Wednesday, December 14, 2011

ကြိုးတစ်မျှင်

ကြိုးလေးတစ်မျှင်..

အဲ့ကြိုးတစ်မျှင်ကပဲ ကျနော့်ကို အားပေးတယ်။
အဲ့ကြိုးတစ်မျှင်ကပဲ ကျနော့်ကို စိတ်အားထက်သန်စေတယ်။
အဲ့ကြိုးတစ်မျှင်ကပဲ ကျနော့်ကို လဲအကျမှာ ပြန်ထလာနိုင်စေတယ်။
အဲ့ကြိုးတစ်မျှင်ကပဲ ကျနော့်ကို အရာရာ ဥပေက္ခာ ပြုစေနိုင်တယ်။
အဲ့ကြိုးတစ်မျှင်ကပဲ ကျနော့်ကို မျက်ရည်တွေကြားထဲ ပြုံးရယ်နိုင်စေတယ်။
ဘာပဲ ဖြစ်နေဖြစ်နေ၊ မင်း အံကြိတ်ပြီး ရှေ့ဆက်ရမယ် ဆိုတဲ့စကား သူအမြဲ ကျနော့်ကို ပြောတယ်။

ကျနော်ဘယ်လောက်ပဲ နုံနေ ချာနေ ပါစေ။ အဲ့ကြိုးလေး တစ်မျှင်က ကျနော့်ဘေးနား အမြဲ ရှိဆဲပဲ။ ဘယ်လိုနှင်နှင်လည်း သူထွက်သွားမှာမဟုတ်ဘူး။ သူ့ကို ကျနော့်ဘ၀ထဲကလည်း အပြီးအပိုင် ထုတ်ပစ်ဖို့ မဖြစ်နိုင်ဘူး။ သူမရှိတော့တဲ့ တစ်နေ့.. ကျနော်ဟာ သေလူ နဲ့ ခြားမှာ မဟုတ်ဘူး။

အဲ့ကြိုးလေးရဲ့ နာမည်က ... မျှော်လင့်ချက် တဲ့။


(Picture from Google)
ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...