Tuesday, January 31, 2012

အဖြေ ရှာပေးပါ

စိတ်ဖိစီးမှု များသည်။
အာရုံတွေ များသည်။
စိတ်ရှုပ်စရာ များသည်။
ပွဲတွေ များသည်။
လုပ်စရာတွေ များသည်။
အချိန်ကတော့ နည်းသည်။

လုပ်တိုင်းလည်း ရချင်မှ ရသည်။
Priority တွေ မှားယွင်းနေသည်။
ပြင်ဆင်ဖို့ ဘယ်ကမှ အစရှာမရ။
Cheerful personality ပျောက်သွားပြီ။

ဘယ်လိုဖြေရှင်းရမလဲ။ ကူညီပါ...

ကြယ်ကြွေချိန်

Wednesday, January 25, 2012

Project Metta 2010

ဒီပို့စ်လေးကတေှာ့SMUMC က နှစ်စဉ် လုပ်တဲ့ Overseas Community Service Project (OCSP) အကြောင်းပါ။ SMU မှာ ကျောင်းသားတိုင်း Community Project တစ်ခု အနည်းဆုံး မလုပ်မနေ လုပ်ရပါတယ်။ လိုအပ်ချက်ကတော့ နာရီ ၈၀ ပါ။ Local သို့မဟုတ် Overseas ကြိုက်ရာ လုပ်ခွင့်ရှိပါတယ်။ ၂မျိုးလုံး လုပ်ချင်လည်း ရပါတယ်။ အဲ့တော့ ကျောင်းမှာ ရှိတဲ့ Club အများစုက OCSP တွေ organize ကြတယ် ပေါ့ဗျာ။ Korea, Vietnam, Philippines Club စတာတွေက သူတို့ နိုင်ငံတွေမှာ ပြန်ပြီး OCSP လုပ်ကြတယ်ပေါ့။

SMUMC အနေနဲ့ကတော့ ပထမဆုံး မြန်မာနိုင်ငံမှာ OCSP (Project Metta) ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀၁၀ တုန်းက ရန်ကုန်တိုင်း ထောက်ကြံ့မြို့၊ နွယ်ခွေကျေးရွာက မေတ္တာနန္ဒ မိဘမဲ့ကလေးများ စာသင်ကျောင်း မှာ လုပ်ခဲ့ပါတယ်။ အဖွဲ့ဝင် ကျောင်းသားစုစုပေါင်း ၂၈ ယောက် သွားပြီး လုပ်အားပေးခဲ့ကြပါတယ်။ Project အစအဆုံး ၂ပတ် ကြာပါတယ်။

Beneficiary က တောရွာမှာ နေကြတဲ့ မိသားစုတွေဆိုတော့ ကျန်းမာရေးဆိုင်ရာ ပညာပေး ကဏ္ဍအနေနဲ့ ယင်လုံအိမ်သာအသုံးပြုခြင်း၊ လက်စင်စင်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တိုက်ဖျက်ရေး၊ အေအိုင်ဒီအက်စ် ရောဂါ မပြန့်ပွားရေး စတာတွေ ပါဝင်ပါတယ်။ ပညာရပ်ဆိုင်ရာ programme အနေနဲ့ အင်္ဂလိပ်စာ သင်ခန်းစာလေးတွေ ကို ပျော်မြူးဖွယ် သီချင်းလေးတွေနဲ့ သင်ပေးပါတယ်။ ဗဟုသုတ ဆိုင်ရာ သင်ခန်းစာ အနေနဲ့ Do you know? ဆိုတဲ့ programme လေး တစ်ခု ထည့်ပေးထားပါသေးတယ်။ တောရွာဒေသ ဖြစ်တဲ့အတွက် တစ်နိုင်တစ်ပိုင် ၀င်ငွေ ရှာဖွေနိုင်အောင် ရည်ရွယ်ချက်နဲ့ အချုပ်အလုပ်၊ origami စတဲ့ လက်မှုပညာ သင်ခန်းစာလေးတွေလည် ပါဝင်ပါသေးတယ်။ ရှေ့ဆက် sustainability အနေနဲ့ ကလေးတွေ အတွက် SMUMC က ရန်ပုံငွေတွေ စုဆောင်းပြီး စာကြည့်တိုက်လေး တစ်ခု စတင် တည်ထောင်ပေးခဲ့ပါသေးတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဆိုင်ရာ ပညာပေးရယ်၊ စာကြည့်တိုက် တည်ထောင်ရေး ရယ်မှာ ပါဝင် လုပ်အားပေးခဲ့ပါတယ်။

၂၀၁၁ ဒီဇင်ဘာ တုန်းက ဒုတိယအကြိမ် လုပ်ခဲ့တဲ့ OCSP ကတော့ တောင်ကြီးက မိဘမဲ့ ဂေဟာတစ်ခုမှာ လုပ်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ immigration အနည်းငယ် ချောင်ချိလာတဲ့ အတွက် နိုင်ငံခြားသား ၁၀ ယောက်ခန့်ကို ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ အဲ့ဒီခရီးကိုတော့ ဒီမှာ လုပ်စရာတွေ ကျန်နေသေးတဲ့အတွက် ကျွန်တော် မပါဝင်နိုင်ခဲ့ပါဘူး။ သွားကြတဲ့ သူငယ်ချင်းတွေ ပြောတာကတော့ မနှစ်က project လိုပဲ အလွန်ကို ပျော်စရာကောင်းပါတယ်တဲ့။ ကလေးတွေ ပျော်ရွှင်ကြသလို ကျွန်တော်တို့လည်း မောပန်းနေတဲ့ ကြားထဲ ပြုံးနိုင်ကြပါတယ်။ ပီတိကိုစား အားရှိ ဆိုသလိုပေါ့။

ခုလာမယ့် 2012 project metta ကိုတော့ ကျွန်တော် သေချာပေါက် လိုက်ဖြစ်မှာပါ။ 2010, 2011 တုန်းကတော့ ကျွန်တော် member အဖြစ်နဲ့သာပဲ Project ကို support လုပ်ခဲ့တာပေါ့။ အခု လာမယ့် 2012 တော့ ကျွန်တော် organizing committee ထဲမှာ ပါဝင်နေပြီ ဖြစ်တဲ့အတွက် အတော်ကို စိတ်လှုပ်ရှားမိပါတယ်။ ငွေကြေး ရန်ပုံငွေ စုဆောင်းရေး အပိုင်းရော၊ project execution အပိုင်းကိုပါ တကယ် စိတ်ပူနေမိပါတယ်။ မြန်မာနိုင်ငံ ဘယ်ဒေသကို သွားရောက်ဖြစ်မယ် ဆိုတာတော့ confirm မဖြစ်သေးပါဘူး။ ကူညီလက်ကမ်းမှုကို အမှန်တကယ် လိုအပ်နေတဲ့ ဒေသတွေကိုပဲ ကျွန်တော်တို့ သွားမှာပါ။ စာဖတ်သူများ အနေနဲ့ တစ်တတ်တစ်အား ရန်ပုံငွေ လှူဒါန်းလိုတယ်ဆိုရင်တော့ jcahyo2vl@gmail.com သို့ email ပို့ ဆက်သွယ်နိုင်လိုက်ပါနော်။ ကျေးဇူးတင်ပါတယ်။

:)

ကြယ်ကြွေချိန်

Tuesday, January 24, 2012

သာမန်မဟုတ်သော သာမန်နှစ်သစ်ကူး

CNY eve က ဒီမှာ ရှိတဲ့ တစ်ဝမ်းကွဲ မောင်နှမတွေ မိသားစု အိမ်ကို အလည်သွားပါတယ်။ ရန်ကုန်က ညီမလေး တစ်ဝမ်းကွဲရဲ့ ဦးလေး မိသားစုလည်း ဒီကို ရောက်နေတယ်။ ကျွန်မနဲ့ အတန်ငယ် အမျိုးဝေးတော့ အဆက်အသွယ်တော့ မရှိပါဘူး။ သို့ပေမယ့် စင်္ကာပူရောက်နေတယ် ကြားတော့ သွားတွေ့တာပေါ့။ ကျွန်မက သာမန် အလည်လာတယ် ထင်တာ။ နောက်မှ ဒီမှာ ဆီးကျိတ် လာခွဲတာလို့ အစ်မဆီက သိရပါတယ်။ အော်.. ရိုးရိုး Minor operation လောက်ပဲလို့ ထင်တာ။ နောက်မှ ဆရာဝန်ဆီက diagnosis result ကိုကြားလိုက်ရတာ ကင်ဆာကျိတ်တဲ့။

ဦးလေးရဲ့ မျက်နှာကို ကြည့်ရတာ အရင်ကလို ဟက်ဟက်ပက်ပက် မရှိပါဘူး။ သူဟာ အင်မတန် ပျော်တတ်တဲ့ လူပါ။ အရင်ကလည်း စင်္ကာပူ လာလည်နေကျ။ လာရင်လည်း တစ်နေကုန် လွှတ် လျှောက်လည်နေတော့တာ။ ခုလည်း သူ့ရောဂါ အကြောင်း သိရတော့ သူ့ခမျာ မရွှင်မလန်းနိုင်တော့ပါဘူး။ တစ်နေ့ကမှ ကင်ဆာဆေး တစ်လုံး သွင်းထားလေရဲ့။ ဆေးအရှိန်ကြောင့် လူက အတော်ကို ခံရပါတယ်။ ဆံပင်တွေ ဘာတွေ မကျွတ်သေးပေမယ့် လမ်းလျှောက်ရင်တောင် ယိုင်နေပါတယ်။ အသက်လည်း အဲ့လောက် မကြီးသေးပါဘူး။ ၅၈ နှစ်လောက်သာ ရှိပါသေးတယ်။ သမီးအငယ်ဆုံးလေးဆိုရင် ခုမှ အထက်တန်း တက်မှာပါ။ CNY eve အဒေါ်အိမ် ရောက်သွားတဲ့ ကျွန်မ အဲ့ဦးလေး မိသားစုနဲ့ တွေ့လိုက်ရပြီး အတော်ကို စိတ်ထဲ မကောင်းပါဘူး။ ဦးလေးရဲ့ အမျိုးသမီးက စကားတွေ ပြောရင်း မျက်ရည်တွေ ကျနေတယ်။ သေခြင်း ရှင်ခြင်းကို ရွေးချယ်ခွင့် မရှိတော့တဲ့ အခြေအနေမျိုးမှာ ကာယကံရှင်ထက် သူ့ရဲ့ အသိုင်းအ၀ိုင်းက ပိုပြီး ထိခိုက်ကြရတယ် ဆိုတာ သိလိုက်ရပါတယ်။

ကင်ဆာက နောက်ဆုံး အဆင့် ၄ ရောက်နေပါပြီ။ ကနဦး အဆင့်ကသာ ကြိုသိခဲ့မယ် ဆိုရင် အမြစ်ပြတ် ပျောက်အောင် ကုသလို့ ရနိုင်ခြေ ရှိပါတယ်၊ အစောပိုင်း ဆေးစစ်တုန်းက ကင်ဆာ အဖြေမပေါ်ခဲ့တာ ကိုယ်တွင်း ဇီဝပြောင်းလဲမှု တွေကြောင့် ဖြစ်နိုင်တယ်လို့ အစ်ကို ဆရာဝန် တစ်ဦးက ပြောပြပါတယ်။ ခုလက်ရှိ အခြေအနေကတော့ နောက်ဆုံး ရလဒ်ကို ကြိုသိနေရက်နဲ့ ရှေ့ဆက်ကြရမယ့် အခြေအနေမျိုးပါပဲ။ လူနာ ကိုယ်တိုင်ရော သူ့မိသားစုပါ အားလျော့ ကုန်ကြပါပြီ။ ရန်ကုန်မှာ ကျန်နေခဲ့တဲ့ သမီးငယ် သားငယ်တွေ ဒီသတင်းကို မသိကြသေးပါဘူး။ ဦးလေးနဲ့ အဒေါ်က နောက်မှ အေးအေးဆေးဆေး ပြောပြတော့မယ်လို့ တွေးထားပါတယ်တဲ့။

နှစ်သစ်ကူးချိန် မင်္ဂလာယူနေကြတဲ့ အချိန်မှာ ဒီလို နမိတ်မရှိ နမာမရှိ အကြောင်းတွေ ဘာလို့ရေးနေတာလဲလို့ မေးချင်သူများအတွက် ဆရာတော်တစ်ဦး မြွက်ကြားခဲ့တဲ့ စကားလေးကို ပြောပြချင်ပါတယ်။ (ဘယ်ဆရာတော်လဲတော့ သေချာမမှတ်မိတော့ပါ။ အရှင် ဆန္ဒာဓိက လို့ ထင်တာပဲ။ စကားလုံး အတိအကျ မမှတ်မိတော့လို့ အဓိပ္ပာယ်တူရုံ ပြောပြပါရစေ။) "လူတွေဟာ သေခြင်းတရားကို အင်မတန် ကြောက်စရာ ကောင်းတဲ့ အ,မင်္ဂလာ အရာကြီး တစ်ခုလို့ သတ်မှတ်ထားကြတယ်။ တကယ်တော့ သေခြင်းတရားကို ရှုမြင်ခြင်းဆိုတာ အလွန် မင်္ဂလာရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ လူတိုင်း ခုနေများ၊ မနက်ဖြန်များ ငါသေသွားခဲ့ရင် ဆိုတဲ့ အတွေးမျိုး တွေးရမှာ အင်မတန် ကြောက်တတ်ကြတယ်။ ဒါဟာ မှားယွင်းတဲ့ ယူဆချက်ပဲ။ သေဆုံးခြင်းကို မျက်မှောက်မပြုတဲ့နေ့ဟာ မင်္ဂလာမရှိတဲ့နေ့ပဲ" တဲ့။ ဆရာတော်က အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ဒီအဆိုကို တင်ပြသွားတာပါ။ ကျွန်မအနေနဲ့ သေခြင်းတရားနဲ့ ပတ်သက်ပြီး ဘာ opinion မှတော့ မရှိပါဘူး။ အဘိုးတွေ အဘွားတွေလို အယူသီးတာ၊ extreme ဖြစ်တာမျိုး မရှိဘူးလို့ ပြောတာပါ။ ကဲ.. ဒါတွေထားပါလေ။

မဆီမဆိုင် အဖေနဲ့ အမေကို သွားသတိရမိပြန်ပါတယ်။ နှစ်ယောက်လုံး ဆီးချို၊ သွေးတိုး ဘာမှ မရှိကြပေမယ့် ဒေါင်ဒေါင်မြည် ကျန်းမာတယ်လို့တော့ မဆိုနိုင်ဘူး။ အဖေက ဆေးလိပ်အရမ်းကြိုက်တယ်။ သူ ၁၀ တန်း အရွယ်လောက်ထဲက သောက်ခဲ့တာ ခု ကျွန်မ ပထမနှစ် တက်မှပဲ ဆေးလိပ်ပြတ်တော့တယ်။ အရင်ကဆို ကွမ်းပါ စားတာ။ ကျွန်မ ငယ်ငယ်က အဖေ့ကို မေးဖူးတယ်။ "ကွမ်းနဲ့ သမီး ဘယ်သူ့ကို ပိုချစ်လဲ" ဆိုပြီး မေးတော့ နောက်ပိုင်း ကွမ်း ပြတ်သွားတော့တာပဲ။ ဟော.. ဆေးလိပ်ကျတော့ အဲ့လို မေးလို့ မရတော့ဘူး။ "ဆေးလိပ်နဲ့ သမီး ဘယ်သူ့ ပိုချစ်လဲ" ဆိုတော့ ဆေးလိပ်တဲ့၊ ကောင်းရော။ ကျွန်မက ဆေးလိပ်သောက်တဲ့ လူဆို အရမ်းမုန်းတာ၊ အဖေလည်း သိတယ်။ သူကိုယ်တိုင်လည်း ဆရာဝန်တစ်ယောက်ပဲ၊ ဆေးလိပ် မကောင်းကြောင်း သိတာပဲ။ ဒါပေမယ့် မပြတ်နိုင်ခဲ့ဘူး။ နောက်ပိုင်း ဆေးလိပ်အရမ်းကြိုက်တဲ့ ဦးလေးတစ်ယောက် အဆုတ်ကင်ဆာနဲ့ ဆုံးပါးသွားတော့မှ အဖေလည်း အတော်တရားကျသွားတယ်နဲ့ တူပါတယ်၊ ဆေးလိပ်ပြတ်သွားတော့တယ်။ ကျွန်မက အဖေ့ကို ပီကယ်တွေ ဘူးလိုက် ၀ယ်ပေးထားတယ်။ အဖေ ဆေးလိပ်သောက်ချင်စိတ် ပေါက်လာရင် ပီကယ် ၀ါးနေလို့ မှာထားတယ်။ အခုတော့ အဖေက ကျွန်မတို့ စကားနားထောင်နေပြီတဲ့ :D ။

အမေ့မှာတော့ အစာအိမ် ရောဂါရှိတယ်။ ကျွန်မက အမေနဲ့ အကုန် တူပါတယ် (အစာအိမ် အားနည်းတာက အစ၊ အသားအရည် ဆံပင်က အဆုံး။ ရုပ်ရည် တစ်ခုကလွဲလို့ပေါ့၊ အမေက ချောတယ်၊ ယဉ်တယ်လေ)။ မနေ့က ကျွန်မ အိမ်နားက နာမည်ကြီး ကွမ်ရင် ဘုရားကျောင်းကို ရောက်ပါတယ်။ တရုတ်နှစ်ဖွားအလိုက် ဒီနှစ်အတွက် ဆောင်ရင် ရှောင်ရန် အရာလေးတွေကို ဟောကိန်းထုတ်ထားပါတယ်။ ကျွန်မအတွက် ကျန်းမာရေး ဟောစာက အစာအိမ် အထူးဂရုပြုရမည်တဲ့။ မှန်ပါ့.. မနက်မိုးလင်းထဲက အစာအိမ်အောင့်နေလို့။ စာဖတ်သူများ သိချင်ရင် တရုတ်မွေးနှစ်ကို ပြောပြထားပါ။ ကျွန်မ သွားရှာဖတ်ပြီး ပို့ပေးပါ့မယ်။

ဒီနှစ်ကူးကတော့ ကျွန်မအတွက် အန်ပေါင်း (红包) မရတဲ့ သာမန် နှစ်သစ်ကူးပါပဲ။ သာမန်မဟုတ်တာကတော့ ပုံမှန် ကျွန်မ မတွေးဖူးတဲ့ အတွေးတွေ နက်နက်ရှိုင်းရှိုင်း တွေးမိလို့ပါ။ ဒါတွေတော့ စာဖတ်သူများကို ပြောမပြတော့ဘူးနော်။ မိတ်ဆွေများ အားလုံးကို ပျော်ရွှင်ဖွယ် နှစ်သစ်ကူးလို့ နှုတ်ဆက်ပါရစေ။

欢迎大地回春。。
新年快乐,恭喜发财,红包拿来 :D

ကြယ်ကြွေချိန်

Tuesday, January 17, 2012

17 January 2012

ဒီး..ဒီး..ဒီး..ဒီး..

ဖုန်းရဲ့ vibration ကြောင့် တုန်ခါသွားတဲ့ စားပွဲနဲ့ အတူ ကျွန်တော့် စိတ်အစုံလည်း တုန်ခါသွားခဲ့တယ်။ ဖုန်း ကောက်ကြည့်လိုက်တော့ မမြင်ဖူးတဲ့ နံပါတ်။ ရုံးဖုန်း ဖြစ်ပုံရတယ်။ ဖုန်းကိုင်လိုက်တော့ အသံ ခပ်အေးအေးနဲ့ အမျိုးသမီး တစ်ယောက် ကျွန်တော့်နာမည်ကို address လုပ်ပြီး နှုတ်ဆက်တယ်။ "ခဏလောက် စကားပြောဖို့ အဆင်ပြေမလား" တဲ့။ ဘယ်သူ ဘယ်ဝါမှန်း မသိပေမယ့် တစ်ခုခုတော့ ထူးခြားနေပြီ ဆိုတာ သိလိုက်တယ်။ စကားတွေ အဲ့လောက် ခံပြီး မေးနေတော့ အဆိုး ဘက် နည်းနည်း ပိုအလေးသာနေတယ်ဆိုတာတော့ ရိပ်မိပါတယ်။

အလုပ်ထဲ ရောက်နေတော့ အပြင်ထွက်ပြောရတယ်။ တစ်ဖက်က အမျိုးသမီးက သူ deliver လုပ်ရမယ့် သတင်းကို သူ အတတ်နိုင်ဆုံး အညင်သာဆုံး အပေါ့ပါးဆုံး နားဝင်ရအလွယ်ကူဆုံး ဖြစ်အောင် ကြိုးစားပြောရှာပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ နားနှစ်ဖက် နား ကပ်ပြီး ဒုန်းခနဲဆို မိုးခြိမ်းလိုက်သလိုပဲ။ ရုတ်တရက် အတွေးတွေ ရီဝေသွားတယ်။ ဒီ အမျိုးသမီး ပေးတဲ့ message နဲ့ အတိတ်က ခါးခါးသီးသီး ဖြစ်ရပ်တွေကိုလည်း ဆက်စပ်မိသွားတယ်။ ဖုန်းချပြီး အလုပ်စားပွဲ ပြန်လာတော့ ခြေလှမ်းတောင် မှားချင်သလိုလိုပဲ။ နားထဲ စောစောတုန်းက စကားလုံးတွေ ပြန်ပြန်ကြားနေလို့။

လောကကြီးက မတရားဘူးဗျာ.. လို့ သူများတွေ အပြစ်ဖို့သလို ဖို့ချင်တယ်။ ဘာလို့ ကျွန်တော် ဒီလောက် သတိထား ရက်နဲ့ ဖြစ်ရတာလဲ။ ဘာလို့လဲ ဘာလို့လဲ။ ကျုပ် အဲ့လောက်တော့ မခေ သေးပါဘူးဗျာ။ အချိန်တိုင်း ဒီရလဒ်ပဲ ထွက်မယ်လို့တော့ မယုံဘူး။ မင်းနိုင်မလား ငါနိုင်မလား စောင့်ကြည့်ကြသေးတာပေါ့ကွာ။ အော်.. တကယ်တမ်းတော့ Jay Chou ပြောသလိုပါပဲ၊ 最大的敌人就是那内心的自己 တဲ့ (လောကမှာ အကြီးမားဆုံး ရန်သူဟာ ဟောဒီ အတွင်းစိတ်ထဲက ကိုယ် ကိုယ်တိုင်ပဲ) တဲ့။ ဟုတ်ပါတယ်.. တခါတလေ ကျွန်တော် ကိုယ့်ကိုယ်ကို ဖျက်မှန်း မသိ ဖျက်ဆီးမိနေတာ။ အတော့်ကို ပြန်ဆင်ခြင်ရပါမယ်။ self-reflection ပေါ့လေ။ ဒါ ဒုတိယ အကြီးမားဆုံး သင်ခန်းစာပါပဲ။

ညဘက် အလုပ်ပြီးတော့လည်း ဒီအပတ် LNY event အတွက် junior လေးတွေကို performance training session ပေးရတယ်။ မနေ့ညက ည ၁၂နာရီခွဲမှ exco meeting ပြီးလို့ လူက ဒီနေ့ မနက် law အတန်းမှာ မျက်တွင်းဟောက်ပက် ဖြစ်နေတာ။ blood sugar level low နေသလားတဲ့၊ prof က လာ မေးယူမှ မျက်လုံး မျက်ဆံ ပြန်ပြူးလာတာ။ အိမ်ပြန်ရောက်တော့လည်း apartment meeting ခေါ်ရသေးတယ်။ apartment ထဲမှာ စည်းကမ်း မရှိကြလို့၊ ကျေးဇူးရှင် မမတွေကို ပုံစံ ပြန်သွင်းနေရတာ။ ငါ့နှယ်.. ရှေ့တင်မှာသာ သူတို့ Resident Senior leader မမ မို့လို့ ပြုံးပြုံးပြုံးပြုံးနဲ့၊ ကွယ်ရာမှာဆို တယ် လူမုန်းများမှာပဲ။ ဒီနေ့ အလုပ်ကလည်း urgent သွားရတာ၊ pressure လည်း များတယ်။ ဒီနေ့ကတော့ ဒိုင်ယာရီ စာအုပ်ထဲ အရာ ထင်ခဲ့ဦးမယ့် စိတ် ကသိကအောက် ဖြစ်စရာ နေ့တစ်နေ့ပါပဲ။

ကြယ်ကြွေချိန်ကို အရမ်း အညည်းသန်တဲ့ ခိုလိုပဲလို့ ထင်ကုန်ကြရော့မယ်။ တကယ်တော့ စိတ်ပျော်စရာလည်း ရှိပါသေးတယ်။ အရမ်း ချစ်စရာကောင်းတဲ့ သူတစ်ယောက်ဆီကတော့ အရမ်း ဆွဲညှစ်ချင်စရာကောင်းတဲ့ အရုပ်ကလေး နှစ်ခု လက်ဆောင်ရတယ်။ ကျွန်တော် စိတ်မကောင်း ဖြစ်နေတာ သိလို့ အရုပ် လက်ဆောင်ပေးတာတဲ့။ ဟီးဟီး.. ချစ်ဖို့ကောင်းလိုက်တာ၊ ကျေးဇူးကမ္ဘာပါ။ ခုတော့ ဒေါင်ချာစိုင်းနေပြီ။ ဒီ post ကို မနည်း မျက်ဖြူဆိုက်ပြီး ရေးနေရတာ။ ထိုးအိပ်တာပဲ ကောင်းပါတယ်၊ ကောင်းသောညပါဗျာ။

Three idiots ဇာတ်ကားထဲက အကြိုက်ဆုံး စကားလေးတစ်ခွန်းကိုတော့ ပြောသွားပါရစေ.. All iz well. :)

Everybody wants happiness, no one wants the pain.
But you can't make a rainbow without a little rain.



လောလောဆယ်တော့ radio မှာ Jay Chou သီချင်း လွှင့်နေတယ်ဗျ။ ဟဲဟဲ.. နားထောင်ရင်း အိပ်လို့တော့ ကောင်းပါဦးမယ်။ ဂွတ် ည ပါဗျာ။ :D

ကြယ်ကြွေချိန်

Saturday, January 14, 2012

Year 2 Term 2 modules

The very first week of the sem was accomplished. Here is how I think of the modules for the first half of the sem. Haha.. boring stuff, right? :D Anw, i still wanna write abt things that gonna keep me occupied for the next 4 months.. So, here we go! :D

1. MPW (Management of People at Work)
- the most time-consuming mod ever!
- the most slacking prof ever! (he hasn't even uploaded seminar slides from last week)
- the most interesting class so far (I talked sth about Myanmar and Singapore economy in class, and prof responded, oh Cho might gonna be PM of Myanmar in 20 years, who knows! I was like o.O.. haha.. That's an interesting class hmm XD)

2. Company Law (Coy law)
- Tuesday blues! (morning 8:30am class with a law seminar, that's a pain in the heart Ouch! >_<)
- My only feel-small place (I feel all the other classmates know everything that I don't know about Coy Law)
- Prof's too smart (and classmates too)
- The heaviest mod of the sem.

3. Finance
- The most boring class (No chance for students' class participation)
- Prof's talking non-stop (sometimes I wonder he's talking to himself)
- I think he's gay (the way he talks, the way he moves, etc). XD

4. Taxation
- The most challenging class ever!
- အထင်နှင့် အမြင် တက်တက်စင်အောင် လွဲသော prof (His grey hair makes me think he's one of the old dullest profs. In reality, he keeps shooting spontaneous questions to students. When nobody responds, he calls out names. I got called out for 3 times in week 1 seminar. That's crazy. -_-") Oh.. he looks like my dad, btw. :)
- The way he keeps calling out my name makes me look funny in class (sometimes scared my wits out, sometimes nerd... h`h`h`)
- The 2nd heaviest mod of the class (after Coy law)
- Anw, TGIF! =)

All the same mods above for second half of the sem (from week 9 to 14), plus FT (Finishing Touch). I have talked to the FT prof before and found out that he's a very friendly prof. Hope to have an exciting FT class in 1B. :)

Gonna read my super thick Coy law readings for now. May God bless me with my Coy Law and Tax..

Thanks for visiting, my lovely buddies. See ya around. :)

Kyel Kywai Chain

Thursday, January 12, 2012

Batam, Indonesia

ပြီးခဲ့သော ဒီဇင်ဘာ ကျောင်းပိတ်ရက်က အင်ဒိုနီးရှား နိုင်ငံ၊ Batam ကျွန်းသို့ အလယ်တစ်ခေါက် ရောက်ခဲ့သည်။ ကျောင်းမပိတ်ခင် စာမေးပွဲတွေ ဖြေနေကတည်းက ခရီးထွက်မည်ဟု အားခဲထားခဲ့ရာ အစ်မ တစ်ဝမ်းကွဲ သူငယ်ချင်းများနှင့် အတူသွားဖြစ်ခဲ့သည်။ မြန်မာ အစိုးရသစ် သမ္မတအသစ် တက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများအတွက် အ၀င် Visa မလို၊ passport နှင့် student pass ပြလျှင် နိုင်ငံတွင်း ၀င်၍ရသည်။

ကျွန်တော် ပြောချင်သည်က ကမ်းခြေ လှပုံကို မဟုတ်။ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှား တူညီသော အချက်များကို ပြောပြချင်သည်။ မြန်မာနိုင်ငံသား ဆိုတော့လည်း ရောက်လေရာ ကိုယ့်နိုင်ငံ နဲ့ပဲ ယှဉ်ယှဉ်ပြီး ပြောတတ်တာ အပြစ်တော့ မဆိုသာပါ။ မြို့တော် Jakarta တွင်တော့ ဤသို့ ရှိဟန် မတူပါ။ ဒီ့ထက် များစွာ ပိုတိုးတက်သော ဗဟို စီးပွားရေး အချက်အချာ မြို့ဟု ဖတ်ဖူး၊ ကြားဖူးပါသည်။ Batam မြို့ထဲသို့ ကားငှားသွားဖြစ်ခဲ့ကြသည်။ လမ်းများ၊ ကားများ၊ အိမ်များ၊ အဆောက်အအုံများသည် မြန်မာနိုင်ငံနှင့် အတော်ကြီးကို ဆင်တူသည်။ လမ်းများသည် ဖုန်၊သဲ အနည်းငယ် ထူသည်။ တခါတရံ မြေနီလမ်း တွေပင် ရှိသည်။ တောင်ကုန်းတွေ ပေါသည်။ လမ်းတွေဖောက်ဖို့ တောင်ကုန်းတွေကိုလည်း မိုင်းခွဲ ဖြိုချထားပုံရသည်။ တ၀က်တပျက် အပြို အပဲ့တွေနဲ့ပေါ့။ ကျွန်တော်တို့ ရန်ကုန်လမ်းများထက်တော့ အနည်းငယ် ပိုဖြူးသည်။ လမ်းပေါ်မှ ကားများကတော့ ရန်ကုန်က ကားတွေလိုပါပဲ၊ ခပ်စုတ်စုတ်။ လေးဘီးကား ပုံစံမျိုး တွေလည်း တွေ့ရသည်။

အော်.. ပြောရင်းနဲ့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလိုများ ဖြစ်ကုန်ပြီလားဗျို့။ မဟုတ်ရပါဗျား။ တစ်နေရာ တစ်နေရာ ဆက်သွယ်သွားလာရန် ခက်ခဲသည်။ မြန်မာနိုင်ငံမှာလို ၃၉၊ ၄၆ တစ်စီးပြီး တစ်စီးလာဖို့ မပြောနှင့်။ ဘတ်စ်ကား လုံးဝပင် မတွေ့ခဲ့ရ။ Taxi အနည်းငယ်သာ ရှိသည်။ ဟိုတယ်မှ Taxi ကို နေ့ပြတ် ငှားထားသဖြင့်သာ အနေချောင်တော့သည်။ ကားခ ကလည်း အင်မတန် ဈေးကြီးသည်။ ကားဆရာ ပြောတာက ဒီမှာ ဆီဈေး ကြီးသည်တဲ့။ Shopping mall တွေကလည်း ရန်ကုန်က shopping centre များနှင့် ဖွဲ့စည်းထားပုံ display အတော့်ကို ဆင်တူသည်။ မတူတာ တစ်ခုကတော့ ကြည့်လေရာ ပါတိတ်များသာ ရောင်းနေကြခြင်း။

တစ်ဖွဲ့လုံး အင်ဒိုစကားလည်း တစ်ယောက်မှ မပြောတတ်ကြ။ ကားဆရာ ဦးလေးကြီးကလည်း အင်္ဂလိပ်လို မပြောတတ်။ အဲ့မှာ စတွေ့ကြတာပဲ။ ကျွန်တော်တို့ နေ့လည်စာစားမည်၊ ပင်လယ်စာ စားချင်သည်၊ စားကောင်းသည့်ဆိုင် လိုက်ပို့ပါ.. ဆိုသည်ကို ခြေဟန်လက်ဟန် အမျိုးမျိုးပြ၍ အတူတူသွားကြသော အစ်ကို တစ်ယောက်နှင့် ကားဆရာ communicate လုပ်သည်။ အတော်ပြောယူပြီး နောက်ဆုံး ကားဆရာ သဘောအပေါက် လွန်သွား၍ထင့်၊ ရှယ်တကာ့ ရှယ် seafood ဆိုင်ကို ရောက်သွားသည်။ ငါး၊ ပုဇွန်၊ ဂဏန်း မျိုးစုံကို ကန်လိုက် အရှင်မွေးထားသည့် ဆိုင်ကို ခေါ်သွားသည်။ ကြိုက်သည့် အကောင် ရွေးပြီး တွယ်ကြတော့သည်။

အားလုံးစားအပြီး ပိုက်ဆံရှင်းတော့မှ စကွိုင်တက်တော့သည်။ အင်ဒို ပိုက်ဆံက အလွန်သေးသည်ကိုး။ မြန်မာ ကျပ်ငွေထက်ပင် တန်ဖိုး ၁၀ ဆ ပိုငယ်သေးသည်။ SGD 1 dollar ကို Indo 7000 ပေါက်သည်လေ။ ဂဏန်းပေါင်းစက်နဲ့ တွက်ယူလိုက်ရတဲ့ ပိုက်ဆံ၊ ခေါင်းတွေကို မူးလို့။ နည်းတဲ့ သုည တွေ မဟုတ်ဘူး၊ တန်းစီနေတာ။ ဟိုတယ်မှာ ညစာပြန်စားကြတော့လည်း million နှင့် ချီ၍ ကျသည်။ အော်၊ ရန်ကုန်က သူဋေးတွေ ဒီလာနေရင် အကုန်လုံး millionaire တွေ billionaire တွေ ဖြစ်ကုန်ကြတော့မှာပဲ။ နှိပ်ဟ.. XD

ကမ်းခြေကတော့ လှသည်။ Water activities များ ကစား၍ ကောင်းသည်။ ကျွန်းက ခပ်သေးသေး၊ တောင်ကုန်း ခပ်မြင့်မြင့်လေးပေါ် ရှိတာဆိုတော့ ခပ်ပုပု Bungalow လေးတွေကို မြင်ရသည်မှာ မှိုလေးများ တန်းစီ တစ်ခုပေါ် တစ်ခု ထပ်ပေါက်နေပုံနှင့်တူသည်။ Iphone camera မှလွဲ၍ ကင်မရာ ကောင်းကောင်း မစုဆောင်းထားမိသော ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ခဲ့သည်။ ဓာတ်ပုံရိုက် ၀ါသနာ ပါ၍ မဟုတ်။ ကမ်းခြေ ရှုခင်းများ လှလွန်းသောကြောင့်သာ။

ကျွန်တော့် ၀သီအတိုင်း အိမ်တစ်အိမ်ကို ကြည့်လျှင် ခေါင်မိုးကို အလွန် စိတ်ဝင်တစား လေ့လာမိသည်။ ယခင် အနည်းငယ် သင်ခဲ့ဖူးသည့် ဗိသုကာပညာ ဗဟုသုတအရ အိမ်တစ်အိမ်၏ အမိုးကို ကြည့်ခြင်းအားဖြင့် အဆိုပါဒေသ၏ ရာသီဥတု ကို အနည်းနှင့်အများ ခန့်မှန်းနိုင်သည်တဲ့။ မိုးများသည့် အပူပိုင်းဒေသ ဖြစ်သည့်အလျောက် Structure ကောင်းကောင်း၊ တုတ်တုတ်ခိုင်ခိုင် slab များဖြင့် ထောက်ကန်ထားသော အိမ်ခေါင်မိုး ချွန်ချွန်လေးများကို ခရီးတစ်လျှောက် တွေ့ခဲ့ရသည်။ နေချင်စဖွယ် ကောင်းလှသော၊ human comfort ပေးစွမ်းနိုင်သော အိမ်လေးများစွာ။ ရန်ကုန်က ကန်ထရိုက်တိုက်တွေနဲ့ သွပ်မိုးတွေကို အဲ့လို ပြောင်းပစ်လို့ရရင် သိပ်ကောင်းမှာပဲ ဟု တွေးမိသည်။


အထပ်ထပ် စီရီနေသော ချစ်စရာ အိမ်ခေါင်မိုးလေးများ

ဒီတစ်ခါ ကမ်းခြေသွားတာ လုံးဝ အသားမမဲ နေမလောင်ပါ။ Sunblock များ အသားမုန်း အထပ်ထပ် ကာကွယ်ထားခြင်း၏ အကျိုးကျေးဇူးတည်းသာ။ ထိုကျွန်းလေးသည် ပျော်စရာ ကောင်းသည်။ ဆွေးစရာလည်း ကောင်းပါသည်။ လွမ်းစရာကောင်းသော ထိုခရီးကို ပျော်တတ်သော လူတစ်သိုက်နှင့် သွားခဲ့ရသည့်အတွက် အတော်ရယ်ခဲ့ရပါသည်။ အစအနောက်သန်သူများ ပါသည်ကိုး။ အဖော်ကောင်းလျှင်တော့ တကယ့်ကို စိတ်ပြေလက်ပျောက် ခရီးပါပဲ။ ဒီ semester ပြီးလျှင်လည်း ထပ်သွားလည်နိုင်ဖို့ အခွင့်အရေးကို မျှော်လင့်ထားပါသည်။

ကြယ်ကြွေချိန်

ရောဂါ

“ကျတတ်လွန်းတဲ့ စိတ်ဓာတ်
မြေလွှာကို ဖောက်ထွင်းပြီး
အ၀ီစိထိ ဆင်းဖို့ ကျင့်ကြံနေသောခါ
ရော...ဂါ...”
IC ပြန်ဆိုထားသော စောဖွဲ့မှူး၏ “ရောဂါ” သီချင်း နီးရပ်ဝန်းကျင်မှ ပျံသန်းလာသည်။

ကျွန်တော့်အား တစ်စုံတစ်ယောက်က “ယခုလက်ဝယ် သင့်ခံစားချက်အား ဝေမျှပါ” ဟု မေးလာသော် ကျွန်တော် အထက်ပါ သီချင်းကို ဆိုပြမိပေမည်။ ဤကမ္ဘာလောက၌ အဖြစ်အပျက် အလုံးစုံဟူသည် အကျိုးရှိ၍ အကြောင်းရှိရသည် မဟုတ်ပါလော။ ထိုနည်းတူ ကျွန်တော် ဤသို့ဤပုံ ခံစားရသည်မှာလည်း အကျိုးနှင့်အကြောင်းနှင့် ရှိပါသည်။ ပဏာမ အနေဖြင့် ကျွန်တော့် အကျိုးအကြောင်းကို မှန်းဆကြည့်နိုင်ရန် အလို့ငှာ အောက်ပါစာပိုဒ်ကို ရှုပါလော့၊ မိတ်ဆွေ။

ကျွန်တော်၏ ဖြူနုနု အသည်းတစ်စုံကို မြေတူးစက်နှင့် ကလော်ကာတစ်မျိုး၊ လမ်းကြိတ်စက်ဖြင့် ကြိတ်ပြီးတစ်ဖုံ၊ မြင်းကောင်ရေ တစ်ရာအားရှိ မော်တာဖြင့် စုပ်ယူ ချေဖွ ဖျက်ဆီးကာ ပုရစ်တစ်ကောင်ပမာ အရှင်လတ်လတ် မီးမြှိုက်၍ တဂျွတ်ဂျွတ်မြည်အောင် သုံးဆောင်ပြီးသကာလ သူမထံတွင် မည်သည့် အရာများ မြတ်သွားပြီး ကျွန်တော့်ထံတွင် မည်သည့် အရာများ (အကောင်းပကတိအတိုင်း သို့မဟုတ် ပျက်စီးပြီးသော အကြွင်းအကျန် အစအနများ) ကျန်ရှိပါသနည်း၊ မိတ်ဆွေ။ ခွဲခြမ်းစိတ်ဖြာပါလော့။

သူမ နှုတ်ခမ်းဖျားမှ ပွင့်အံကျလာသော “ချစ်တယ်” ဟူသော ဝေါဟာရလေးအပေါ်တွင် ကျွန်တော် သာယာခဲ့ဖူးပါသည်။ ထိုတခဏလေး၌ ကျွန်တော့်ကိုယ်ကျွန်တော် ဤကမ္ဘာပေါ်တွင် အပျော်ဆုံးသော ပုထုဇဉ်ဟုလည်း ကင်ပွန်းတပ်ခဲ့ဖူးပါသည်။ ကျွန်တော့်တွင် ချမ်းသာသမျှသော အလုံးစုံသည် သူ့အတွက်ဟု ရည်ရွယ်ပေးခဲ့ဖူးပါသည်။ သူ့အတွက်ဆိုလျှင် ကျွန်တော် မည်သည့်အရာကိုမဆို ရင်ဆိုင်ဝံ့သည်ဟုလည်း ခံယူခဲ့ဖူးပါသည်။ ယုတ်စွအဆုံး တစ်နေ့ သူကျွန်တော့်ကို ထားရစ်ခဲ့လျှင်တောင် တခြားသူ၏ ရင်ခွင်ဝယ် ပြုံးပျော်နေသည်ကို မြင်ရလျှင် ကျေနပ်ပြီဟုပင် မုဒိတာပွားခဲ့ဖူးပါသည်။

သူသည် ကျွန်တော့်အပေါ် တန်ခိုး သြဇာတိက္ကမ လွှမ်းမိုးနိုင်သည့် ဘုရင်မ ဖြစ်သလို ကျွန်တော်၏ နေ့ရက်များ စိမ်းလန်းစိုပြည်လာအောင် ပေါင်းသင်ပေးသော ဖန်ဆင်းရှင်လည်း ဖြစ်ပါသည်။ ကျွန်တော်၏ ဟာတာတာ အာကာသ ဟင်းလင်းပြင်ကြီးထဲ ဆေးရောင်စုံ ပန်းချီကားများဖြင့် အသက်သွင်းပေးခဲ့သည်။ တစ်ကောင်ကြွက် ကျွန်တော့်ကို “မေတ္တာ ဆိုတာဘာလဲ”ဆိုသည့် မေးခွန်းကိုလည်း အဖြေပေးခဲ့သည်။ အာဏာပြင်းလွန်းသည့် သူသည် ကော်ဖီ မကြိုက်သော ကျွန်တော့်ကိုပင် ဘလက်ခ်ကော်ဖီခါးခါးတစ်ခွက်ကို တစ်ရှိုက်မတ်မတ် နမ်းရှုံ့တတ်အောင် သင်ပေးခဲ့သည်။

သူမ၏ အချစ်သည် ဤမျှပင် ပြီးပြည့်စုံခဲ့သော်လည်း ကျွန်တော့်ဘက်ကမူ သူမ တပ်မက်သော နွေးထွေးမှုမျိုးဖြင့် လက်လှမ်းမကြိုနိုင်ခဲ့ပါ။ တစ်နေ့တာ၏ မနက်ခင်းအစတွင် ကျွန်တော့်ထံမှ “ထွေး... နိုးပြီလား” ဟု ဖုန်းဆက်၍ တယုတယ မေးထူးသံကို သူမ တောင့်တသော်လည်း အေးစက်စက် ကျွန်တော့်မှာ ပေးစွမ်းနိုင်စွမ်း မရှိခဲ့ဟု ၀န်ခံရသော် အခါနှောင်းလေပြီ။ အရာရာ နှောင်းခဲ့သော ယခုအချိန်တွင်မူ ကျွန်တော့် ရင်ထဲက လူအများ အချစ်ဟု သမုတ်ကြသော အရာသည် သူကြိုက်တတ်သည့် ကော်ဖီခါးခါးကို Creamer မပါဘဲ သောက်ရသလို ပေါ့ရွှတ်ရွှတ်ကြီး။

ခပ်ပြင်းပြင်း အသက်ရှူသံများအကြား သူမ၏ ခပ်ဖွဖွ ရှိုက်သံက ကျွန်တော်၏ အသဲ အူ ကလီစာ အစုံပလုံကို အချွန်ဖြင့် ဆွနေသလိုပင်။ နာသည်။ သို့သော် အတွင်းဒဏ် ကျလွန်းသဖြင့် ကယ်နိုင်မည့် ဆေးမရှိတော့။ အနာကို အပြင်ပန်းမှ အချိုရည် ဆမ်းထားသော အပြုံးဖြင့် ဖုံးအုပ်ထားသဖြင့် ကုသပေးနိုင်မည့် ဇီဝကလည်း ရောဂါ ယင်းမြစ် ရှာမတွေ့နိုင်တော့။ ယခုချိန်တွင် ကျွန်တော် ငမိုက်သား ငနဲတစ်ကောင်အား ကိုယ်ချင်းစာနိုင်မည့်သူ မည်သူ တစ်ဦးတစ်ယောက်ကိုမှ မမျှော်လင့်တော့ပါ။ နောင်တစ်ချိန် ဤအဆိပ်ပြင်းပြင်း အတိတ်ကို ပြန်စောင်းငဲ့ကြည့်သော် "ကိုယ့်ထိုက်နှင့် ကိုယ့်ကံပင် ရှိပါစေတော့လေ" ဟု ကံကို ပုံအပ်ခဲ့ရသည့် လူညံ့တစ်ယောက် ဤပလက်ဖောင်းပေါ်တွင် ခေါင်းငိုက်စိုက်ဖြင့် တွေတွေ ရပ်နေခဲ့ဖူးသည် ကို တွေးရယ်နေမိမည်။

သို့နှင့် စက္ကန့်အနည်းငယ် အတွင်း ကျွန်တော့် အချစ်ဦးသည် ကျွန်တော်နှင့် ဆန့်ကျင်ဘက် လားရာအရပ်ကို ခပ်ဖြည်းဖြည်း လျှောက်သွားခဲ့ပါပြီ။ ကျွန်တော့် ရင်ဘတ်ထဲမှ အနာသည် အကျည်းတန်သလောက် သူမ၏ ကျောပြင် က မူ ကျော့ရှင်းလွန်းလှပါသည်။

ကြယ်ကြွေချိန်

ဇန်န၀ါရီ

ရွာနေတယ် ငါ့ရင်ထဲမှာ၊ မျက်ရည်မိုးတွေ
အရင်ကလို ချော့ကာစိုး ပေးမယ့် နင်မရှိလို့။

အသက်နဲ့ရင်းပြီး ယုံစားလိုက်ရတာ
နောက်ဆုံးပြန်ရတော့ အရှုံးများသာပေါ့

ဒါလည်း အမှတ်သညာ မရှိပါဘူး
တစ်ရက် အခါတစ်ရာမက နင့် စာတွေ ပြန်ပြန်ဖတ်
နင့် ပုံတွေ ပြန်ပြန် ကြည့်ရင်း ပြုံးရ ငိုရနဲ့။

မပြီးနိုင်တဲ့ ပြဇာတ်ဟောာင်း တစ်ပုဒ်ကို ပြန်ကရဦးမယ့်
ဒီခြောက်ကပ်ကပ် ဇန်န၀ါရီ။

ဘယ်တော့များမှ နင် ငါ့ရဲ့ ပေါ့ရွှတ်ရွှတ် ကဗျာတွေထဲက ထွက်သွားမှာလဲ။

ကြယ်ကြွေချိန်

Monday, January 9, 2012

A new battle starts! (Y2T2)

I am gonna have my first class of the semester in about 3 hours. I still can't believe that December holidays are over.. too short holidays! :X It will be a lie to say that I am not excited at all about this sem. To be honest, I am a little bit scared, too.

All my excitement and fear are gonna be the base of all my thrill and satisfaction for the next 4 months. This sem is the start of my 1-year MC Excos term. I will be serving passionately for MC club with my beloved ExCo members. I had an awesomely fun official photoshoot with them yesterday. Our Exco term's very first performance will be for ICON's LNY in 2 weeks. I feel so enthusiastic and proud to be part of the ExCos. Ahead lies the way to give our best to the community.

Why fear.. I must boost up my academic performance this sem for sure! Gonna challenge myself.. Keep asking myself "Is this the best you can do?" I'm so gonna see to what extent I am capable of.. What I'm made of.. Well, I'll wait and see till the end.. :)

This sem, life's gonna be so filled with a mixture of feelings: fun, excitement, troubles, annoyed, anger, thrill, laughter, chills, etc. This sem is not gonna be just-so-so. I am so gonna enjoy it.. to the max! :)))

Kyel Kywai Chain
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...