Wednesday, October 27, 2010

မနက်ဖြန်

မနေ့က နင် အေးစက်စက်ပြောခဲ့တဲ့ စကားတစ်ခွန်း ခုထိ ကြားယောင်နေတုန်းပဲ။
ဘာရယ်... “ငါမရှိလည်း နင့်အတွက် ဘာမှ မထူးခြားပါဘူး” တဲ့။
စိမ်းကားလွန်းတဲ့နင်လေ ငါ့အပေါ် အမြဲ အေးစက်လွန်းတယ်။
ဘာကြောင့်လဲ ငါမေးတိုင်း ဝေ့လည်ကြောင်ပတ် ပြောတတ်တဲ့ နင့်ကြောင့် ငါငိုရတဲ့ ညပေါင်း မနည်းတော့ဘူး။
နင်ပြန်ချော့တိုင်း ငါပြုံးတတ်ခဲ့ပေမယ့် ငါ့ရင်ထဲ စွဲကျန်ရစ်ခဲ့တဲ့ ဒီအမာရွတ်က ဘယ်တော့မှ ဖျက်မရနိုင်တော့ဘူး။

နင်လည်း နင့်ကမ္ဘာမှာ၊ ငါလည်း ငါ့ကမ္ဘာမှာ ရှင်သန်နေတာပဲ။
ဒါပေမယ့် အခုနဲ့ အရင် မတူတော့တာက ငါ့ဘေးမှာ နင်မရှိတော့ဘူး။
ဒီအတွက် ငါဘယ်သူ့ကိုမှ အပြစ်မတင်ဘူး။
ဟုတ်တယ်။ နင်သင်ပေးခဲ့ဖူးသလို မနက်ဖြန်ပေါင်းများစွာ ငါတစ်ယောက်တည်း ကောင်းကောင်း အသက်ရှင်သန်သွားမှာ။
နင့်ကို သိစေချင်တာ တစ်ခုပဲရှိတယ်။
ငါ့ရဲ့ ဘယ်ဘက်နံဘေးမှာ မနေ့က နင်ရှိခဲ့တဲ့ နေရာလေး အဲ့ဒီ မနက်ဖြန်တွေတိုင်း အမြဲ လစ်ဟာနေဦးမှာပါ။

ကြယ်ကြွေချိန်

1 comment:

  1. နာကြားဖူးတဲ့ ကဗျာလေး ပြောပြရမလား..
    မောင်မလာ မောင်သာငတ်..
    မောင့်နေရာလူမပြတ်တဲ့
    ဟီးးးးးးးးးးး
    နောက်တာနော်
    ခံစားသွားတယ်(ပန်းကန်ကြီးနဲ့ )

    ReplyDelete

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...