Friday, November 5, 2010

စာနာပါ

ယုန်ကလေးရေ..
ငါ့နှလုံးခုန်သံတွေ
တဒုံးဒုံးမြည်နေပြီ
ဆုံးရှုံးမှုဆို ရင်မဆိုင်ရဲဘူး...

ယုန်ကလေးရေ...
ငါ့ရင်ဘတ်ဟောင်းကြီး
ရှုပ်ရှက်ခတ် ပြုတ်ပြတ်ထွက်အောင်
မင်းလုပ်ရက်ခဲ့ပြီ...

ယုန်ကလေးရေ...
ဒီအခန်းထောင့်မှာ
မင်းပြန်အလာစောင့်နေသူကို
မဲ့ပြုံးနဲ့ ခေါက်ထားရစ်နိုင်လား...

ယုန်ကလေးရေ...
ဟောဒီက ကာရန်မဲ့ ဂစ်တာကို
မာယာနဲ့ ဆင်ခြေမပါဘဲ
ရစ်သမ်ညှိပေးလှည့်ပါ...

ယုန်ကလေးရေ...
တနုံ့နုံ့နဲ့
အစိမ်းလိုက်တော့ တစ်ကိုက်ချင်း ၀ါးမစားနဲ့
ရေခဲတိုက်သာ ပို့လိုက်ပါ
ဝေဒနာ ပိုသက်သာတာပေါ့...

ကြယ်ကြွေချိန်

စာလုပ်ချင်စိတ် မရှိလို့ လျှောက်ရေးထားတဲ့ ပေါက်ကရလေးဆယ်ပါ :P
ဒါဖတ်ပြီး ရယ်ရတယ်လို့တော့ မပြောနဲ့နော်။ တစ်ချက်ပြုံးရင် တစ်ရက်အသက်ပိုရှည်မှာပါ :)

1 comment:

  1. နီက မုန်လာဥပဲနေမယ်...
    ယုန်ကလေးရေ...
    တနုံ့နုံ့နဲ့ (စားမြုံ့ ပြန်မနေပါနဲ့ )
    အစိမ်းလိုက်တော့ တစ်ကိုက်ချင်း ၀ါးမစားနဲ့ (မတော်တရော်ထွက်လာမယ်..သွေးတွေပြောပါတယ်)
    ရေခဲသေတ္တာထဲသာ ပို့လိုက်ပါ
    အပြင်က သိပ်အိုက်တယ်
    ပိုသက်သာတာပေါ့...

    ReplyDelete

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...