Wednesday, November 10, 2010

“ဟုတ်ကဲ့”

တစ်နေ့ထက် တစ်နေ့
ပိုပို များလာတဲ့ “ဟုတ်ကဲ့” တွေ
နားနဲ့မဆန့်တော့ဘူး
သည်းမခံနိုင်တဲ့ တစ်နေ့
တော်လှန်မိလိမ့်မယ်။

ငဲ့ကြည့်စရာတွေများလို့
ဟုတ်ကဲ့ လိုက်နေရတာ
ခေါင်းငုံ့ခံနေတာကို
အလကားနေရင်း အကောင်းမထင်နဲ့။

ခင်ဗျားတို့ ကမ္ဘာမှာသာ
ခင်ဗျားတို့ ဘာသာ
ကြီးစိုးလို့ ရချင်ရမယ်
ကျုပ်တို့ ကမ္ဘာမှာတော့
လာဗိုလ်မကျနဲ့။

အချိန်ကျပြီဆိုတာနဲ့
သတိကောင်းကောင်းသာ ထားပေတော့
ခင်ဗျားတို့တွေ လူကိုသာ နိုင်ချင်နိုင်မယ်
ကျုပ်တို့ရဲ့ ဒီ “ဟုတ်ကဲ့” နောက်ကွယ်က စိတ်ဓာတ်အင်အားကိုတော့
ဘယ်တော့မှ မနိုင်ပါဘူး။

ကြယ်ကြွေချိန်

1 comment:

  1. ဒီလိုဖြစ်မယ်သိခဲ့ရင်
    ရှေ့ ဆက်တိုးခဲ့မလား။
    နောက်ပဲပြန်ဆုတ်မလား။
    အသစ်ကပြန်စမလား။
    ဖြစ်ပျက်နေတာတွေကောင်းအောင်ပြန်လုပ်မလား…
    မျက်ရည်တွေကျပါစေ နောက်တော့ပြန်သုတ်မယ်…
    ထိခိုက်ပါစေ နောက်တော့ ပြန်နှစ်သိမ့်မယ်….
    အဲ့လိုမျိုးလား။
    ဒါပေမဲ့လေ စွန့် လွှတ်လိုက်ရင်
    ငါတို့ ဘ၀ပိုကောင်းလာမယ့်မျှော်လင့်ချက်တွေ
    အရိပ်အယောင်သန်းသေးရဲ့လား။
    ဒါပေမဲ့လေ င်ါတို့ မှာ မျှော်လင့်ချက်တခုတော့ ၇ှိတယ်။
    အဲ့ဒီမျှော်လင့်ချက်က ကြာခဲ့ပါပြီ ။
    ဒါပေမဲ့ တမ်းတနေကြတုန်းပဲ။
    ခုတော့တခါ မျှော်လင့်ချက်တွေ ရောင်ခြည်သန်းနေပြီလေ ။
    မင်းကြည့်လိုက်ပါ ။
    ဒီတခါတော့ ဒီမျှော်လင့်ချက်တခုကို
    အရယူမဲ့ စိတ်ဓာတ်တွေ ပြန်လည်ရှင်သန်လာခဲ့ပြီလေ ….
    ငါတို့ လုပ်ရမဲ့ တခုတည်းသော အရာက
    သူ့ ကိုယုံကြည်ဖို့ ပဲ။ ။

    ReplyDelete

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...