Friday, February 10, 2012

Angel

ယခုနေ့ရက်များ အနည်းငယ် မှောင်မိုက်နေသည်။
လုပ်စရာတွေ အများကြီး ရှိလင့်ကစား အခွင့်မသာ။
စိတ်သွားတိုင်း ကိုယ်မပါ။
ဗိုက်ထဲက တကြုတ်ကြုတ်နဲ့ နာနေသည်။
အစာအိမ် တစ်ခုလုံး ထုတ်ပစ်လိုက်ရ သက်သာမည်။
ကံတရားက ကျုပ်ဘက်မှာ မရှိဟု ထင်သည်။
ကျုပ် Angel လေး ကမ္ဘာတစ်ဝန်း တောင်ပံဖြန့်ကာ ခရီးနှင် နေပုံ ရသည်။
ကျုပ်နားမှာ လောလောဆယ် မရှိ။
အေးပေါ့လေ...
ကျုပ် တစ်ယောက်ထဲ အပိုင်စီးထားလို့မှ မရတာဘဲ။
Angel မရှိသေးသော ကလေးပေါင်း မြောက်မြားစွာကိုလည်း သူမ သွားစောင့်ရှောက် ပေးရဦးမည်။
ကျုပ် လောဘ မကြီးပါ။
Angel ပြန်လာမည့် အချိန်ကို ဒီဘက်ကမ်းကပဲ စိတ်ရှည်ရှည်နှင့် စောင့်ပါမည်။

ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...