(Disclaimer: လေးဖြူသီချင်း မဟုတ်ပါ။)
ကျွန်တော့် ဘ၀က ခါးတယ်။
အဆိုးတွေ ကြုံခိုက် မျက်ရည်တွေတွေ ကျခဲ့ဖူးတယ်၊
ရှေ့ဆက်လှမ်းရမယ့် ခြေလှမ်းတွေ တုံ့ခဲ သွားတယ်။
အနက်ရောင် မျက်ဝန်းက အသက်မဲ့နေခဲ့လို့
ပန်းနုရောင် နှုတ်ခမ်းက လှမ်းပြီး တောင်းပန်တယ်
"လက်မလျှော့ ပါနဲ့ကွာ" တဲ့။
ကိုယ့်ကိုယ်ကို မှန်ထဲ ပြန်ကြည့်မိတယ်
နုပျိုဆဲ ငယ်ရွယ်ဆဲပဲ၊
အားခဲပြန်တယ်...
ဟာ.. ဒါလောက်လေးများ ဘာလို့ မလုပ်နိုင်ရမှာလဲ။
ကော်ဖီမသောက်တော့ပေမယ့် အိပ်မပျော်တဲ့ ညတွေ များပြီ
ညတိုင်း ရွတ်တဲ့ သြကာသ၊ ကျွန်တော့်ကို စောင့်ရှောက်မယ်လို့ အမြဲယုံကြည်နေဆဲ
ဘာဖြစ်လဲ... တုံးတိုက်တိုက် ကျားကိုက်ကိုက်
ခရီးများ အဆုံးထိ လျှောက်မယ်
မျှော်လင့်ချက်တွေတော့ မသေဆုံး စေနဲ့။
ကြယ်ကြွေချိန်
(လေးဖြူ သီချင်း တော့ မဟုတ်ပါ။
အဲ့ သီချင်းကြောင့် ဒီ post ရေးဖို့ motivation ရတာတော့ အဟုတ်ပါ။
စာဖတ်သူများ စိတ်အား တက်ကြွ လာစေရန် ရည်ရွယ်ပါတယ်။
ဒါဖတ်ပြီး ဆန့်ကျင်ဖက်ဖြစ်သွားရင်တော့ ကျွန်ုပ် စာရေး ညံ့လို့ပေါ့။)
No comments:
Post a Comment