အရင်ကလို ချော့ကာစိုး ပေးမယ့် နင်မရှိလို့။
အသက်နဲ့ရင်းပြီး ယုံစားလိုက်ရတာ
နောက်ဆုံးပြန်ရတော့ အရှုံးများသာပေါ့
ဒါလည်း အမှတ်သညာ မရှိပါဘူး
တစ်ရက် အခါတစ်ရာမက နင့် စာတွေ ပြန်ပြန်ဖတ်
နင့် ပုံတွေ ပြန်ပြန် ကြည့်ရင်း ပြုံးရ ငိုရနဲ့။
မပြီးနိုင်တဲ့ ပြဇာတ်ဟောာင်း တစ်ပုဒ်ကို ပြန်ကရဦးမယ့်
ဒီခြောက်ကပ်ကပ် ဇန်န၀ါရီ။
ဘယ်တော့များမှ နင် ငါ့ရဲ့ ပေါ့ရွှတ်ရွှတ် ကဗျာတွေထဲက ထွက်သွားမှာလဲ။
ကြယ်ကြွေချိန်
No comments:
Post a Comment