Friday, February 3, 2012

3 February 2012

ဒီဘက်စွန်း

ဒီမနက်က ကျောင်းသူလေး တစ်ယောက်နဲ့ ကျွန်တော် consultation ရှိခဲ့တယ်။ Prof ဆိုတော့ ကျွန်တော့်မှာ ကိုယ့်ကျောင်းသူ ကျောင်းသားတွေရဲ့ academic details ကို access ရှိတယ်လေ။ သူမရဲ့ performance တွေက အတော် အားနည်းနေတာ တွေ့ရတယ်။ major ဘာသာတွေနဲ့ ပတ်သက်လို့ အမှတ်တွေက အားရစရာ မရှိဘူး။

သူ ရောက်လာတော့ ကျွန်တော်က ပွင့်ပွင့်လင်းလင်း စကားစပေးရတယ်။ ဘာ Problem တွေ ရှိသလဲ၊ ဘာလို့ စာဘက်မှာ အားနည်းနေတာလို့ ထင်လဲ၊ ဘာညာပေါ့။ တကယ်တော့ သူ့ details ကို ကျွန်တော် သိပြီးသားပါ။ ကျွန်တော့်ဘက်က သူ့ကို အားမလို အားမရ ဖြစ်နေသလောက် သူကတော့ ခပ် အေးအေး ဆေးဆေး သမား၊ စကားပြောရင် ပြုံးပြုံးပြုံးပြုံးနဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ "ဟဲ့၊ နင် စာကို လိုချင်စိတ်မရှိဘူးလား။ နင် ဒီလောက်တောင်မှအဖြစ်မရှိဘူးလား" လို့ အော်မေးလိုက်မိတယ်။ သူကတော့ လေသံ ခပ်ငြိမ်ငြိမ် တိုးတိုးနဲ့ပဲ သူ့ အခက်အခဲ တွေ၊ သူ့ ထင်မြင်ချက်တွေကို ပြောပြနေတယ်။

CCA ဘက်မှာ Commitment တွေ များနေလို့ ခုလက်ရှိမှာ စာဘက်ကို သိပ် အချိန်မပေး နိုင်ကြောင်း၊ Time management crisis ဖြစ်နေကြောင်း၊ CCA ကို လျှော့ပစ်လို့ မဖြစ်နိုင်တဲ့ အတွက် စာကို တစ်ဘာသာ လျှော့ယူချင်ကြောင်း ပြောပြီး ကျွန်တော့်ဆီက အကြံဥာဏ်တွေ တောင်းပါတယ်။ ကျွန်တော်က ခပ်ပြတ်ပြတ်ဘဲ ပြန်ပြောလိုက်မိပါတယ်။ "ငါ့ အတန်းကို အပြည့်အ၀ concentration မပေးနိုင်တဲ့ ကျောင်းသူ တစ်ယောက်ကို ငါ ကူညီဖို့ စိတ်မ၀င်စားဘူး။ နင် ဘာလိုချင်တယ်၊ ဘာလုပ်မယ် ဆိုတာ စိတ်ဆုံးဖြတ်ပြီးမှ ငါ့ဆီ ပြန်လာခဲ့။ ကူညီပေးဖို့ အသင့်ပဲ"။ သူမက "ဟုတ်ကဲ့၊ ကျွန်မ ဆုံးဖြတ်ပြီးရင် prof ကို အကြောင်းပြန်ပါ့မယ်" ဟု ဖြေ သွားခဲ့တယ်။

မိနစ် ၂၀ လောက် စကားတွေပြောပြီး သူမ ပြန်သွားခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီကလေးမ မလွယ်ဘူး၊ အေးသလောက် အတော် ခေါင်းမာမယ့် ပုံပဲ ဟု တွေးမိသည်။ ခဏနေ အတန်းကို သူမ လာတက်၊ မတက် ကြည့်ကြတာပေါ့လေ။ သူမ ကောင်းဖို့ အတွက် ကျွန်တော် စေတနာနဲ့ ပြောရာကနေ လေသံ မာသွားခဲ့ကောင်းတယ်။ တက္ကသိုလ် ကျောင်းမှာ အမှတ်ကောင်းကောင်း မရရင် နောင်တစ်ချိန် အလုပ်ရှာတဲ့အခါ အခက်တွေ့မယ် ဆိုတာ နင်မသိဘူးလား လို့ အော်မေးလိုက်ချင်တယ်။ အခုခေတ် ကျောင်းသားတွေ တကယ်ကို အားမရစရာပဲ။

တကယ်လည်း ကျွန်တော် ထင်ထားသလို သူမ အတန်းကို မလာခဲ့ပါဘူး။ သူမ ကိုယ့်ကိုယ်ကို ပြန်လည် ကယ်တင်နိုင်ဖို့၊ self-reflect လုပ်နိုင်ဖို့ပဲ မျှော်လင့်မိပါတယ်။

ဟိုဘက်စွန်း

ဒီမနက်က ကျွန်မ professor တစ်ယောက်နှင့် consultation သွားခဲ့တယ်။ voluntary ပါ၊ compulsory မဟုတ်ပါဘူး။ ကျွန်မက လက်ရှိ စာနဲ့ပတ်သက်လို့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး အကြံဥာဏ်တွေ တောင်းချင်တာ။ Prof မို့လို့ အားကိုးစိတ် ၀င်မိတာလည်း ပါပါတယ်။ သို့ပေမယ့် Prof က စကားပြော အလွန်ပြတ်ပြီး ကြောက်စရာ ကောင်းနေတယ်။ ကျွန်မလို ခေါင်းမာတဲ့ လူတစ်ယောက်အတွက်တော့ သူ့ရဲ့ ခပ်မာမာ လေသံတွေကြောင့် ဘာအကြံဥာဏ် ပေးပေး လက်မခံနိုင်ဘူးလို့ ထင်မိတာပေါ့။

Prof က ကျွန်မရဲ့ academic details အားနည်းတာ တွေကို သိနေတယ်။ အို.. Prof ပဲ၊ ကိုယ့်ကျောင်းသားရဲ့ အချက်အလက်တွေ သိတာ ထူးဆန်းလို့လား။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အရေထူတယ်၊ မရှက်တတ်ပေါင်။ သူမသိလည်း ကျွန်မက ပွင့်ပွင့်လင်းလင်း ပြောပြဖို့ ပြင်ဆင်ပြီးသား။ ကျွန်မဆိုတဲ့ လူက အပေါ်ယံ အေးသလောက် စိတ်မာတယ်၊ စိတ်ပြတ်တယ်လေ။ ကျွန်မအတွက် activities တွေကို လျှော့ပစ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ တက္ကသိုလ် ကျောင်းသား ဘ၀မှာ ကျွန်မ လုပ်ချင်တဲ့ အလုပ်တွေ လုပ်ပြီး ပျော်ပျော်ကြီး နေမယ် လို့ စိတ်ဆုံးဖြတ်ထားတယ်။ MC က ကျွန်မရဲ့ the other half ပဲ။ ဘယ်လိုမှ လက်မလွှတ်နိုင်ဘူး။

Prof နဲ့ စကားပြောနေရတဲ့ မိနစ် ၂၀လေး အတွင်းမှာ ကျွန်မ အတော်ကို သိမ်ငယ်စိတ် ၀င်ခဲ့တယ်။ ကျောင်းစာဘက်မှာ ကျွန်မ အစွမ်းကုန် မကြိုးစားခဲ့ဘူး ဆိုတာ ၀န်ခံပါတယ်။ ဖြစ်သင့်သလောက်တော့ ဖြစ်ထွန်းခဲ့တာပဲလေ။ ဒါပေမယ့် ကျွန်မကို အခြေခံ မခိုင်ဘူးလို့ ပြောတာတော့ သိပ်ဘ၀င် မကျဘူး။ ဘာပဲဖြစ်ဖြစ် ဒါအမှန်တရားပဲ မို့လို့ လက်တော့ခံပါတယ်။ ဒါပေမယ့် သူက လေသံမာကြီးနဲ့ မျက်လုံးကြီးပြူး စိုက်ကြည့်ပြီး ပြောနေတော့ လန့်သွားတယ်။ လန့်သွားတယ်ဆိုတာ ငါက သူပြောသလို အဲ့လောက်ကြီးထိ ဆိုးရွားနေပြီလား၊ ဒါဆို ငါဘယ်လို ရှေ့ဆက်ရမှာလဲ၊ ဗွီဒီယိုခွေတွေ နောက်ပြန်ရစ်သလို ပထမနှစ်ကို အချိန်တွေ နောက်ပြန်ဆွဲပြီး အခြေခံတွေ ပြန်သွားသင်ရမှာလား၊ ငါဘာဆက်လုပ်ရတော့မှာတုန်း.. ဆိုပြီး လျှောက်တွေးပြီး လန့်နေတာ။

ဒီ Prof ကလည်း ဘယ်လိုကြီးလဲ။ ကျောင်းသူတစ်ယောက် အားနည်းနေတာ၊ အကူအညီ လိုနေတာ မြင်ရဲ့သားနဲ့ မသိကျေးကျွန်ပြုပြီး သူ့အားနည်းချက်တွေကိုပဲ နင်းချေပစ်နေသလား၊ ရေနစ်သူ ၀ါးကူထိုးနေသလား လို့ မှားမှားယွင်းယွင်း တွေးမိပါသေးတယ်။ ကျွန်မ စိတ်ထဲ ဆရာသမား တစ်ဦးကို တကယ် မနောကံနဲ့ ပစ်မှားမိခဲ့ပြီ။ အခုပဲ ကန်တော့ပြီး တောင်းပန်ပါတယ် ဆရာရယ်။ ကျွန်မကို ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အရှိကို အရှိအတိုင်း ပြောနေတယ်ဆိုတာလည်း ရိပ်မိပါတယ်။ ဒါပေမယ့် ရုတ်တရက်ကြီး အဲ့လို ကြုံလိုက်ရတာတော့ လည်ချောင်းထဲ ဂလု ဆို အလုံးကြီး တစ်လုံး ဆို့တက်လာတာပေါ့။

တကယ်တမ်းတော့ career ဆိုတာ ကိုယ်တိုင် ခင်းတဲ့ ကိုယ်တိုင် လျှောက်ရမယ့် လမ်းကြောင်းတစ်ခုပါပဲ။ အဲ့လို လျှောက်တဲ့အခါ တစ်ခါတရံ conflicts တွေ၊ constraints တွေ ရှိနိုင်တယ်။ ဒါတွေကို ကျော်ဖြတ်ဖို့ မိဘ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ support လိုတယ်။ ကိုယ့်ဟာကိုယ်လည်း balance ကောင်းကောင်း လုပ်တတ်ရမယ်။ ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်လို့ ပုံသေကားချပ် ဇယားကြီး ချပြပြီး လာခိုင်းစရာ မလိုပါဘူး။ လူကြီးနဲ့ လူငယ်ကြား ပဋိပက္ခ ဆိုတာတော့ ဒီလိုပဲ ရှိတတ်ပါတယ်။ နှစ်ဦး နှစ်ဖက် နားလည်ပေးဖို့ ဆိုတာ ခက်ခဲပေမယ့် လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

Consultation ပြီးတော့ ဒီ အတန်းကို drop ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Prof ကတော့ အကူအညီလိုရင် အချိန်မရွေး လာခဲ့ပါလို့ မှာပါတယ်။ ခုတော့ သူ့ဆို လူက တော်တော့်ကို ရှိန်နေပါပြီ။ တစ်နေ့လုံးလည်း လူက နေလို့ မကောင်းပါဘူး။ အစာမကြေ ဖြစ်သလို၊ ရင်ပြည့်သလို ကြီး။ အသက်ရှူလည်း မ၀ဘူး။ ကြည့်ရတာ stomach ထဲ butterfly တွေ အတော်များသွားတယ်နဲ့ တူတယ်။ anxiety ပေါ့လေ။ ဟာဒယ ရွှင်ဆေးများရှိရင် milo နဲ့ မျှောချ သောက်လိုက်ချင်ပါတယ်။ တကယ်ပါ။ ဒီနေ့ ကတော့ အမှတ်ရစရာ Friday ပါပဲ။ ရှေ့လာမယ့် အပတ်တွေမှာတော့ No more Friday class!!! :D

(ဒီ post မှာ controversial issue အချို့ ရှိပါတယ်။ ကျောင်းသားတစ်ယောက်ရဲ့ university life နဲ့ ပတ်သက်လို့ နှစ်ဖက် အမြင်ပေါ့။ စာဖတ်သူ ထင်မြင်ရာကိုလည်း share သွားနိုင်ပါတယ်။)

ကျေးဇူးတင်ပါတယ်။ :)

ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...