Tuesday, June 5, 2012

အပျင်းရောဂါ

ပျင်းသော post တစ်ခု ထပ်ရေးရပြန်ပြီ။ စာဖတ်သူ ဖတ်ပြီး အကုသိုလ်ပွားလည်း ပွားချင်စရာပင်။ အလုပ်နားသည်။ တကယ်ကို ဘာမှကို မလုပ်ချင် ဘယ်မှလည်း မသွားချင် ပျင်းနေတာ။ ညက ဆွဲထားသော Plan များ တစ်ခုပြီး တစ်ခု ဘာမှ မလုပ်ဘဲ ထိုင်ဖျက်နေသည်။ Kitchen အတွက် ဒယ်အိုးတွေ၊ Hot plate တွေ သွားဝယ်ရန် ရှိသည်။ အ၀တ်လျှော်ရန် ရှိသည်။ အစ်ကိုနှင့် ရေသွားကူးရန် ရှိသည်။ အခန်း သန့်ရှင်းရေး လုပ်ရန်ရှိသည်။ အခန်း ပြောင်းဖို့ ပစ္စည်းများ ထုပ်ပိုးရန် ရှိသည်။ Cityhall မှာ ဖိနပ်သွားဝယ်ရန် ရှိသည်။ ညကျ လည်း Meeting ရှိသည်။ တစ်နေကုန် ရုပ်ရှင်ကားများ ပတ်ရှာ ကြည့် ပြီး တုပ်တုပ်မျှ မလှုပ်။ တစ်ခုပြီး တစ်ခု schedule တွေကို ထိုင်ဖျက်နေသည်။ ကျောင်းပိတ်ရက် ရာသီ ဖြစ်၍ပင် တော်တော့သည်။ ဖတ်မည်ဆိုပြီး ငှားထားသော စာအုပ်များလည်း တစ်အုပ်မျှ မလှန်ရသေး။ နေ့လည်ဖက် တစ်ရေးတစ်မော အိပ်ချင်ပါသည်ဆိုကာမှ ကုတင်ပေါ် တက်ဖို့တောင် ပျင်းနေသည်။ ဤ ဘလော့ဂ် တော့ ရေးဖြစ်သေးသည်။ ငါ့နှယ်နော်... ဒုတ်ကောက် ဒုတ်ကောက်။

ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...