ဖုန်းရဲ့ vibration ကြောင့် တုန်ခါသွားတဲ့ စားပွဲနဲ့ အတူ ကျွန်တော့် စိတ်အစုံလည်း တုန်ခါသွားခဲ့တယ်။ ဖုန်း ကောက်ကြည့်လိုက်တော့ မမြင်ဖူးတဲ့ နံပါတ်။ ရုံးဖုန်း ဖြစ်ပုံရတယ်။ ဖုန်းကိုင်လိုက်တော့ အသံ ခပ်အေးအေးနဲ့ အမျိုးသမီး တစ်ယောက် ကျွန်တော့်နာမည်ကို address လုပ်ပြီး နှုတ်ဆက်တယ်။ "ခဏလောက် စကားပြောဖို့ အဆင်ပြေမလား" တဲ့။ ဘယ်သူ ဘယ်ဝါမှန်း မသိပေမယ့် တစ်ခုခုတော့ ထူးခြားနေပြီ ဆိုတာ သိလိုက်တယ်။ စကားတွေ အဲ့လောက် ခံပြီး မေးနေတော့ အဆိုး ဘက် နည်းနည်း ပိုအလေးသာနေတယ်ဆိုတာတော့ ရိပ်မိပါတယ်။
အလုပ်ထဲ ရောက်နေတော့ အပြင်ထွက်ပြောရတယ်။ တစ်ဖက်က အမျိုးသမီးက သူ deliver လုပ်ရမယ့် သတင်းကို သူ အတတ်နိုင်ဆုံး အညင်သာဆုံး အပေါ့ပါးဆုံး နားဝင်ရအလွယ်ကူဆုံး ဖြစ်အောင် ကြိုးစားပြောရှာပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ နားနှစ်ဖက် နား ကပ်ပြီး ဒုန်းခနဲဆို မိုးခြိမ်းလိုက်သလိုပဲ။ ရုတ်တရက် အတွေးတွေ ရီဝေသွားတယ်။ ဒီ အမျိုးသမီး ပေးတဲ့ message နဲ့ အတိတ်က ခါးခါးသီးသီး ဖြစ်ရပ်တွေကိုလည်း ဆက်စပ်မိသွားတယ်။ ဖုန်းချပြီး အလုပ်စားပွဲ ပြန်လာတော့ ခြေလှမ်းတောင် မှားချင်သလိုလိုပဲ။ နားထဲ စောစောတုန်းက စကားလုံးတွေ ပြန်ပြန်ကြားနေလို့။
လောကကြီးက မတရားဘူးဗျာ.. လို့ သူများတွေ အပြစ်ဖို့သလို ဖို့ချင်တယ်။ ဘာလို့ ကျွန်တော် ဒီလောက် သတိထား ရက်နဲ့ ဖြစ်ရတာလဲ။ ဘာလို့လဲ ဘာလို့လဲ။ ကျုပ် အဲ့လောက်တော့ မခေ သေးပါဘူးဗျာ။ အချိန်တိုင်း ဒီရလဒ်ပဲ ထွက်မယ်လို့တော့ မယုံဘူး။ မင်းနိုင်မလား ငါနိုင်မလား စောင့်ကြည့်ကြသေးတာပေါ့ကွာ။ အော်.. တကယ်တမ်းတော့ Jay Chou ပြောသလိုပါပဲ၊ 最大的敌人就是那内心的自己 တဲ့ (လောကမှာ အကြီးမားဆုံး ရန်သူဟာ ဟောဒီ အတွင်းစိတ်ထဲက ကိုယ် ကိုယ်တိုင်ပဲ) တဲ့။ ဟုတ်ပါတယ်.. တခါတလေ ကျွန်တော် ကိုယ့်ကိုယ်ကို ဖျက်မှန်း မသိ ဖျက်ဆီးမိနေတာ။ အတော့်ကို ပြန်ဆင်ခြင်ရပါမယ်။ self-reflection ပေါ့လေ။ ဒါ ဒုတိယ အကြီးမားဆုံး သင်ခန်းစာပါပဲ။
ညဘက် အလုပ်ပြီးတော့လည်း ဒီအပတ် LNY event အတွက် junior လေးတွေကို performance training session ပေးရတယ်။ မနေ့ညက ည ၁၂နာရီခွဲမှ exco meeting ပြီးလို့ လူက ဒီနေ့ မနက် law အတန်းမှာ မျက်တွင်းဟောက်ပက် ဖြစ်နေတာ။ blood sugar level low နေသလားတဲ့၊ prof က လာ မေးယူမှ မျက်လုံး မျက်ဆံ ပြန်ပြူးလာတာ။ အိမ်ပြန်ရောက်တော့လည်း apartment meeting ခေါ်ရသေးတယ်။ apartment ထဲမှာ စည်းကမ်း မရှိကြလို့၊ ကျေးဇူးရှင် မမတွေကို ပုံစံ ပြန်သွင်းနေရတာ။ ငါ့နှယ်.. ရှေ့တင်မှာသာ သူတို့ Resident Senior leader မမ မို့လို့ ပြုံးပြုံးပြုံးပြုံးနဲ့၊ ကွယ်ရာမှာဆို တယ် လူမုန်းများမှာပဲ။ ဒီနေ့ အလုပ်ကလည်း urgent သွားရတာ၊ pressure လည်း များတယ်။ ဒီနေ့ကတော့ ဒိုင်ယာရီ စာအုပ်ထဲ အရာ ထင်ခဲ့ဦးမယ့် စိတ် ကသိကအောက် ဖြစ်စရာ နေ့တစ်နေ့ပါပဲ။
ကြယ်ကြွေချိန်ကို အရမ်း အညည်းသန်တဲ့ ခိုလိုပဲလို့ ထင်ကုန်ကြရော့မယ်။ တကယ်တော့ စိတ်ပျော်စရာလည်း ရှိပါသေးတယ်။ အရမ်း ချစ်စရာကောင်းတဲ့ သူတစ်ယောက်ဆီကတော့ အရမ်း ဆွဲညှစ်ချင်စရာကောင်းတဲ့ အရုပ်ကလေး နှစ်ခု လက်ဆောင်ရတယ်။ ကျွန်တော် စိတ်မကောင်း ဖြစ်နေတာ သိလို့ အရုပ် လက်ဆောင်ပေးတာတဲ့။ ဟီးဟီး.. ချစ်ဖို့ကောင်းလိုက်တာ၊ ကျေးဇူးကမ္ဘာပါ။ ခုတော့ ဒေါင်ချာစိုင်းနေပြီ။ ဒီ post ကို မနည်း မျက်ဖြူဆိုက်ပြီး ရေးနေရတာ။ ထိုးအိပ်တာပဲ ကောင်းပါတယ်၊ ကောင်းသောညပါဗျာ။
Three idiots ဇာတ်ကားထဲက အကြိုက်ဆုံး စကားလေးတစ်ခွန်းကိုတော့ ပြောသွားပါရစေ.. All iz well. :)
Everybody wants happiness, no one wants the pain.
But you can't make a rainbow without a little rain.
လောလောဆယ်တော့ radio မှာ Jay Chou သီချင်း လွှင့်နေတယ်ဗျ။ ဟဲဟဲ.. နားထောင်ရင်း အိပ်လို့တော့ ကောင်းပါဦးမယ်။ ဂွတ် ည ပါဗျာ။ :D
ကြယ်ကြွေချိန်
No comments:
Post a Comment