောင့်ဘူး ဒါပဲ။

YOUR FUTURE :

64. Want kids? = ကလေး တွေဆို အမြင်ကတ်တာ များလွန်းလို့ မစဉ်းစားရဲဘူး။ တော်ကြာ ဟင်းအိုးထဲထည့် ချက်စားမိလိုက်မှ ဒုတ်ကောက် ဖြစ်ကုန်မယ်။ :D

65. Get Married? = တစ်ယောက်ထဲ နေရတဲ့ ဘ၀က ပိုပြီး အချုပ်အနှောင် ကင်းမယ်၊ အပူအပင် ကင်းမယ်။

66. Career? = ဖြစ်ချင်တာက စာရေးဆရာ၊ ကြိုးစားနေမိတာက စီးပွားရေး ပညာရှင်၊ ဖြစ်စေချင်ကြတာက ဆရာဝန်၊ ခု ဖြစ်နေတာက kay-po တစ်ဖြစ်လဲ blogger :D

WHAT IS YOUR STAND:

67. Lips or eyes = မျက်လုံးဆိုတာ စိတ်ရဲ့ တံခါးပေါက်ပါ။ အဲ့ဒီ တံခါးပေါက်ကို ပိတ်ပစ်တာကတော့ နှုတ်ခမ်း အစုံပေါ့။ (အလဲ့ :P)

68. Hugs or kisses = ငါ ပင်ပန်းနေချိန်မှာ ဖက်ထားပေးပါ။ ငါဟာ နင့်အတွက်ဆိုတာ သေချာတဲ့တစ်နေ့ ငါ့နဖူးပေါ်မှာ ခပ်ဖွဖွ အနမ်းလေး ပေးပါ။ (အလဲ့လဲ့ :P)

69. Shorter or taller = လူတစ်ကိုယ် အကြိုက်တစ်မျိုး။ ကျွန်တော်ကတော့ အရပ်မြင့်တာကို ကြိုက်တယ်။

70. Older or Younger = ကျွန်တော့်ထက် အသက်ပိုကြီးပြီး ဥာဏ်ရည်အရ သာလွန်တဲ့သူ၊ အားကိုးရမယ့် သူကို လိုချင်တယ်။ ကိုယ်တိုင် ဖြစ်ချင်တာကတော့ စိတ်ပျို ကိုယ်နု ပေါ့လေ။

71. Romantic or spontaneous = Romannnnnnnnntik!

72. Nice stomach or nice arms = ဟဲဟဲ ၂ ခုလုံး လိုချင်တယ်ဆို ဈေးဆစ်ရာများ ရောက်နေမလား..

73. Sensitive or loud = ကိုယ်ကတော့ sensitive ထဲမှာ ပါတယ်။ loud တော့ မဟုတ်တာ သေချာတယ်။ reserved တယ်လို့ ပြောရမယ် ထင်တယ်။

74. Hook-up or relationship = သိချင်လာမေး ဒါပဲ! XD

75. Trouble maker or hesitant = none :)

HAVE YOU EVER :

76. Kissed a stranger = ဘာပြောတယ်.. XD

77. Drank hard liquor = လူမှုရေးအရ နည်းနည်းပါးပါး ပါဗျာ :D

78. Lost glasses/contacts = မျက်မှန် နဲ့ ပတ်သက်လို့ အလွန် စည်းကမ်းကြီးတယ်။ မျက်မှန် မျက်ကပ်မှန်တွေ သာ အများကြီး ရှိမယ်၊ ပျောက်တော့ ဘယ်တော့မှ မပျောက်ဘူး။

79. Sex on first date = ဘာပြောလိုက်ဒယ်?!?!?!?

80. Broke someone's heart = အဲ့လိုကြီးတော့ မရက်စက်တတ်ပါ။

81. Had your own heart broken = ဟိုးတုန်းကတော့ အရူးလိုလို အပေါလိုလိုပေါ့။ တကယ်တော့ တစ်ခါမှ အသည်း မကွဲဖူးပါဘူး။ ခွဲလည်း မခွဲဖူးပေါင်တော် :D

82. Been arrested = ဆရာမ ကြိမ်လုံးစာ တော့ မိဖူးတယ်။ ပလက်တီနမ် လက်ကောက်ကို မေးတာဆိုရင်တော့ ရာဇ၀တ်သား မဟုတ်ရပါဗျား။

83. Turned someone down = :(

84. Cried when someone died = :"(

85. Fallen for a friend = မိန်းကလေး သူငယ်ချင်း ဆိုရင်တော့ တစ်မျိုးပေါ့။ :D

DO YOU BELIEVE IN:

86. Yourself = အကောင်းဆုံး မဟုတ်သည့်တိုင် မဆိုးဘူးလို့ ထင်တာပဲ။ ရောင့်ရဲတတ်စိတ်က ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်စေတယ်။

87. Miracles = ကိုယ်တွေ့။

88. Love at first sight = မယုံဘူး။

89. Heaven = ကောင်းကင်မှာ စိတ်လိုလက်ရ ပျံသန်းနေတဲ့ ငှက်ငယ်တော့ ဖြစ်ချင်တယ်။ ဘာမှလည်း မဆိုင်ဘူးနော် :D

90. Santa Claus = Christian မဟုတ်၍ ဤအစွဲ မရှိပါ။

91. Kiss on the first date = ဒါတော့ မလုပ်ဖူးဘူးဗျ :D

92. Aliens= ညတုန်းကတော့ အိပ်မက်ထဲမှာ တွေ့လိုက်သလိုပဲ :D

blog မှာ စာရေးရတာ ၀ါသနာပါလို့ စိတ်ရှည်ရှည်ထား ရေးမိတာပါ။ စိတ်ဝင်စားရင်၊ စိတ်ကူးပေါက်ရင်လည်း ဒီက ကူးယူပြီး ရေးနိုင်တယ်နော်။ ကျွန်တော့်ကိုတော့ share ဗျ နော်။ ကျွန်တော့်လို အပျင်းထူပြီး အချိန်ဖြုန်းချင်ရင်ပေါ့။ ကောင်းသောနေ့လေး ဖြစ်ပါစေဗျား။ :)

ကြယ်ကြွေချိန်

Friday, February 3, 2012

3 February 2012

ဒီဘက်စွန်း

ဒီမနက်က ကျောင်းသူလေး တစ်ယောက်နဲ့ ကျွန်တော် consultation ရှိခဲ့တယ်။ Prof ဆိုတော့ ကျွန်တော့်မှာ ကိုယ့်ကျောင်းသူ ကျောင်းသားတွေရဲ့ academic details ကို access ရှိတယ်လေ။ သူမရဲ့ performance တွေက အတော် အားနည်းနေတာ တွေ့ရတယ်။ major ဘာသာတွေနဲ့ ပတ်သက်လို့ အမှတ်တွေက အားရစရာ မရှိဘူး။

သူ ရောက်လာတော့ ကျွန်တော်က ပွင့်ပွင့်လင်းလင်း စကားစပေးရတယ်။ ဘာ Problem တွေ ရှိသလဲ၊ ဘာလို့ စာဘက်မှာ အားနည်းနေတာလို့ ထင်လဲ၊ ဘာညာပေါ့။ တကယ်တော့ သူ့ details ကို ကျွန်တော် သိပြီးသားပါ။ ကျွန်တော့်ဘက်က သူ့ကို အားမလို အားမရ ဖြစ်နေသလောက် သူကတော့ ခပ် အေးအေး ဆေးဆေး သမား၊ စကားပြောရင် ပြုံးပြုံးပြုံးပြုံးနဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ "ဟဲ့၊ နင် စာကို လိုချင်စိတ်မရှိဘူးလား။ နင် ဒီလောက်တောင်မှအဖြစ်မရှိဘူးလား" လို့ အော်မေးလိုက်မိတယ်။ သူကတော့ လေသံ ခပ်ငြိမ်ငြိမ် တိုးတိုးနဲ့ပဲ သူ့ အခက်အခဲ တွေ၊ သူ့ ထင်မြင်ချက်တွေကို ပြောပြနေတယ်။

CCA ဘက်မှာ Commitment တွေ များနေလို့ ခုလက်ရှိမှာ စာဘက်ကို သိပ် အချိန်မပေး နိုင်ကြောင်း၊ Time management crisis ဖြစ်နေကြောင်း၊ CCA ကို လျှော့ပစ်လို့ မဖြစ်နိုင်တဲ့ အတွက် စာကို တစ်ဘာသာ လျှော့ယူချင်ကြောင်း ပြောပြီး ကျွန်တော့်ဆီက အကြံဥာဏ်တွေ တောင်းပါတယ်။ ကျွန်တော်က ခပ်ပြတ်ပြတ်ဘဲ ပြန်ပြောလိုက်မိပါတယ်။ "ငါ့ အတန်းကို အပြည့်အ၀ concentration မပေးနိုင်တဲ့ ကျောင်းသူ တစ်ယောက်ကို ငါ ကူညီဖို့ စိတ်မ၀င်စားဘူး။ နင် ဘာလိုချင်တယ်၊ ဘာလုပ်မယ် ဆိုတာ စိတ်ဆုံးဖြတ်ပြီးမှ ငါ့ဆီ ပြန်လာခဲ့။ ကူညီပေးဖို့ အသင့်ပဲ"။ သူမက "ဟုတ်ကဲ့၊ ကျွန်မ ဆုံးဖြတ်ပြီးရင် prof ကို အကြောင်းပြန်ပါ့မယ်" ဟု ဖြေ သွားခဲ့တယ်။

မိနစ် ၂၀ လောက် စကားတွေပြောပြီး သူမ ပြန်သွားခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီကလေးမ မလွယ်ဘူး၊ အေးသလောက် အတော် ခေါင်းမာမယ့် ပုံပဲ ဟု တွေးမိသည်။ ခဏနေ အတန်းကို သူမ လာတက်၊ မတက် ကြည့်ကြတာပေါ့လေ။ သူမ ကောင်းဖို့ အတွက် ကျွန်တော် စေတနာနဲ့ ပြောရာကနေ လေသံ မာသွားခဲ့ကောင်းတယ်။ တက္ကသိုလ် ကျောင်းမှာ အမှတ်ကောင်းကောင်း မရရင် နောင်တစ်ချိန် အလုပ်ရှာတဲ့အခါ အခက်တွေ့မယ် ဆိုတာ နင်မသိဘူးလား လို့ အော်မေးလိုက်ချင်တယ်။ အခုခေတ် ကျောင်းသားတွေ တကယ်ကို အားမရစရာပဲ။

တကယ်လည်း ကျွန်တော် ထင်ထားသလို သူမ အတန်းကို မလာခဲ့ပါဘူး။ သူမ ကိုယ့်ကိုယ်ကို ပြန်လည် ကယ်တင်နိုင်ဖို့၊ self-reflect လုပ်နိုင်ဖို့ပဲ မျှော်လင့်မိပါတယ်။

ဟိုဘက်စွန်း

ဒီမနက်က ကျွန်မ professor တစ်ယောက်နှင့် consultation သွားခဲ့တယ်။ voluntary ပါ၊ compulsory မဟုတ်ပါဘူး။ ကျွန်မက လက်ရှိ စာနဲ့ပတ်သက်လို့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး အကြံဥာဏ်တွေ တောင်းချင်တာ။ Prof မို့လို့ အားကိုးစိတ် ၀င်မိတာလည်း ပါပါတယ်။ သို့ပေမယ့် Prof က စကားပြော အလွန်ပြတ်ပြီး ကြောက်စရာ ကောင်းနေတယ်။ ကျွန်မလို ခေါင်းမာတဲ့ လူတစ်ယောက်အတွက်တော့ သူ့ရဲ့ ခပ်မာမာ လေသံတွေကြောင့် ဘာအကြံဥာဏ် ပေးပေး လက်မခံနိုင်ဘူးလို့ ထင်မိတာပေါ့။

Prof က ကျွန်မရဲ့ academic details အားနည်းတာ တွေကို သိနေတယ်။ အို.. Prof ပဲ၊ ကိုယ့်ကျောင်းသားရဲ့ အချက်အလက်တွေ သိတာ ထူးဆန်းလို့လား။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အရေထူတယ်၊ မရှက်တတ်ပေါင်။ သူမသိလည်း ကျွန်မက ပွင့်ပွင့်လင်းလင်း ပြောပြဖို့ ပြင်ဆင်ပြီးသား။ ကျွန်မဆိုတဲ့ လူက အပေါ်ယံ အေးသလောက် စိတ်မာတယ်၊ စိတ်ပြတ်တယ်လေ။ ကျွန်မအတွက် activities တွေကို လျှော့ပစ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ တက္ကသိုလ် ကျောင်းသား ဘ၀မှာ ကျွန်မ လုပ်ချင်တဲ့ အလုပ်တွေ လုပ်ပြီး ပျော်ပျော်ကြီး နေမယ် လို့ စိတ်ဆုံးဖြတ်ထားတယ်။ MC က ကျွန်မရဲ့ the other half ပဲ။ ဘယ်လိုမှ လက်မလွှတ်နိုင်ဘူး။

Prof နဲ့ စကားပြောနေရတဲ့ မိနစ် ၂၀လေး အတွင်းမှာ ကျွန်မ အတော်ကို သိမ်ငယ်စိတ် ၀င်ခဲ့တယ်။ ကျောင်းစာဘက်မှာ ကျွန်မ အစွမ်းကုန် မကြိုးစားခဲ့ဘူး ဆိုတာ ၀န်ခံပါတယ်။ ဖြစ်သင့်သလောက်တော့ ဖြစ်ထွန်းခဲ့တာပဲလေ။ ဒါပေမယ့် ကျွန်မကို အခြေခံ မခိုင်ဘူးလို့ ပြောတာတော့ သိပ်ဘ၀င် မကျဘူး။ ဘာပဲဖြစ်ဖြစ် ဒါအမှန်တရားပဲ မို့လို့ လက်တော့ခံပါတယ်။ ဒါပေမယ့် သူက လေသံမာကြီးနဲ့ မျက်လုံးကြီးပြူး စိုက်ကြည့်ပြီး ပြောနေတော့ လန့်သွားတယ်။ လန့်သွားတယ်ဆိုတာ ငါက သူပြောသလို အဲ့လောက်ကြီးထိ ဆိုးရွားနေပြီလား၊ ဒါဆို ငါဘယ်လို ရှေ့ဆက်ရမှာလဲ၊ ဗွီဒီယိုခွေတွေ နောက်ပြန်ရစ်သလို ပထမနှစ်ကို အချိန်တွေ နောက်ပြန်ဆွဲပြီး အခြေခံတွေ ပြန်သွားသင်ရမှာလား၊ ငါဘာဆက်လုပ်ရတော့မှာတုန်း.. ဆိုပြီး လျှောက်တွေးပြီး လန့်နေတာ။

ဒီ Prof ကလည်း ဘယ်လိုကြီးလဲ။ ကျောင်းသူတစ်ယောက် အားနည်းနေတာ၊ အကူအညီ လိုနေတာ မြင်ရဲ့သားနဲ့ မသိကျေးကျွန်ပြုပြီး သူ့အားနည်းချက်တွေကိုပဲ နင်းချေပစ်နေသလား၊ ရေနစ်သူ ၀ါးကူထိုးနေသလား လို့ မှားမှားယွင်းယွင်း တွေးမိပါသေးတယ်။ ကျွန်မ စိတ်ထဲ ဆရာသမား တစ်ဦးကို တကယ် မနောကံနဲ့ ပစ်မှားမိခဲ့ပြီ။ အခုပဲ ကန်တော့ပြီး တောင်းပန်ပါတယ် ဆရာရယ်။ ကျွန်မကို ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အရှိကို အရှိအတိုင်း ပြောနေတယ်ဆိုတာလည်း ရိပ်မိပါတယ်။ ဒါပေမယ့် ရုတ်တရက်ကြီး အဲ့လို ကြုံလိုက်ရတာတော့ လည်ချောင်းထဲ ဂလု ဆို အလုံးကြီး တစ်လုံး ဆို့တက်လာတာပေါ့။

တကယ်တမ်းတော့ career ဆိုတာ ကိုယ်တိုင် ခင်းတဲ့ ကိုယ်တိုင် လျှောက်ရမယ့် လမ်းကြောင်းတစ်ခုပါပဲ။ အဲ့လို လျှောက်တဲ့အခါ တစ်ခါတရံ conflicts တွေ၊ constraints တွေ ရှိနိုင်တယ်။ ဒါတွေကို ကျော်ဖြတ်ဖို့ မိဘ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ support လိုတယ်။ ကိုယ့်ဟာကိုယ်လည်း balance ကောင်းကောင်း လုပ်တတ်ရမယ်။ ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်လို့ ပုံသေကားချပ် ဇယားကြီး ချပြပြီး လာခိုင်းစရာ မလိုပါဘူး။ လူကြီးနဲ့ လူငယ်ကြား ပဋိပက္ခ ဆိုတာတော့ ဒီလိုပဲ ရှိတတ်ပါတယ်။ နှစ်ဦး နှစ်ဖက် နားလည်ပေးဖို့ ဆိုတာ ခက်ခဲပေမယ့် လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

Consultation ပြီးတော့ ဒီ အတန်းကို drop ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Prof ကတော့ အကူအညီလိုရင် အချိန်မရွေး လာခဲ့ပါလို့ မှာပါတယ်။ ခုတော့ သူ့ဆို လူက တော်တော့်ကို ရှိန်နေပါပြီ။ တစ်နေ့လုံးလည်း လူက နေလို့ မကောင်းပါဘူး။ အစာမကြေ ဖြစ်သလို၊ ရင်ပြည့်သလို ကြီး။ အသက်ရှူလည်း မ၀ဘူး။ ကြည့်ရတာ stomach ထဲ butterfly တွေ အတော်များသွားတယ်နဲ့ တူတယ်။ anxiety ပေါ့လေ။ ဟာဒယ ရွှင်ဆေးများရှိရင် milo နဲ့ မျှောချ သောက်လိုက်ချင်ပါတယ်။ တကယ်ပါ။ ဒီနေ့ ကတော့ အမှတ်ရစရာ Friday ပါပဲ။ ရှေ့လာမယ့် အပတ်တွေမှာတော့ No more Friday class!!! :D

(ဒီ post မှာ controversial issue အချို့ ရှိပါတယ်။ ကျောင်းသားတစ်ယောက်ရဲ့ university life နဲ့ ပတ်သက်လို့ နှစ်ဖက် အမြင်ပေါ့။ စာဖတ်သူ ထင်မြင်ရာကိုလည်း share သွားနိုင်ပါတယ်။)

ကျေးဇူးတင်ပါတယ်။ :)

ကြယ်ကြွေချိန်

Thursday, February 2, 2012

အမျိုးသမီး တစ်ဦး ထံမှ...

မာသည် - စိတ်ဓာတ်
ခက်ထန်သည် - အမုန်း
မုန်းသည် - လူလိမ်
ကျိန်ဆိုသည် - သစ္စာ
ဖာထေးသည် - နှလုံးသား
မှားယွင်းသည် - သံယောဇဉ်...

ဤသည်ကား အမျိုးသမီး တစ်ဦး၏ ရင်တွင်းဖြစ် တည်း။

ကြယ်ကြွေချိန်

Tuesday, January 31, 2012

အဖြေ ရှာပေးပါ

စိတ်ဖိစီးမှု များသည်။
အာရုံတွေ များသည်။
စိတ်ရှုပ်စရာ များသည်။
ပွဲတွေ များသည်။
လုပ်စရာတွေ များသည်။
အချိန်ကတော့ နည်းသည်။

လုပ်တိုင်းလည်း ရချင်မှ ရသည်။
Priority တွေ မှားယွင်းနေသည်။
ပြင်ဆင်ဖို့ ဘယ်ကမှ အစရှာမရ။
Cheerful personality ပျောက်သွားပြီ။

ဘယ်လိုဖြေရှင်းရမလဲ။ ကူညီပါ...

ကြယ်ကြွေချိန်

Wednesday, January 25, 2012

Project Metta 2010

ဒီပို့စ်လေးကတေှာ့SMUMC က နှစ်စဉ် လုပ်တဲ့ Overseas Community Service Project (OCSP) အကြောင်းပါ။ SMU မှာ ကျောင်းသားတိုင်း Community Project တစ်ခု အနည်းဆုံး မလုပ်မနေ လုပ်ရပါတယ်။ လိုအပ်ချက်ကတော့ နာရီ ၈၀ ပါ။ Local သို့မဟုတ် Overseas ကြိုက်ရာ လုပ်ခွင့်ရှိပါတယ်။ ၂မျိုးလုံး လုပ်ချင်လည်း ရပါတယ်။ အဲ့တော့ ကျောင်းမှာ ရှိတဲ့ Club အများစုက OCSP တွေ organize ကြတယ် ပေါ့ဗျာ။ Korea, Vietnam, Philippines Club စတာတွေက သူတို့ နိုင်ငံတွေမှာ ပြန်ပြီး OCSP လုပ်ကြတယ်ပေါ့။

SMUMC အနေနဲ့ကတော့ ပထမဆုံး မြန်မာနိုင်ငံမှာ OCSP (Project Metta) ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀၁၀ တုန်းက ရန်ကုန်တိုင်း ထောက်ကြံ့မြို့၊ နွယ်ခွေကျေးရွာက မေတ္တာနန္ဒ မိဘမဲ့ကလေးများ စာသင်ကျောင်း မှာ လုပ်ခဲ့ပါတယ်။ အဖွဲ့ဝင် ကျောင်းသားစုစုပေါင်း ၂၈ ယောက် သွားပြီး လုပ်အားပေးခဲ့ကြပါတယ်။ Project အစအဆုံး ၂ပတ် ကြာပါတယ်။

Beneficiary က တောရွာမှာ နေကြတဲ့ မိသားစုတွေဆိုတော့ ကျန်းမာရေးဆိုင်ရာ ပညာပေး ကဏ္ဍအနေနဲ့ ယင်လုံအိမ်သာအသုံးပြုခြင်း၊ လက်စင်စင်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တိုက်ဖျက်ရေး၊ အေအိုင်ဒီအက်စ် ရောဂါ မပြန့်ပွားရေး စတာတွေ ပါဝင်ပါတယ်။ ပညာရပ်ဆိုင်ရာ programme အနေနဲ့ အင်္ဂလိပ်စာ သင်ခန်းစာလေးတွေ ကို ပျော်မြူးဖွယ် သီချင်းလေးတွေနဲ့ သင်ပေးပါတယ်။ ဗဟုသုတ ဆိုင်ရာ သင်ခန်းစာ အနေနဲ့ Do you know? ဆိုတဲ့ programme လေး တစ်ခု ထည့်ပေးထားပါသေးတယ်။ တောရွာဒေသ ဖြစ်တဲ့အတွက် တစ်နိုင်တစ်ပိုင် ၀င်ငွေ ရှာဖွေနိုင်အောင် ရည်ရွယ်ချက်နဲ့ အချုပ်အလုပ်၊ origami စတဲ့ လက်မှုပညာ သင်ခန်းစာလေးတွေလည် ပါဝင်ပါသေးတယ်။ ရှေ့ဆက် sustainability အနေနဲ့ ကလေးတွေ အတွက် SMUMC က ရန်ပုံငွေတွေ စုဆောင်းပြီး စာကြည့်တိုက်လေး တစ်ခု စတင် တည်ထောင်ပေးခဲ့ပါသေးတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဆိုင်ရာ ပညာပေးရယ်၊ စာကြည့်တိုက် တည်ထောင်ရေး ရယ်မှာ ပါဝင် လုပ်အားပေးခဲ့ပါတယ်။

၂၀၁၁ ဒီဇင်ဘာ တုန်းက ဒုတိယအကြိမ် လုပ်ခဲ့တဲ့ OCSP ကတော့ တောင်ကြီးက မိဘမဲ့ ဂေဟာတစ်ခုမှာ လုပ်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ immigration အနည်းငယ် ချောင်ချိလာတဲ့ အတွက် နိုင်ငံခြားသား ၁၀ ယောက်ခန့်ကို ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ အဲ့ဒီခရီးကိုတော့ ဒီမှာ လုပ်စရာတွေ ကျန်နေသေးတဲ့အတွက် ကျွန်တော် မပါဝင်နိုင်ခဲ့ပါဘူး။ သွားကြတဲ့ သူငယ်ချင်းတွေ ပြောတာကတော့ မနှစ်က project လိုပဲ အလွန်ကို ပျော်စရာကောင်းပါတယ်တဲ့။ ကလေးတွေ ပျော်ရွှင်ကြသလို ကျွန်တော်တို့လည်း မောပန်းနေတဲ့ ကြားထဲ ပြုံးနိုင်ကြပါတယ်။ ပီတိကိုစား အားရှိ ဆိုသလိုပေါ့။

ခုလာမယ့် 2012 project metta ကိုတော့ ကျွန်တော် သေချာပေါက် လိုက်ဖြစ်မှာပါ။ 2010, 2011 တုန်းကတော့ ကျွန်တော် member အဖြစ်နဲ့သာပဲ Project ကို support လုပ်ခဲ့တာပေါ့။ အခု လာမယ့် 2012 တော့ ကျွန်တော် organizing committee ထဲမှာ ပါဝင်နေပြီ ဖြစ်တဲ့အတွက် အတော်ကို စိတ်လှုပ်ရှားမိပါတယ်။ ငွေကြေး ရန်ပုံငွေ စုဆောင်းရေး အပိုင်းရော၊ project execution အပိုင်းကိုပါ တကယ် စိတ်ပူနေမိပါတယ်။ မြန်မာနိုင်ငံ ဘယ်ဒေသကို သွားရောက်ဖြစ်မယ် ဆိုတာတော့ confirm မဖြစ်သေးပါဘူး။ ကူညီလက်ကမ်းမှုကို အမှန်တကယ် လိုအပ်နေတဲ့ ဒေသတွေကိုပဲ ကျွန်တော်တို့ သွားမှာပါ။ စာဖတ်သူများ အနေနဲ့ တစ်တတ်တစ်အား ရန်ပုံငွေ လှူဒါန်းလိုတယ်ဆိုရင်တော့ jcahyo2vl@gmail.com သို့ email ပို့ ဆက်သွယ်နိုင်လိုက်ပါနော်။ ကျေးဇူးတင်ပါတယ်။

:)

ကြယ်ကြွေချိန်

Tuesday, January 24, 2012

သာမန်မဟုတ်သော သာမန်နှစ်သစ်ကူး

CNY eve က ဒီမှာ ရှိတဲ့ တစ်ဝမ်းကွဲ မောင်နှမတွေ မိသားစု အိမ်ကို အလည်သွားပါတယ်။ ရန်ကုန်က ညီမလေး တစ်ဝမ်းကွဲရဲ့ ဦးလေး မိသားစုလည်း ဒီကို ရောက်နေတယ်။ ကျွန်မနဲ့ အတန်ငယ် အမျိုးဝေးတော့ အဆက်အသွယ်တော့ မရှိပါဘူး။ သို့ပေမယ့် စင်္ကာပူရောက်နေတယ် ကြားတော့ သွားတွေ့တာပေါ့။ ကျွန်မက သာမန် အလည်လာတယ် ထင်တာ။ နောက်မှ ဒီမှာ ဆီးကျိတ် လာခွဲတာလို့ အစ်မဆီက သိရပါတယ်။ အော်.. ရိုးရိုး Minor operation လောက်ပဲလို့ ထင်တာ။ နောက်မှ ဆရာဝန်ဆီက diagnosis result ကိုကြားလိုက်ရတာ ကင်ဆာကျိတ်တဲ့။

ဦးလေးရဲ့ မျက်နှာကို ကြည့်ရတာ အရင်ကလို ဟက်ဟက်ပက်ပက် မရှိပါဘူး။ သူဟာ အင်မတန် ပျော်တတ်တဲ့ လူပါ။ အရင်ကလည်း စင်္ကာပူ လာလည်နေကျ။ လာရင်လည်း တစ်နေကုန် လွှတ် လျှောက်လည်နေတော့တာ။ ခုလည်း သူ့ရောဂါ အကြောင်း သိရတော့ သူ့ခမျာ မရွှင်မလန်းနိုင်တော့ပါဘူး။ တစ်နေ့ကမှ ကင်ဆာဆေး တစ်လုံး သွင်းထားလေရဲ့။ ဆေးအရှိန်ကြောင့် လူက အတော်ကို ခံရပါတယ်။ ဆံပင်တွေ ဘာတွေ မကျွတ်သေးပေမယ့် လမ်းလျှောက်ရင်တောင် ယိုင်နေပါတယ်။ အသက်လည်း အဲ့လောက် မကြီးသေးပါဘူး။ ၅၈ နှစ်လောက်သာ ရှိပါသေးတယ်။ သမီးအငယ်ဆုံးလေးဆိုရင် ခုမှ အထက်တန်း တက်မှာပါ။ CNY eve အဒေါ်အိမ် ရောက်သွားတဲ့ ကျွန်မ အဲ့ဦးလေး မိသားစုနဲ့ တွေ့လိုက်ရပြီး အတော်ကို စိတ်ထဲ မကောင်းပါဘူး။ ဦးလေးရဲ့ အမျိုးသမီးက စကားတွေ ပြောရင်း မျက်ရည်တွေ ကျနေတယ်။ သေခြင်း ရှင်ခြင်းကို ရွေးချယ်ခွင့် မရှိတော့တဲ့ အခြေအနေမျိုးမှာ ကာယကံရှင်ထက် သူ့ရဲ့ အသိုင်းအ၀ိုင်းက ပိုပြီး ထိခိုက်ကြရတယ် ဆိုတာ သိလိုက်ရပါတယ်။

ကင်ဆာက နောက်ဆုံး အဆင့် ၄ ရောက်နေပါပြီ။ ကနဦး အဆင့်ကသာ ကြိုသိခဲ့မယ် ဆိုရင် အမြစ်ပြတ် ပျောက်အောင် ကုသလို့ ရနိုင်ခြေ ရှိပါတယ်၊ အစောပိုင်း ဆေးစစ်တုန်းက ကင်ဆာ အဖြေမပေါ်ခဲ့တာ ကိုယ်တွင်း ဇီဝပြောင်းလဲမှု တွေကြောင့် ဖြစ်နိုင်တယ်လို့ အစ်ကို ဆရာဝန် တစ်ဦးက ပြောပြပါတယ်။ ခုလက်ရှိ အခြေအနေကတော့ နောက်ဆုံး ရလဒ်ကို ကြိုသိနေရက်နဲ့ ရှေ့ဆက်ကြရမယ့် အခြေအနေမျိုးပါပဲ။ လူနာ ကိုယ်တိုင်ရော သူ့မိသားစုပါ အားလျော့ ကုန်ကြပါပြီ။ ရန်ကုန်မှာ ကျန်နေခဲ့တဲ့ သမီးငယ် သားငယ်တွေ ဒီသတင်းကို မသိကြသေးပါဘူး။ ဦးလေးနဲ့ အဒေါ်က နောက်မှ အေးအေးဆေးဆေး ပြောပြတော့မယ်လို့ တွေးထားပါတယ်တဲ့။

နှစ်သစ်ကူးချိန် မင်္ဂလာယူနေကြတဲ့ အချိန်မှာ ဒီလို နမိတ်မရှိ နမာမရှိ အကြောင်းတွေ ဘာလို့ရေးနေတာလဲလို့ မေးချင်သူများအတွက် ဆရာတော်တစ်ဦး မြွက်ကြားခဲ့တဲ့ စကားလေးကို ပြောပြချင်ပါတယ်။ (ဘယ်ဆရာတော်လဲတော့ သေချာမမှတ်မိတော့ပါ။ အရှင် ဆန္ဒာဓိက လို့ ထင်တာပဲ။ စကားလုံး အတိအကျ မမှတ်မိတော့လို့ အဓိပ္ပာယ်တူရုံ ပြောပြပါရစေ။) "လူတွေဟာ သေခြင်းတရားကို အင်မတန် ကြောက်စရာ ကောင်းတဲ့ အ,မင်္ဂလာ အရာကြီး တစ်ခုလို့ သတ်မှတ်ထားကြတယ်။ တကယ်တော့ သေခြင်းတရားကို ရှုမြင်ခြင်းဆိုတာ အလွန် မင်္ဂလာရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ လူတိုင်း ခုနေများ၊ မနက်ဖြန်များ ငါသေသွားခဲ့ရင် ဆိုတဲ့ အတွေးမျိုး တွေးရမှာ အင်မတန် ကြောက်တတ်ကြတယ်။ ဒါဟာ မှားယွင်းတဲ့ ယူဆချက်ပဲ။ သေဆုံးခြင်းကို မျက်မှောက်မပြုတဲ့နေ့ဟာ မင်္ဂလာမရှိတဲ့နေ့ပဲ" တဲ့။ ဆရာတော်က အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ဒီအဆိုကို တင်ပြသွားတာပါ။ ကျွန်မအနေနဲ့ သေခြင်းတရားနဲ့ ပတ်သက်ပြီး ဘာ opinion မှတော့ မရှိပါဘူး။ အဘိုးတွေ အဘွားတွေလို အယူသီးတာ၊ extreme ဖြစ်တာမျိုး မရှိဘူးလို့ ပြောတာပါ။ ကဲ.. ဒါတွေထားပါလေ။

မဆီမဆိုင် အဖေနဲ့ အမေကို သွားသတိရမိပြန်ပါတယ်။ နှစ်ယောက်လုံး ဆီးချို၊ သွေးတိုး ဘာမှ မရှိကြပေမယ့် ဒေါင်ဒေါင်မြည် ကျန်းမာတယ်လို့တော့ မဆိုနိုင်ဘူး။ အဖေက ဆေးလိပ်အရမ်းကြိုက်တယ်။ သူ ၁၀ တန်း အရွယ်လောက်ထဲက သောက်ခဲ့တာ ခု ကျွန်မ ပထမနှစ် တက်မှပဲ ဆေးလိပ်ပြတ်တော့တယ်။ အရင်ကဆို ကွမ်းပါ စားတာ။ ကျွန်မ ငယ်ငယ်က အဖေ့ကို မေးဖူးတယ်။ "ကွမ်းနဲ့ သမီး ဘယ်သူ့ကို ပိုချစ်လဲ" ဆိုပြီး မေးတော့ နောက်ပိုင်း ကွမ်း ပြတ်သွားတော့တာပဲ။ ဟော.. ဆေးလိပ်ကျတော့ အဲ့လို မေးလို့ မရတော့ဘူး။ "ဆေးလိပ်နဲ့ သမီး ဘယ်သူ့ ပိုချစ်လဲ" ဆိုတော့ ဆေးလိပ်တဲ့၊ ကောင်းရော။ ကျွန်မက ဆေးလိပ်သောက်တဲ့ လူဆို အရမ်းမုန်းတာ၊ အဖေလည်း သိတယ်။ သူကိုယ်တိုင်လည်း ဆရာဝန်တစ်ယောက်ပဲ၊ ဆေးလိပ် မကောင်းကြောင်း သိတာပဲ။ ဒါပေမယ့် မပြတ်နိုင်ခဲ့ဘူး။ နောက်ပိုင်း ဆေးလိပ်အရမ်းကြိုက်တဲ့ ဦးလေးတစ်ယောက် အဆုတ်ကင်ဆာနဲ့ ဆုံးပါးသွားတော့မှ အဖေလည်း အတော်တရားကျသွားတယ်နဲ့ တူပါတယ်၊ ဆေးလိပ်ပြတ်သွားတော့တယ်။ ကျွန်မက အဖေ့ကို ပီကယ်တွေ ဘူးလိုက် ၀ယ်ပေးထားတယ်။ အဖေ ဆေးလိပ်သောက်ချင်စိတ် ပေါက်လာရင် ပီကယ် ၀ါးနေလို့ မှာထားတယ်။ အခုတော့ အဖေက ကျွန်မတို့ စကားနားထောင်နေပြီတဲ့ :D ။

အမေ့မှာတော့ အစာအိမ် ရောဂါရှိတယ်။ ကျွန်မက အမေနဲ့ အကုန် တူပါတယ် (အစာအိမ် အားနည်းတာက အစ၊ အသားအရည် ဆံပင်က အဆုံး။ ရုပ်ရည် တစ်ခုကလွဲလို့ပေါ့၊ အမေက ချောတယ်၊ ယဉ်တယ်လေ)။ မနေ့က ကျွန်မ အိမ်နားက နာမည်ကြီး ကွမ်ရင် ဘုရားကျောင်းကို ရောက်ပါတယ်။ တရုတ်နှစ်ဖွားအလိုက် ဒီနှစ်အတွက် ဆောင်ရင် ရှောင်ရန် အရာလေးတွေကို ဟောကိန်းထုတ်ထားပါတယ်။ ကျွန်မအတွက် ကျန်းမာရေး ဟောစာက အစာအိမ် အထူးဂရုပြုရမည်တဲ့။ မှန်ပါ့.. မနက်မိုးလင်းထဲက အစာအိမ်အောင့်နေလို့။ စာဖတ်သူများ သိချင်ရင် တရုတ်မွေးနှစ်ကို ပြောပြထားပါ။ ကျွန်မ သွားရှာဖတ်ပြီး ပို့ပေးပါ့မယ်။

ဒီနှစ်ကူးကတော့ ကျွန်မအတွက် အန်ပေါင်း (红包) မရတဲ့ သာမန် နှစ်သစ်ကူးပါပဲ။ သာမန်မဟုတ်တာကတော့ ပုံမှန် ကျွန်မ မတွေးဖူးတဲ့ အတွေးတွေ နက်နက်ရှိုင်းရှိုင်း တွေးမိလို့ပါ။ ဒါတွေတော့ စာဖတ်သူများကို ပြောမပြတော့ဘူးနော်။ မိတ်ဆွေများ အားလုံးကို ပျော်ရွှင်ဖွယ် နှစ်သစ်ကူးလို့ နှုတ်ဆက်ပါရစေ။

欢迎大地回春。。
新年快乐,恭喜发财,红包拿来 :D

ကြယ်ကြွေချိန်

Tuesday, January 17, 2012

17 January 2012

ဒီး..ဒီး..ဒီး..ဒီး..

ဖုန်းရဲ့ vibration ကြောင့် တုန်ခါသွားတဲ့ စားပွဲနဲ့ အတူ ကျွန်တော့် စိတ်အစုံလည်း တုန်ခါသွားခဲ့တယ်။ ဖုန်း ကောက်ကြည့်လိုက်တော့ မမြင်ဖူးတဲ့ နံပါတ်။ ရုံးဖုန်း ဖြစ်ပုံရတယ်။ ဖုန်းကိုင်လိုက်တော့ အသံ ခပ်အေးအေးနဲ့ အမျိုးသမီး တစ်ယောက် ကျွန်တော့်နာမည်ကို address လုပ်ပြီး နှုတ်ဆက်တယ်။ "ခဏလောက် စကားပြောဖို့ အဆင်ပြေမလား" တဲ့။ ဘယ်သူ ဘယ်ဝါမှန်း မသိပေမယ့် တစ်ခုခုတော့ ထူးခြားနေပြီ ဆိုတာ သိလိုက်တယ်။ စကားတွေ အဲ့လောက် ခံပြီး မေးနေတော့ အဆိုး ဘက် နည်းနည်း ပိုအလေးသာနေတယ်ဆိုတာတော့ ရိပ်မိပါတယ်။

အလုပ်ထဲ ရောက်နေတော့ အပြင်ထွက်ပြောရတယ်။ တစ်ဖက်က အမျိုးသမီးက သူ deliver လုပ်ရမယ့် သတင်းကို သူ အတတ်နိုင်ဆုံး အညင်သာဆုံး အပေါ့ပါးဆုံး နားဝင်ရအလွယ်ကူဆုံး ဖြစ်အောင် ကြိုးစားပြောရှာပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ နားနှစ်ဖက် နား ကပ်ပြီး ဒုန်းခနဲဆို မိုးခြိမ်းလိုက်သလိုပဲ။ ရုတ်တရက် အတွေးတွေ ရီဝေသွားတယ်။ ဒီ အမျိုးသမီး ပေးတဲ့ message နဲ့ အတိတ်က ခါးခါးသီးသီး ဖြစ်ရပ်တွေကိုလည်း ဆက်စပ်မိသွားတယ်။ ဖုန်းချပြီး အလုပ်စားပွဲ ပြန်လာတော့ ခြေလှမ်းတောင် မှားချင်သလိုလိုပဲ။ နားထဲ စောစောတုန်းက စကားလုံးတွေ ပြန်ပြန်ကြားနေလို့။

လောကကြီးက မတရားဘူးဗျာ.. လို့ သူများတွေ အပြစ်ဖို့သလို ဖို့ချင်တယ်။ ဘာလို့ ကျွန်တော် ဒီလောက် သတိထား ရက်နဲ့ ဖြစ်ရတာလဲ။ ဘာလို့လဲ ဘာလို့လဲ။ ကျုပ် အဲ့လောက်တော့ မခေ သေးပါဘူးဗျာ။ အချိန်တိုင်း ဒီရလဒ်ပဲ ထွက်မယ်လို့တော့ မယုံဘူး။ မင်းနိုင်မလား ငါနိုင်မလား စောင့်ကြည့်ကြသေးတာပေါ့ကွာ။ အော်.. တကယ်တမ်းတော့ Jay Chou ပြောသလိုပါပဲ၊ 最大的敌人就是那内心的自己 တဲ့ (လောကမှာ အကြီးမားဆုံး ရန်သူဟာ ဟောဒီ အတွင်းစိတ်ထဲက ကိုယ် ကိုယ်တိုင်ပဲ) တဲ့။ ဟုတ်ပါတယ်.. တခါတလေ ကျွန်တော် ကိုယ့်ကိုယ်ကို ဖျက်မှန်း မသိ ဖျက်ဆီးမိနေတာ။ အတော့်ကို ပြန်ဆင်ခြင်ရပါမယ်။ self-reflection ပေါ့လေ။ ဒါ ဒုတိယ အကြီးမားဆုံး သင်ခန်းစာပါပဲ။

ညဘက် အလုပ်ပြီးတော့လည်း ဒီအပတ် LNY event အတွက် junior လေးတွေကို performance training session ပေးရတယ်။ မနေ့ညက ည ၁၂နာရီခွဲမှ exco meeting ပြီးလို့ လူက ဒီနေ့ မနက် law အတန်းမှာ မျက်တွင်းဟောက်ပက် ဖြစ်နေတာ။ blood sugar level low နေသလားတဲ့၊ prof က လာ မေးယူမှ မျက်လုံး မျက်ဆံ ပြန်ပြူးလာတာ။ အိမ်ပြန်ရောက်တော့လည်း apartment meeting ခေါ်ရသေးတယ်။ apartment ထဲမှာ စည်းကမ်း မရှိကြလို့၊ ကျေးဇူးရှင် မမတွေကို ပုံစံ ပြန်သွင်းနေရတာ။ ငါ့နှယ်.. ရှေ့တင်မှာသာ သူတို့ Resident Senior leader မမ မို့လို့ ပြုံးပြုံးပြုံးပြုံးနဲ့၊ ကွယ်ရာမှာဆို တယ် လူမုန်းများမှာပဲ။ ဒီနေ့ အလုပ်ကလည်း urgent သွားရတာ၊ pressure လည်း များတယ်။ ဒီနေ့ကတော့ ဒိုင်ယာရီ စာအုပ်ထဲ အရာ ထင်ခဲ့ဦးမယ့် စိတ် ကသိကအောက် ဖြစ်စရာ နေ့တစ်နေ့ပါပဲ။

ကြယ်ကြွေချိန်ကို အရမ်း အညည်းသန်တဲ့ ခိုလိုပဲလို့ ထင်ကုန်ကြရော့မယ်။ တကယ်တော့ စိတ်ပျော်စရာလည်း ရှိပါသေးတယ်။ အရမ်း ချစ်စရာကောင်းတဲ့ သူတစ်ယောက်ဆီကတော့ အရမ်း ဆွဲညှစ်ချင်စရာကောင်းတဲ့ အရုပ်ကလေး နှစ်ခု လက်ဆောင်ရတယ်။ ကျွန်တော် စိတ်မကောင်း ဖြစ်နေတာ သိလို့ အရုပ် လက်ဆောင်ပေးတာတဲ့။ ဟီးဟီး.. ချစ်ဖို့ကောင်းလိုက်တာ၊ ကျေးဇူးကမ္ဘာပါ။ ခုတော့ ဒေါင်ချာစိုင်းနေပြီ။ ဒီ post ကို မနည်း မျက်ဖြူဆိုက်ပြီး ရေးနေရတာ။ ထိုးအိပ်တာပဲ ကောင်းပါတယ်၊ ကောင်းသောညပါဗျာ။

Three idiots ဇာတ်ကားထဲက အကြိုက်ဆုံး စကားလေးတစ်ခွန်းကိုတော့ ပြောသွားပါရစေ.. All iz well. :)

Everybody wants happiness, no one wants the pain.
But you can't make a rainbow without a little rain.



လောလောဆယ်တော့ radio မှာ Jay Chou သီချင်း လွှင့်နေတယ်ဗျ။ ဟဲဟဲ.. နားထောင်ရင်း အိပ်လို့တော့ ကောင်းပါဦးမယ်။ ဂွတ် ည ပါဗျာ။ :D

ကြယ်ကြွေချိန်

Saturday, January 14, 2012

Year 2 Term 2 modules

The very first week of the sem was accomplished. Here is how I think of the modules for the first half of the sem. Haha.. boring stuff, right? :D Anw, i still wanna write abt things that gonna keep me occupied for the next 4 months.. So, here we go! :D

1. MPW (Management of People at Work)
- the most time-consuming mod ever!
- the most slacking prof ever! (he hasn't even uploaded seminar slides from last week)
- the most interesting class so far (I talked sth about Myanmar and Singapore economy in class, and prof responded, oh Cho might gonna be PM of Myanmar in 20 years, who knows! I was like o.O.. haha.. That's an interesting class hmm XD)

2. Company Law (Coy law)
- Tuesday blues! (morning 8:30am class with a law seminar, that's a pain in the heart Ouch! >_<)
- My only feel-small place (I feel all the other classmates know everything that I don't know about Coy Law)
- Prof's too smart (and classmates too)
- The heaviest mod of the sem.

3. Finance
- The most boring class (No chance for students' class participation)
- Prof's talking non-stop (sometimes I wonder he's talking to himself)
- I think he's gay (the way he talks, the way he moves, etc). XD

4. Taxation
- The most challenging class ever!
- အထင်နှင့် အမြင် တက်တက်စင်အောင် လွဲသော prof (His grey hair makes me think he's one of the old dullest profs. In reality, he keeps shooting spontaneous questions to students. When nobody responds, he calls out names. I got called out for 3 times in week 1 seminar. That's crazy. -_-") Oh.. he looks like my dad, btw. :)
- The way he keeps calling out my name makes me look funny in class (sometimes scared my wits out, sometimes nerd... h`h`h`)
- The 2nd heaviest mod of the class (after Coy law)
- Anw, TGIF! =)

All the same mods above for second half of the sem (from week 9 to 14), plus FT (Finishing Touch). I have talked to the FT prof before and found out that he's a very friendly prof. Hope to have an exciting FT class in 1B. :)

Gonna read my super thick Coy law readings for now. May God bless me with my Coy Law and Tax..

Thanks for visiting, my lovely buddies. See ya around. :)

Kyel Kywai Chain

Thursday, January 12, 2012

Batam, Indonesia

ပြီးခဲ့သော ဒီဇင်ဘာ ကျောင်းပိတ်ရက်က အင်ဒိုနီးရှား နိုင်ငံ၊ Batam ကျွန်းသို့ အလယ်တစ်ခေါက် ရောက်ခဲ့သည်။ ကျောင်းမပိတ်ခင် စာမေးပွဲတွေ ဖြေနေကတည်းက ခရီးထွက်မည်ဟု အားခဲထားခဲ့ရာ အစ်မ တစ်ဝမ်းကွဲ သူငယ်ချင်းများနှင့် အတူသွားဖြစ်ခဲ့သည်။ မြန်မာ အစိုးရသစ် သမ္မတအသစ် တက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများအတွက် အ၀င် Visa မလို၊ passport နှင့် student pass ပြလျှင် နိုင်ငံတွင်း ၀င်၍ရသည်။

ကျွန်တော် ပြောချင်သည်က ကမ်းခြေ လှပုံကို မဟုတ်။ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှား တူညီသော အချက်များကို ပြောပြချင်သည်။ မြန်မာနိုင်ငံသား ဆိုတော့လည်း ရောက်လေရာ ကိုယ့်နိုင်ငံ နဲ့ပဲ ယှဉ်ယှဉ်ပြီး ပြောတတ်တာ အပြစ်တော့ မဆိုသာပါ။ မြို့တော် Jakarta တွင်တော့ ဤသို့ ရှိဟန် မတူပါ။ ဒီ့ထက် များစွာ ပိုတိုးတက်သော ဗဟို စီးပွားရေး အချက်အချာ မြို့ဟု ဖတ်ဖူး၊ ကြားဖူးပါသည်။ Batam မြို့ထဲသို့ ကားငှားသွားဖြစ်ခဲ့ကြသည်။ လမ်းများ၊ ကားများ၊ အိမ်များ၊ အဆောက်အအုံများသည် မြန်မာနိုင်ငံနှင့် အတော်ကြီးကို ဆင်တူသည်။ လမ်းများသည် ဖုန်၊သဲ အနည်းငယ် ထူသည်။ တခါတရံ မြေနီလမ်း တွေပင် ရှိသည်။ တောင်ကုန်းတွေ ပေါသည်။ လမ်းတွေဖောက်ဖို့ တောင်ကုန်းတွေကိုလည်း မိုင်းခွဲ ဖြိုချထားပုံရသည်။ တ၀က်တပျက် အပြို အပဲ့တွေနဲ့ပေါ့။ ကျွန်တော်တို့ ရန်ကုန်လမ်းများထက်တော့ အနည်းငယ် ပိုဖြူးသည်။ လမ်းပေါ်မှ ကားများကတော့ ရန်ကုန်က ကားတွေလိုပါပဲ၊ ခပ်စုတ်စုတ်။ လေးဘီးကား ပုံစံမျိုး တွေလည်း တွေ့ရသည်။

အော်.. ပြောရင်းနဲ့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလိုများ ဖြစ်ကုန်ပြီလားဗျို့။ မဟုတ်ရပါဗျား။ တစ်နေရာ တစ်နေရာ ဆက်သွယ်သွားလာရန် ခက်ခဲသည်။ မြန်မာနိုင်ငံမှာလို ၃၉၊ ၄၆ တစ်စီးပြီး တစ်စီးလာဖို့ မပြောနှင့်။ ဘတ်စ်ကား လုံးဝပင် မတွေ့ခဲ့ရ။ Taxi အနည်းငယ်သာ ရှိသည်။ ဟိုတယ်မှ Taxi ကို နေ့ပြတ် ငှားထားသဖြင့်သာ အနေချောင်တော့သည်။ ကားခ ကလည်း အင်မတန် ဈေးကြီးသည်။ ကားဆရာ ပြောတာက ဒီမှာ ဆီဈေး ကြီးသည်တဲ့။ Shopping mall တွေကလည်း ရန်ကုန်က shopping centre များနှင့် ဖွဲ့စည်းထားပုံ display အတော့်ကို ဆင်တူသည်။ မတူတာ တစ်ခုကတော့ ကြည့်လေရာ ပါတိတ်များသာ ရောင်းနေကြခြင်း။

တစ်ဖွဲ့လုံး အင်ဒိုစကားလည်း တစ်ယောက်မှ မပြောတတ်ကြ။ ကားဆရာ ဦးလေးကြီးကလည်း အင်္ဂလိပ်လို မပြောတတ်။ အဲ့မှာ စတွေ့ကြတာပဲ။ ကျွန်တော်တို့ နေ့လည်စာစားမည်၊ ပင်လယ်စာ စားချင်သည်၊ စားကောင်းသည့်ဆိုင် လိုက်ပို့ပါ.. ဆိုသည်ကို ခြေဟန်လက်ဟန် အမျိုးမျိုးပြ၍ အတူတူသွားကြသော အစ်ကို တစ်ယောက်နှင့် ကားဆရာ communicate လုပ်သည်။ အတော်ပြောယူပြီး နောက်ဆုံး ကားဆရာ သဘောအပေါက် လွန်သွား၍ထင့်၊ ရှယ်တကာ့ ရှယ် seafood ဆိုင်ကို ရောက်သွားသည်။ ငါး၊ ပုဇွန်၊ ဂဏန်း မျိုးစုံကို ကန်လိုက် အရှင်မွေးထားသည့် ဆိုင်ကို ခေါ်သွားသည်။ ကြိုက်သည့် အကောင် ရွေးပြီး တွယ်ကြတော့သည်။

အားလုံးစားအပြီး ပိုက်ဆံရှင်းတော့မှ စကွိုင်တက်တော့သည်။ အင်ဒို ပိုက်ဆံက အလွန်သေးသည်ကိုး။ မြန်မာ ကျပ်ငွေထက်ပင် တန်ဖိုး ၁၀ ဆ ပိုငယ်သေးသည်။ SGD 1 dollar ကို Indo 7000 ပေါက်သည်လေ။ ဂဏန်းပေါင်းစက်နဲ့ တွက်ယူလိုက်ရတဲ့ ပိုက်ဆံ၊ ခေါင်းတွေကို မူးလို့။ နည်းတဲ့ သုည တွေ မဟုတ်ဘူး၊ တန်းစီနေတာ။ ဟိုတယ်မှာ ညစာပြန်စားကြတော့လည်း million နှင့် ချီ၍ ကျသည်။ အော်၊ ရန်ကုန်က သူဋေးတွေ ဒီလာနေရင် အကုန်လုံး millionaire တွေ billionaire တွေ ဖြစ်ကုန်ကြတော့မှာပဲ။ နှိပ်ဟ.. XD

ကမ်းခြေကတော့ လှသည်။ Water activities များ ကစား၍ ကောင်းသည်။ ကျွန်းက ခပ်သေးသေး၊ တောင်ကုန်း ခပ်မြင့်မြင့်လေးပေါ် ရှိတာဆိုတော့ ခပ်ပုပု Bungalow လေးတွေကို မြင်ရသည်မှာ မှိုလေးများ တန်းစီ တစ်ခုပေါ် တစ်ခု ထပ်ပေါက်နေပုံနှင့်တူသည်။ Iphone camera မှလွဲ၍ ကင်မရာ ကောင်းကောင်း မစုဆောင်းထားမိသော ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ခဲ့သည်။ ဓာတ်ပုံရိုက် ၀ါသနာ ပါ၍ မဟုတ်။ ကမ်းခြေ ရှုခင်းများ လှလွန်းသောကြောင့်သာ။

ကျွန်တော့် ၀သီအတိုင်း အိမ်တစ်အိမ်ကို ကြည့်လျှင် ခေါင်မိုးကို အလွန် စိတ်ဝင်တစား လေ့လာမိသည်။ ယခင် အနည်းငယ် သင်ခဲ့ဖူးသည့် ဗိသုကာပညာ ဗဟုသုတအရ အိမ်တစ်အိမ်၏ အမိုးကို ကြည့်ခြင်းအားဖြင့် အဆိုပါဒေသ၏ ရာသီဥတု ကို အနည်းနှင့်အများ ခန့်မှန်းနိုင်သည်တဲ့။ မိုးများသည့် အပူပိုင်းဒေသ ဖြစ်သည့်အလျောက် Structure ကောင်းကောင်း၊ တုတ်တုတ်ခိုင်ခိုင် slab များဖြင့် ထောက်ကန်ထားသော အိမ်ခေါင်မိုး ချွန်ချွန်လေးများကို ခရီးတစ်လျှောက် တွေ့ခဲ့ရသည်။ နေချင်စဖွယ် ကောင်းလှသော၊ human comfort ပေးစွမ်းနိုင်သော အိမ်လေးများစွာ။ ရန်ကုန်က ကန်ထရိုက်တိုက်တွေနဲ့ သွပ်မိုးတွေကို အဲ့လို ပြောင်းပစ်လို့ရရင် သိပ်ကောင်းမှာပဲ ဟု တွေးမိသည်။


အထပ်ထပ် စီရီနေသော ချစ်စရာ အိမ်ခေါင်မိုးလေးများ

ဒီတစ်ခါ ကမ်းခြေသွားတာ လုံးဝ အသားမမဲ နေမလောင်ပါ။ Sunblock များ အသားမုန်း အထပ်ထပ် ကာကွယ်ထားခြင်း၏ အကျိုးကျေးဇူးတည်းသာ။ ထိုကျွန်းလေးသည် ပျော်စရာ ကောင်းသည်။ ဆွေးစရာလည်း ကောင်းပါသည်။ လွမ်းစရာကောင်းသော ထိုခရီးကို ပျော်တတ်သော လူတစ်သိုက်နှင့် သွားခဲ့ရသည့်အတွက် အတော်ရယ်ခဲ့ရပါသည်။ အစအနောက်သန်သူများ ပါသည်ကိုး။ အဖော်ကောင်းလျှင်တော့ တကယ့်ကို စိတ်ပြေလက်ပျောက် ခရီးပါပဲ။ ဒီ semester ပြီးလျှင်လည်း ထပ်သွားလည်နိုင်ဖို့ အခွင့်အရေးကို မျှော်လင့်ထားပါသည်။

ကြယ်ကြွေချိန်

ရောဂါ

“ကျတတ်လွန်းတဲ့ စိတ်ဓာတ်
မြေလွှာကို ဖောက်ထွင်းပြီး
အ၀ီစိထိ ဆင်းဖို့ ကျင့်ကြံနေသောခါ
ရော...ဂါ...”
IC ပြန်ဆိုထားသော စောဖွဲ့မှူး၏ “ရောဂါ” သီချင်း နီးရပ်ဝန်းကျင်မှ ပျံသန်းလာသည်။

ကျွန်တော့်အား တစ်စုံတစ်ယောက်က “ယခုလက်ဝယ် သင့်ခံစားချက်အား ဝေမျှပါ” ဟု မေးလာသော် ကျွန်တော် အထက်ပါ သီချင်းကို ဆိုပြမိပေမည်။ ဤကမ္ဘာလောက၌ အဖြစ်အပျက် အလုံးစုံဟူသည် အကျိုးရှိ၍ အကြောင်းရှိရသည် မဟုတ်ပါလော။ ထိုနည်းတူ ကျွန်တော် ဤသို့ဤပုံ ခံစားရသည်မှာလည်း အကျိုးနှင့်အကြောင်းနှင့် ရှိပါသည်။ ပဏာမ အနေဖြင့် ကျွန်တော့် အကျိုးအကြောင်းကို မှန်းဆကြည့်နိုင်ရန် အလို့ငှာ အောက်ပါစာပိုဒ်ကို ရှုပါလော့၊ မိတ်ဆွေ။

ကျွန်တော်၏ ဖြူနုနု အသည်းတစ်စုံကို မြေတူးစက်နှင့် ကလော်ကာတစ်မျိုး၊ လမ်းကြိတ်စက်ဖြင့် ကြိတ်ပြီးတစ်ဖုံ၊ မြင်းကောင်ရေ တစ်ရာအားရှိ မော်တာဖြင့် စုပ်ယူ ချေဖွ ဖျက်ဆီးကာ ပုရစ်တစ်ကောင်ပမာ အရှင်လတ်လတ် မီးမြှိုက်၍ တဂျွတ်ဂျွတ်မြည်အောင် သုံးဆောင်ပြီးသကာလ သူမထံတွင် မည်သည့် အရာများ မြတ်သွားပြီး ကျွန်တော့်ထံတွင် မည်သည့် အရာများ (အကောင်းပကတိအတိုင်း သို့မဟုတ် ပျက်စီးပြီးသော အကြွင်းအကျန် အစအနများ) ကျန်ရှိပါသနည်း၊ မိတ်ဆွေ။ ခွဲခြမ်းစိတ်ဖြာပါလော့။

သူမ နှုတ်ခမ်းဖျားမှ ပွင့်အံကျလာသော “ချစ်တယ်” ဟူသော ဝေါဟာရလေးအပေါ်တွင် ကျွန်တော် သာယာခဲ့ဖူးပါသည်။ ထိုတခဏလေး၌ ကျွန်တော့်ကိုယ်ကျွန်တော် ဤကမ္ဘာပေါ်တွင် အပျော်ဆုံးသော ပုထုဇဉ်ဟုလည်း ကင်ပွန်းတပ်ခဲ့ဖူးပါသည်။ ကျွန်တော့်တွင် ချမ်းသာသမျှသော အလုံးစုံသည် သူ့အတွက်ဟု ရည်ရွယ်ပေးခဲ့ဖူးပါသည်။ သူ့အတွက်ဆိုလျှင် ကျွန်တော် မည်သည့်အရာကိုမဆို ရင်ဆိုင်ဝံ့သည်ဟုလည်း ခံယူခဲ့ဖူးပါသည်။ ယုတ်စွအဆုံး တစ်နေ့ သူကျွန်တော့်ကို ထားရစ်ခဲ့လျှင်တောင် တခြားသူ၏ ရင်ခွင်ဝယ် ပြုံးပျော်နေသည်ကို မြင်ရလျှင် ကျေနပ်ပြီဟုပင် မုဒိတာပွားခဲ့ဖူးပါသည်။

သူသည် ကျွန်တော့်အပေါ် တန်ခိုး သြဇာတိက္ကမ လွှမ်းမိုးနိုင်သည့် ဘုရင်မ ဖြစ်သလို ကျွန်တော်၏ နေ့ရက်များ စိမ်းလန်းစိုပြည်လာအောင် ပေါင်းသင်ပေးသော ဖန်ဆင်းရှင်လည်း ဖြစ်ပါသည်။ ကျွန်တော်၏ ဟာတာတာ အာကာသ ဟင်းလင်းပြင်ကြီးထဲ ဆေးရောင်စုံ ပန်းချီကားများဖြင့် အသက်သွင်းပေးခဲ့သည်။ တစ်ကောင်ကြွက် ကျွန်တော့်ကို “မေတ္တာ ဆိုတာဘာလဲ”ဆိုသည့် မေးခွန်းကိုလည်း အဖြေပေးခဲ့သည်။ အာဏာပြင်းလွန်းသည့် သူသည် ကော်ဖီ မကြိုက်သော ကျွန်တော့်ကိုပင် ဘလက်ခ်ကော်ဖီခါးခါးတစ်ခွက်ကို တစ်ရှိုက်မတ်မတ် နမ်းရှုံ့တတ်အောင် သင်ပေးခဲ့သည်။

သူမ၏ အချစ်သည် ဤမျှပင် ပြီးပြည့်စုံခဲ့သော်လည်း ကျွန်တော့်ဘက်ကမူ သူမ တပ်မက်သော နွေးထွေးမှုမျိုးဖြင့် လက်လှမ်းမကြိုနိုင်ခဲ့ပါ။ တစ်နေ့တာ၏ မနက်ခင်းအစတွင် ကျွန်တော့်ထံမှ “ထွေး... နိုးပြီလား” ဟု ဖုန်းဆက်၍ တယုတယ မေးထူးသံကို သူမ တောင့်တသော်လည်း အေးစက်စက် ကျွန်တော့်မှာ ပေးစွမ်းနိုင်စွမ်း မရှိခဲ့ဟု ၀န်ခံရသော် အခါနှောင်းလေပြီ။ အရာရာ နှောင်းခဲ့သော ယခုအချိန်တွင်မူ ကျွန်တော့် ရင်ထဲက လူအများ အချစ်ဟု သမုတ်ကြသော အရာသည် သူကြိုက်တတ်သည့် ကော်ဖီခါးခါးကို Creamer မပါဘဲ သောက်ရသလို ပေါ့ရွှတ်ရွှတ်ကြီး။

ခပ်ပြင်းပြင်း အသက်ရှူသံများအကြား သူမ၏ ခပ်ဖွဖွ ရှိုက်သံက ကျွန်တော်၏ အသဲ အူ ကလီစာ အစုံပလုံကို အချွန်ဖြင့် ဆွနေသလိုပင်။ နာသည်။ သို့သော် အတွင်းဒဏ် ကျလွန်းသဖြင့် ကယ်နိုင်မည့် ဆေးမရှိတော့။ အနာကို အပြင်ပန်းမှ အချိုရည် ဆမ်းထားသော အပြုံးဖြင့် ဖုံးအုပ်ထားသဖြင့် ကုသပေးနိုင်မည့် ဇီဝကလည်း ရောဂါ ယင်းမြစ် ရှာမတွေ့နိုင်တော့။ ယခုချိန်တွင် ကျွန်တော် ငမိုက်သား ငနဲတစ်ကောင်အား ကိုယ်ချင်းစာနိုင်မည့်သူ မည်သူ တစ်ဦးတစ်ယောက်ကိုမှ မမျှော်လင့်တော့ပါ။ နောင်တစ်ချိန် ဤအဆိပ်ပြင်းပြင်း အတိတ်ကို ပြန်စောင်းငဲ့ကြည့်သော် "ကိုယ့်ထိုက်နှင့် ကိုယ့်ကံပင် ရှိပါစေတော့လေ" ဟု ကံကို ပုံအပ်ခဲ့ရသည့် လူညံ့တစ်ယောက် ဤပလက်ဖောင်းပေါ်တွင် ခေါင်းငိုက်စိုက်ဖြင့် တွေတွေ ရပ်နေခဲ့ဖူးသည် ကို တွေးရယ်နေမိမည်။

သို့နှင့် စက္ကန့်အနည်းငယ် အတွင်း ကျွန်တော့် အချစ်ဦးသည် ကျွန်တော်နှင့် ဆန့်ကျင်ဘက် လားရာအရပ်ကို ခပ်ဖြည်းဖြည်း လျှောက်သွားခဲ့ပါပြီ။ ကျွန်တော့် ရင်ဘတ်ထဲမှ အနာသည် အကျည်းတန်သလောက် သူမ၏ ကျောပြင် က မူ ကျော့ရှင်းလွန်းလှပါသည်။

ကြယ်ကြွေချိန်

ဇန်န၀ါရီ

ရွာနေတယ် ငါ့ရင်ထဲမှာ၊ မျက်ရည်မိုးတွေ
အရင်ကလို ချော့ကာစိုး ပေးမယ့် နင်မရှိလို့။

အသက်နဲ့ရင်းပြီး ယုံစားလိုက်ရတာ
နောက်ဆုံးပြန်ရတော့ အရှုံးများသာပေါ့

ဒါလည်း အမှတ်သညာ မရှိပါဘူး
တစ်ရက် အခါတစ်ရာမက နင့် စာတွေ ပြန်ပြန်ဖတ်
နင့် ပုံတွေ ပြန်ပြန် ကြည့်ရင်း ပြုံးရ ငိုရနဲ့။

မပြီးနိုင်တဲ့ ပြဇာတ်ဟောာင်း တစ်ပုဒ်ကို ပြန်ကရဦးမယ့်
ဒီခြောက်ကပ်ကပ် ဇန်န၀ါရီ။

ဘယ်တော့များမှ နင် ငါ့ရဲ့ ပေါ့ရွှတ်ရွှတ် ကဗျာတွေထဲက ထွက်သွားမှာလဲ။

ကြယ်ကြွေချိန်

Monday, January 9, 2012

A new battle starts! (Y2T2)

I am gonna have my first class of the semester in about 3 hours. I still can't believe that December holidays are over.. too short holidays! :X It will be a lie to say that I am not excited at all about this sem. To be honest, I am a little bit scared, too.

All my excitement and fear are gonna be the base of all my thrill and satisfaction for the next 4 months. This sem is the start of my 1-year MC Excos term. I will be serving passionately for MC club with my beloved ExCo members. I had an awesomely fun official photoshoot with them yesterday. Our Exco term's very first performance will be for ICON's LNY in 2 weeks. I feel so enthusiastic and proud to be part of the ExCos. Ahead lies the way to give our best to the community.

Why fear.. I must boost up my academic performance this sem for sure! Gonna challenge myself.. Keep asking myself "Is this the best you can do?" I'm so gonna see to what extent I am capable of.. What I'm made of.. Well, I'll wait and see till the end.. :)

This sem, life's gonna be so filled with a mixture of feelings: fun, excitement, troubles, annoyed, anger, thrill, laughter, chills, etc. This sem is not gonna be just-so-so. I am so gonna enjoy it.. to the max! :)))

Kyel Kywai Chain
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...