Tuesday, April 10, 2012

လတ်တလော တပ်မက်ခြင်းများ

တပ်မက်ခြင်းများ လို့ ခေါင်းစဉ် တပ်လိုက်လို့ အလွန်တရာ ရမ္မက်ကြီးရာ ရောက်သွားပါတယ်။ အဲ့လိုတော့ မဟုတ်ရပါဘူး။ အင်း... ဟုတ်ပါတယ်... တကယ်တော့ လုပ်ချင်နေတာတဲ့ အရာတချို့ပါပဲ ဟဲဟဲဟဲ... နောက်တာပါ။ မိတ်ဆွေရေ... အောက်ကစာလေး ဖတ်ပြီးတော့ ကျွန်တော် တကယ် ရမ္မက် ကြီးမကြီး ဆုံးဖြတ်ကြပါ ဟရို့။

စာမကျက်ချင်ပါ။ ကျောင်းမတက်ချင်ပါ။ (မဖြစ်နိုင်မှန်း သိသော်လည်း တောင်တွေးမြောက်တွေးပေါ့။)
အလုပ်လုပ်ချင်ပါသည်။ အောက်ခြေသိမ်းဆိုလည်း မမှုပါ။ ထမင်း မငတ်ရုံ ၀င်ငွေ ရှိလျှင် အဆင်ပြေပါသည်။

ဒီပညာတွေ မသင်ယူချင်တော့ပါ။
ဘာသာစကား အသစ်များသာ သင်ယူချင်ပါသည်။

လူထက် စိတ်က ပိုပင်ပန်းပါသည်။
သံယောဇဉ် မထားချင်ပါ။ အရာအားလုံး မေ့ဖျောက်ချင်ပါသည်။

စိတ်ရှုပ်ပါသည်။ အာရုံနောက်ပါသည်။
အနီးနားတွင် လူအများကြီး မလိုလားပါ။ မှန်ကန်သူ တစ်ယောက် ထဲသာ လိုချင်ပါသည်။

အထီးကျန်ပါသည်။ နေ့လည်စာ ညစာ များ တစ်ယောက်ထဲ မစားလိုပါ။
ဒီကျွန်းပေါ်တွင် တစ်ကိုယ်တည်း မနေလိုပါ။ အိမ်ပြန်ပြီး မိသားစုနှင့် နေလိုပါသည်။

ကဲ.. မိတ်ဆွေရေ.. ကျွန်တော်ရမ္မက်ကြီးသလားဗျာ..

ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...