Wednesday, May 23, 2012

စက်ရုပ်

ပထမဆုံး အကြိမ် office က computer နှင့် blog ရေးပါသည်။ အလုပ် ပါးနေလို့ပါတော်၊ အချောင်ခိုနေတာ မဟုတ်ရပါဘူး။ မြန်မာ ဇော်ဂျီ ကီးဘုတ်ကို အဆင်ပြေပြေ သွင်းလိုက်နိုင်သည့်အတွက် မြန်မာလို ရေးချင်စိတ် ရုတ်တရက် ပေါက်သွားသည်ပေါ့လေ။

manager တွေလည်း အလုပ်ရှုပ်နေကြသည်။ morning press conference တစ်ခု၊ evening public lecture event တစ်ခု ရှိသည်မို့ အလွန် ရှုပ်ယှက်ခတ်၊ လျှပ်စီးလက်နေကြသည်။ စားစရာတွေလည်း office မှာ စုံနေသည်။ event ပြီးတော့ ကျန်တဲ့ မုန့်တွေပေါ့။ မုန့်တစ်ခု ကိုက်စားရင်း အလွန်ကြိုက်မိသည်။ နုနုအိအိ မွှေးမွှေး ချိုချို ပေါင်မုန့်လေး၊ ဘယ်လို ဖုတ်ပါလိမ့်ဟု စပ်စုတွေးမိသည်။

အလွန် အိပ်ငိုက်ရတဲ့ နေ့တစ်နေ့ပါပဲ။ လုပ်စရာတွေ များနေပေမယ့် ခေါင်း မထောင်နိုင်ဘူး။ ညကလည်း ၈နာရီလောက် အိပ်ထားတာတောင် ဒီမနက် မထနိုင်ဘူး။ ဒီခန္ဓာကိုယ်တော့ something wrong နေပါပြီ။ လူကတော့ something မ wrong ပါဘူး။ မနက်နိုးတာနဲ့ အလုပ်သွား၊ အလုပ်ဆင်းတာနဲ့ ညစာကို အမြန်စား ပြီး meeting ဆက်။ ည၁၁နာရီမှ အိမ်ပြန်ရောက်တာ ၂ပတ်ရှိပြီ။ စက်ရုပ်ဖြစ်နေတာ။

သြော်၊ လတ်တလော ဘ၀ ခါးပုံများ။

ကြယ်ကြွေချိန်

Monday, May 21, 2012

2012 Yangon plan =D

ကြယ်ကြွေချိန် နောက် ၁ လ ကြာရင် ရန်ကုန်ပြန်တော့မည်။ ဒန်တန်တန်
အမိမြန်မာပြည် ကို မပြန်ခင်တိုင်း လုပ်လေ့ရှိသည်။ ဘာတုန်းဟ... သွားလည်ရမည့် ခရီးစဉ်များနှင့် စားရမည့် မုန့်များ စာရင်း =P

အောက်တွင် ရှုပါလော့။

လည်ပတ်ရန်ခရီးစဉ်များ
တောင်ကြီး။ အင်းလေး။ (project recce ဆင်းခြင်း)
ကျန်သော ခရီးစဉ်များ မ plan ရသေးပါ။

မသွားမဖြစ် သွားရမည့် နေရာများ
ရွှေတိဂုံ။ မဟာဝိဇယ။ ဗိုလ်တထောင်။ taw win centre, junction centre mawtin, east point, north point, ဂမုန်းပွင့်။ ဗိုလ်ချုပ်ဈေးသစ်။ လသာ ၂။ Zealots။ ဦးကျော်စွာလင်း ကျူရှင်အိမ်။ AC, BC, MC (lan ma daw), Hospital visit, ဂီတမိတ်။ အမျိုးအိမ်များ။

စားရန်မုန့်များ (Shaloot!)
ရှမ်းခေါက်ဆွဲ။ တို့ဟူးနွေး။ လမ်း ၂၀ အပေါ်လမ်း အဘိုးကြီး ဆီချက်။ ဖက်ထုပ်။ ကောက်ညှင်းထုပ်။ မင်းလမ်း ရခိုင်မုန့်တီ။ လက်လုပ် ထန်းလျက် မုန့်လက်ဆောင်း။ ဂဏန်းပျော့ကြော်။ မြောင်းမြ ဒေါ်ချို မုန့်ဟင်းခါး။ လမ်းဘေး မန်ကျည်းရည်။ ကျောက်ကျောရည်။ အုန်းနို့ခေါက်ဆွဲ။ အိုးလေး ဒိန်ချဉ် (ထန်းလျက်)။ မုန့်လင်မယား။ မုန့်ပစ်စလက်။ အပေါ်လမ်း ရေမုန့်။ ရွှေပုဇွန် ဖာလူဒါ။ ၁၃ လမ်းထိပ် city mart နား အအေးဆိုင်။ စဥ့်အိုးတန်း မွှေးမွှေး အအေးဆိုင် (红豆!!!), 77 chocolate and cheese cake။ KSS ဒန်ပေါက်။ Season cafe, Coffee circle နှင့် mother ကြီး + ar yi လက်ရာ အားလုံး။

ဘာကျန်သေးလဲမသိဘူး စဉ်းစားစမ်း...

နည်းနည်း လွန်သွားပြီ။ သည်းခံပါခများ။ LOL :D

ကြယ်ကြွေချိန်

Sunday, May 6, 2012

I believe in "fate" || Rooftop Prince

http://www.youtube.com/watch?v=avQbLFkeQ-0&feature=endscreen&NR=1

I was so absorbed in this K drama recently. It's still currently aired, and seriously, i can't wait for more episodes to come. The reason to like this drama (apart from the actor being too handsome.. oppa, saranghae.. XD) is the plot LOL! It features the fate of the two people, whenever and wherever they are.

Umm.. yah.. Cut it short, I like this drama because I believe in fate, too. :D



(Pictures from Google.)

Kyel Kywai Chain

Wednesday, May 2, 2012

What happens in exam hall

Clock is ticking,
Genie is wishing,
Facilitator is watching,
And you are shaking!

Ding dong ding dong!

XD


Kyel Kywai Chain

Wednesday, April 25, 2012

ဆူး

ဆူး...

သွားရင်းလာရင်း ဆစ်ခနဲစူးတဲ့ ဆူးလိုပေါ့...
အမှတ်တမဲ့ပါပဲ။

ကြည့်လိုက်တော့ ခပ်သေးသေးပေါ့...
သို့ပေမင့် ကြာလေ နစ်ဝင်လေပဲ။

ဟာ ဒီဆူး... ဒုက္ခပေးလှချည်လားဗျာ...
ငါဆွဲနှုတ်လိုက်ရ... ကဲကွာ။

နှုတ်ပြီးတော့လည်း ဆူးပေါက်ကျန်ခဲ့တယ်...
အနာ က မကျက်ဘူး။

အနာကျက် သွားတော့လည်း ဖျောက်မရတဲ့ အရာကျန်ခဲ့တယ်...
အမာရွတ်။

အဲ့ဒီဆူး...
နှုတ်ပစ်ရမလား။
အနာရင်းခံရမလား။
အမာရွတ်ကျန်ခံရမလား။

ကြယ်ကြွေချိန်

Saturday, April 21, 2012

ပေါက်ကရ ၃

ပြတင်း မှန်ပေါ် မိုးစက်တွေက တဖြောက်ဖြောက်နဲ့
အေးစိမ့်စိမ့် မိုးလေအေးက လိုက်ကာဖြူဖြူကို ကျီစယ်လေရဲ့၊
အရာအားလုံး ဘေးချိတ်ပြီး ခုန်ပေါက်ကာ ကလိုက်ချင်ရဲ့
သို့ပေသော်လည်း အဆောင်ခန်းက ကျဉ်းပါဘိသနဲ့။

စိတ်အာရုံများ မနည်းကြီးကို စုစည်း
jalan jalan သွားချင်စိတ်များ အောင့်အည်း
ရုပ်ရှင်ကြည့်ချင်စိတ်များ ချုပ်တည်း
ဤ law စာအုပ် အထူကြီးကို မေတ္တာပို့ပုံက... ကျွန်ုပ်သည် ၄င်းအပေါ် သစ္စာရှိပါမည်၊ ၀သုန်မြေမဟီး။

ဦးနှောက်ထဲ ဥဒဟို ပြေးလွှား
တနင်္လာနေ့ စာမေးပွဲပြီး ဘာလုပ်ရမလဲ အတွေးများ
အခုလောလောဆယ် စားနေရတာက အစာကြေဆေးပြား
ဟိုသီချင်းထဲကလိုပေါ့...အောင်ပါစေ~~ ဆုတောင်းများ။

မကြာခင် ရတော့မည်က ခိုမာ.. (Coma)
မနှိပ်စက်ပါနဲ့ဟဲ့ အိတ်ဇန်းဖီဘာ... (Exam Fever)
ပါးစပ်က တတွတ်တွတ်ဆိုနေတာ က Chris Rene Rap... Life's too short, gonna live it long~~~
ခုချက်ချင်း ပြောင်းဆိုမယ်ဟေ့.. "ရဲဘော်၊ ပြန်သွားလုပ်စမ်း... စာ!"
အော်.. ရယ်..

ကြယ်ကြွေချိန်

Tuesday, April 17, 2012

နှစ်သစ်ဆုတောင်း

သင်္ကြန်လည်း ပြီးသွားပြီ
facebook newsfeed လည်း ရစရာ မရှိတော့ဘူး...
သင်္ကြန်တွင်းက မြင်မကောင်းစရာ ဓာတ်ပုံတွေနဲ့။

စာမေးပွဲတွေလည်း ဖြေလိုက်ရတာ ဖတ်ဖတ်မော
ဒါတောင် အကြီးဆုံးအလုံးကြီး ကျန်သေးတယ်
LAW...

အဲ... တကယ်တော့ ရေးချင်တာက နှစ်သစ်ဆုတောင်းပါ
ဘာတွေ ရေးမိနေမှန်းလည်း မသိဘူး
အော်... ရယ်... :P (USA Myanmar song :P)

ဒီနေ့ နှစ်ဆန်း တစ်ရက်နေ့ ဆိုတော့ အင်း... ကောင်းမှု ကုသိုလ်လေးဘာလေး လုပ်သင့်တာပေါ့
ကျနော်တော့ ခုနလေးတင် စာမေးပွဲ တစ်ခုဖြေထားတာ
လူက ကြောင်နေ ပြီ (ကြောင်ဖြစ်နေတာ မဟုတ်ဘူးနော်)
ဟော ကြည့်... ဘာတွေ ရေးနေမှန်းလည်း မသိဘူး... ကြောင်တောင်တောင်နဲ့...

ကဲပါ...
သူငယ်ချင်းများ အားလုံး စာမေးပွဲတွေ ကောင်းကောင်း ဖြေနိုင်ကြပါစေ။
ဖြေသမျှ မှန်ပါစေ။ ရတာပဲ မေးပါစေ။ ကျက်ထားတာပဲ ပါပါစေ။
ကြီးစေ၊ မာစေ၊ ရှည်စေ၊ ကြာစေ... (ဟိုက်.. ဒုတ်ကောက်ပဲ XD)(PS: အသံထွက်ဖတ်ရန်) :P
ကဲကဲ... နှစ်သစ် မှာ ပျော်ရွှင်ကြပါစေ။ =)

ကြယ်ကြွေချိန်

Saturday, April 14, 2012

Sick ah...

ခေါင်းကိုက်သည်
မျက်လုံးများစပ်သည်
အသက်ရှူထုတ်သော လေများ ပူနေသည်
လမ်းလျှောက်ရင် ကိုယ့် ခြေထောက်ကိုယ် မသယ်နိုင်
ခံတွင်းပျက်နေပေလို့ပဲ... စားသမျှ အကုန်ဝင်သည်
နှုတ်ခမ်းများ ဖြူဖပ် စုတ်ပြတ်လို့
လူကတော့ down ပေါ့...
လမ်းလျှောက်ရင် ကိုင်းကိုင်း ကိုင်းကိုင်းနဲ့
ခါတိုင်းလို မဟုတ်
စာမေးပွဲကလည်း ကျောချင်းကပ်
စာကလည်း မပြီးသေး တစ်ပုံတစ်ပင်
ခုတော့ မျက်ခွံများ လေးသည်
ထိုးအိပ်တော့မည်။

ကြယ်ကြွေချိန်

Tuesday, April 10, 2012

လတ်တလော တပ်မက်ခြင်းများ

တပ်မက်ခြင်းများ လို့ ခေါင်းစဉ် တပ်လိုက်လို့ အလွန်တရာ ရမ္မက်ကြီးရာ ရောက်သွားပါတယ်။ အဲ့လိုတော့ မဟုတ်ရပါဘူး။ အင်း... ဟုတ်ပါတယ်... တကယ်တော့ လုပ်ချင်နေတာတဲ့ အရာတချို့ပါပဲ ဟဲဟဲဟဲ... နောက်တာပါ။ မိတ်ဆွေရေ... အောက်ကစာလေး ဖတ်ပြီးတော့ ကျွန်တော် တကယ် ရမ္မက် ကြီးမကြီး ဆုံးဖြတ်ကြပါ ဟရို့။

စာမကျက်ချင်ပါ။ ကျောင်းမတက်ချင်ပါ။ (မဖြစ်နိုင်မှန်း သိသော်လည်း တောင်တွေးမြောက်တွေးပေါ့။)
အလုပ်လုပ်ချင်ပါသည်။ အောက်ခြေသိမ်းဆိုလည်း မမှုပါ။ ထမင်း မငတ်ရုံ ၀င်ငွေ ရှိလျှင် အဆင်ပြေပါသည်။

ဒီပညာတွေ မသင်ယူချင်တော့ပါ။
ဘာသာစကား အသစ်များသာ သင်ယူချင်ပါသည်။

လူထက် စိတ်က ပိုပင်ပန်းပါသည်။
သံယောဇဉ် မထားချင်ပါ။ အရာအားလုံး မေ့ဖျောက်ချင်ပါသည်။

စိတ်ရှုပ်ပါသည်။ အာရုံနောက်ပါသည်။
အနီးနားတွင် လူအများကြီး မလိုလားပါ။ မှန်ကန်သူ တစ်ယောက် ထဲသာ လိုချင်ပါသည်။

အထီးကျန်ပါသည်။ နေ့လည်စာ ညစာ များ တစ်ယောက်ထဲ မစားလိုပါ။
ဒီကျွန်းပေါ်တွင် တစ်ကိုယ်တည်း မနေလိုပါ။ အိမ်ပြန်ပြီး မိသားစုနှင့် နေလိုပါသည်။

ကဲ.. မိတ်ဆွေရေ.. ကျွန်တော်ရမ္မက်ကြီးသလားဗျာ..

ကြယ်ကြွေချိန်

Monday, April 9, 2012

ခရီးများ အဆုံးထိ လျှောက်


(Disclaimer: လေးဖြူသီချင်း မဟုတ်ပါ။)

ကျွန်တော့် ဘ၀က ခါးတယ်။
အဆိုးတွေ ကြုံခိုက် မျက်ရည်တွေတွေ ကျခဲ့ဖူးတယ်၊
ရှေ့ဆက်လှမ်းရမယ့် ခြေလှမ်းတွေ တုံ့ခဲ သွားတယ်။

အနက်ရောင် မျက်ဝန်းက အသက်မဲ့နေခဲ့လို့
ပန်းနုရောင် နှုတ်ခမ်းက လှမ်းပြီး တောင်းပန်တယ်
"လက်မလျှော့ ပါနဲ့ကွာ" တဲ့။

ကိုယ့်ကိုယ်ကို မှန်ထဲ ပြန်ကြည့်မိတယ်
နုပျိုဆဲ ငယ်ရွယ်ဆဲပဲ၊
အားခဲပြန်တယ်...
ဟာ.. ဒါလောက်လေးများ ဘာလို့ မလုပ်နိုင်ရမှာလဲ။

ကော်ဖီမသောက်တော့ပေမယ့် အိပ်မပျော်တဲ့ ညတွေ များပြီ
ညတိုင်း ရွတ်တဲ့ သြကာသ၊ ကျွန်တော့်ကို စောင့်ရှောက်မယ်လို့ အမြဲယုံကြည်နေဆဲ
ဘာဖြစ်လဲ... တုံးတိုက်တိုက် ကျားကိုက်ကိုက်
ခရီးများ အဆုံးထိ လျှောက်မယ်
မျှော်လင့်ချက်တွေတော့ မသေဆုံး စေနဲ့။


ကြယ်ကြွေချိန်

(လေးဖြူ သီချင်း တော့ မဟုတ်ပါ။
အဲ့ သီချင်းကြောင့် ဒီ post ရေးဖို့ motivation ရတာတော့ အဟုတ်ပါ။
စာဖတ်သူများ စိတ်အား တက်ကြွ လာစေရန် ရည်ရွယ်ပါတယ်။
ဒါဖတ်ပြီး ဆန့်ကျင်ဖက်ဖြစ်သွားရင်တော့ ကျွန်ုပ် စာရေး ညံ့လို့ပေါ့။)

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...