Friday, October 28, 2011

မကြားချင်ပါ

ကျေးဇူးပြုပြီး မပြောပါနဲ့
ငါမကြားချင်ဆုံး စကားကို။

အချိန်တန်ရင် လူတွေက မေ့လိုက်ပါတော့ကွာလို့
ဝတ်ကျေတန်းကျေ လာပြီး ပြောကြမယ့် so-called နှစ်သိမ့်စကားမျိုး
ငါ့ရင်ထဲက မုန်တိုင်းကို တကယ်ရော နားလည်ကြလို့လား။

အရာရာအားလုံး ပြီးဆုံးသွားပြီတဲ့
နင့်နှုတ်ခမ်းလေးတွေ ခပ်ရွရွလေး ရေရွတ်နေကြတယ်
ဒါပေမယ့် တစ်ကနေ ပြန်စလို့ ရသေးတာပဲလေ
ငါ့နေရာကို ၀င်ကြည့်ပေးလှည့်ပါလား။

နှင်းနတ်သမီးက မကြာခင် လာရတော့မယ့် နွေနတ်သားကို
မျက်စောင်း ခပ်စူးစူးလေး တစ်ချက်ထိုးလိုက်သလိုပဲ
ခပ်တင်းတင်းအကြည့်တွေက မထီမဲ့မြင်နဲ့
သူမနှုတ်ခမ်းထူထူတွေကလည်း သရော်နေကြတယ်
"ငါသာမရှိရင် နင်ဆိုတာလည်း ရှိလာမှာမဟုတ်ဘူး" တဲ့
"ငါနေရာ ဖယ်မပေးရင်လည်း နင်ဘာမှ မတတ်နိုင်ဘူး" တဲ့
တစ်ခါတစ်ခါကျ လောကကြီးက မတရားသလိုပဲဗျာ။

ကြယ်ကြွေချိန်

စာဆက်မလုပ်ချင်သေးလို့ လျှောက်ရေးထားတာပါ။
ကျွန်တော် တကယ် စာဆက်မကျက်ချင်တော့ပါ။ T_T

Wednesday, October 26, 2011

From a Teddy

Once, I felt like a queen,
A queen without a crown.
You lifted me up to touch the sky screen,
A screen without a frown.

Gone were the days of our sunshine,
Hidden inside the magic-hat of the clown.
He just revealed the tangibility lying inside,
And it's our expected scornful laughter of the mourn.

There's something between us,
That keeps telling me it's not eternity.
We keep whining around and thus,
Think it's time to stop my incapability.

Teddy Bear wakes up from a dream,
Saying to me, "It's over, the game's over..."

Kyel Kywai Chain

Tuesday, October 25, 2011

Keep moving on

Although i lost in previous battles,
Although failures knocked me down,
Although things are going wrong everywhere,
I don't care.
I will move on no matter what.

Let it be inch by inch, or it takes a while,
I will STILL move on... Whatever!!!

I can prove you that I can always stand up even after being knocked down. It's a must!

Yeah, that's me.

Kyelkywaichain

Monday, October 24, 2011

မသိချင်ပါ

တချို့တချို့တွေပေါ့
ပါးစပ်ကို လက်နဲ့ကာလို့ တိုးတိုးတိုးတိုး ပြောနေကြလေရဲ့
ကျုပ်ကို မျက်စောင်း ၂စက္ကန့် ၁ခါ လောက် ထိုးရင်းနဲ့ပေါ့
သူတို့ ဘာတွေအုပ်နေကြလဲ .. အတင်း
ကျုပ်မသိချင်ဘူး။

ဟော.. ပြောရင်းနဲ့ ခပ်အုပ်အုပ် ရယ်နေကြပြန်ပြီ
ကျုပ်က ဖျတ်ခနဲ လှည့်အကြည့် မိသွား၏
အရယ်ရပ်ပြီး ခပ်တိုးတိုး ပြန်အုပ်နေကြပြန်ပြီ.. အတင်း
အော် ဟိုတစ်ယောက်ကတော့ နည်းနည်း မကောင်းတတ်ဘူး ထင်ပါရဲ့
သူပဲ ဘာမှမသိသလို ဘာမှမလုပ်သလိုနဲ့
မျက်လုံးလေး ပေကလပ် ပေကလပ် ယောင်တောင်ပေါင်တောင်နဲ့ ဟိုကြည့်ဒီကြည့်ပေါ့
လူတွေ လူတွေ ခက်လိုက်ပါဘိ။

ကြယ်ကြွေချိန်

Sunday, October 23, 2011

နှုတ်ခမ်းမွှေးစိမ်းစိမ်း

နှုတ်ခမ်းမွှေး.. နှုတ်ခမ်းမွှေး.. မရှိမကောင်း ရှိမကောင်းတဲ့။

ဟုတ်ပါသည်။ ကျွန်တော့်တွင် နှုတ်ခမ်းမွှေး ရှိပါသည်။ ဟောဗျာ... မိန်းကလေးက ဘယ့်နှယ့် နှုတ်ခမ်းမွှေး ကြီးနဲ့တုန်း? လို့တော့ မမေးပါနှင့်။ ရှိသင့် ရှိထိုက်သော ခပ်ပါးပါး စိမ်းစိမ်း ရိပ်ရိပ် လေးတင်ပါပဲ။ သို့သော် ထို နှုတ်ခမ်းမွှေး အရောင် ခပ်စိမ်းစိမ်းက မျက်နှာ အောက်ခံ အရေပြား အရောင်ခပ်ဖျော့ဖျော့နှင့် ကွဲနေသည့်အခါ အတော် ထင်ရှားလာပါသည်။ ထိုအခါ လူပြောစရာ ဖြစ်လာပါသည်။

ကျွန်တော့် သူငယ်ချင်းတွေ တော်တော်များများလည်း နှုတ်ခမ်းမွှေး စိမ်းစိမ်း ရှိကြတာပဲ။ သို့သော် သူတို့ထက် အနည်းငယ် ထူနေ၍ထင့်၊ ပိုထင်းနေသည်။ hostel က resident senior တစ်ယောက်က ဒီနှုတ်ခမ်းမွှေးနှင့် ပတ်သက်၍ ကျွန်တော့်ကို အတော်နောက်ပါသည်။ ဒီလူကြီး နောက်လည်း နောက်နိုင်လွန်းတယ်။ လူမြင်သည်နှင့် Hey, Mustache တဲ့ ခေါ်ပုံက ကြည့်ဦး။

မိန်းကလေး နှုတ်ခမ်းမွှေး စိမ်းစိမ်းပါးပါးကို သဘောကျသလောက်၊ ယောကျာ်းလေးဆိုလျှင် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေး.. (အို facial hair အားလုံး အပါအ၀င်) ထားသူကို အလွန်မုန်းပါသည်။ သပ်သပ်ရပ်ရပ် ခပ်ပါးပါး ရှိလျှင် ကိစ္စမရှိ။ သို့သော် ၁ပတ် ၂ပတ်လောက် မရိတ်ဘဲ ပစ်ထားသည့် မုတ်ဆိတ်မွှေးမျိုးကို သိပ်အမြင်ကတ်ပါသည်။

ကျွန်တော့်ဖြစ်ပုံမှာ အလွန်ထူးဆန်းပါသည်။ တစ်ဦးတည်းသော မောင်ငယ်တွင်တော့ မုတ်ဆိတ်မရှိဘဲ ကျွန်တော့်တွင် နှုတ်ခမ်းမွှေး လာပေါက်နေပါသည်။ လက်နှစ်ဖက်တွင်လည်း လက်မွှေးရှိသည်။ လက်မွှေးက နုပြီး အတော်ရှည်ပါသည်။ လက်မောင်း လက်ဖျံပေါ်တွင်သာ မကသေး၊ လက်ချောင်းတွေပေါ်မှာပါ အများကြီး ပေါက်နေပါသေးသည်။ ကြောက်စရာ လန့်စရာ တစ်ခုခု ကြုံရပါက ကြက်သီးများ ဖျန်းခနဲ ထသွားချိန်တွင် ကျွန်တော့်လက်ပေါ်ရှိ အမွှေးများအားလုံး အစီအရီ ထောင်နေကြသည်ကို ကြည့်ပြီး ဘော်ဒါများ ခဏခဏ ဟားကြပါသည်။ အတန်းထဲတွင်လည်း jacket မ၀တ်ထားပါက လက်မွှေးများ အပြတ်အသတ် ထောင်နေကြသည်။ မောင်လေးတွင်တော့ ထိုလက်မွှေး မရှိ။ အော် ငါ့နှယ်.. မိန်းမ ဖြစ်ပေလို့သာပဲ။ ယောက်ျားသာဆို.. ဟွန်း ငါနော်။ အမေက မိန်းကလေးနှင့် ယောကျာ်းလေး မှားမွေးလာ၍ထင့်။ တစ်ခုခုတော့ လွဲနေသည်မှာ သေချာသည်။ အော် ဟိုသီချင်းလိုပေါ့။ နည်နည်းလေးတော့ လွဲနေတယ်... လွဲလွဲလေးပဲ ကောင်းပါတယ်...။ :D

ဘယ်သူဘာပြောပြော ထို နှုတ်ခမ်းမွှေးစိမ်းစိမ်းကို ကျွန်တော် ကြိုက်ပါသည်။ နှုတ်ခမ်းပါးပါးတစ်စုံထက်တွင် အချိုးကျနစွာ ပုံစံတကျ စီရရီ ပေါက်နေသော ထိုနှုတ်ခမ်းမွှေးနုနုများကို ကျွန်တော် မပျက်မစီးအောင် ထိန်းသိမ်းမွေးမြူပါမည်။ တစ်ခါတလေ ဤသို့ blog ပေါ်တွင် ပေါက်ကရ လေးဆယ် လျှောက်ရေးရသည်ကို အလွန်ကြိုက်ပါသည်။ သို့သော် အထက်ပါ အကြောင်းအရာများအားလုံး မှန်ကန်ကြောင်း ထောက်ခံစွာဖြင့်



ကြယ်ကြွေချိန်

Wednesday, October 19, 2011

လက်ချောင်း ရှည်ရှည်လေးများ

လက်ချောင်း ရှည်ရှည်သွယ်သွယ်လေးတွေ ကြိုက်လား? ဒါမှမဟုတ် တိုတိုတုတ်တုတ်လေးတွေ ကြိုက်လား?

ကျနော်ကတော့ ရှည်ပြီး တုတ်လည်းမတုတ်၊ သွယ်လည်းမသွယ်တဲ့ လက်ချောင်းလေးတွေ ကြိုက်တယ်။ ကျနော့ လက်ချောင်းတွေက (သူငယ်ချင်းတွေ အတော်များများထက်) ရှည်တယ်၊ ဒါပေမယ့် သွယ်တယ်လို့တော့ ပြောလို့မရဘူး၊ ငယ်ငယ်တုန်းက လက်ဆစ်ချိုးတာကိုး။ အမေ့လက်ချောင်းတွေနဲ့ အရမ်းတူတယ်။ လက်သည်းတွေက အစ တစ်ပုံစံထဲပဲ။ အမေက လက်ဆစ်မချိုးတော့ အရမ်းသွယ်ပြီး ကြည့်လို့လှတယ်။ ဘာပဲဖြစ်ဖြစ် ကျနော့ လက်ချောင်းလေးတွေ ကျနော် ကြိုက်တယ်။ လက်ချောင်းရယ်မှ မဟုတ်ဘူး၊ ကျနော့ကိုယ်ပေါ် အမေပေးထားတဲ့ အရာအားလုံးကို ကြိုက်တယ်။ တကယ်ပြောတာပါ။ ငါစွဲကြီးတဲ့ narcissist ရယ်လို့တော့ မဟုတ်ရပါဘူး။

အဘွားက ငယ်ငယ်ကတော့ ကျနော့လက်ချောင်းတွေကြည့်ပြီး ခဏခဏ ပြောတယ်။ ငါ့မြေးက ကြီးလာရင် ဂီတပညာရှင်ကြီး ဖြစ်မှာတဲ့။ စန္ဒရားတီးပြီး သီချင်းတွေ ရေးမှာ၊ ဆိုမှာတဲ့။ အနုပညာလက်တဲ့။ ဟီး.. အဘွားက အဲ့လိုပြောတိုင်း ပျော်တယ်။ ဒါပေမယ့် music lesson ရယ်လို့ သေသေချာချာ မသင်ခဲ့ဖူးဘူး။ ကျနော့ musical idol က Jay Chou (周杰伦) ပါ။ သူသီချင်းဆိုဟန်၊ စန္ဒရားတီးဟန် အားလုံးကို သဘောကျတယ်။ ၁၀တန်း ပြီးကတည်းက အတော်ကို ရူးသွပ်ခဲ့တာပါ။ အဓိကကတော့ သူ့ရဲ့ ဇွဲနဲ့ အရှုံးမပေးတဲ့စိတ်ဓာတ်ကို သဘောကျတာ၊ ဒါတွေ ထားပါလေ။

ကျောင်းဘင်ခရာအဖွဲ့မှာတော့ ၇တန်း၊ ၈တန်း၊ ၉တန်း ၃နှစ်ဆက်တိုက် လက်ရွေးစင်ပါတယ်။ Flute နဲ့ Clerinet ပိုင်း အသေးစိတ်သင်ရတယ်။ ပြိုင်ပွဲဝင်အတွက် Wind instrument အပိုင်းတွေပဲ အရွေးခံရတယ်။ Trumpet နဲ့ Saxophone ကတော့ သိပ်မရဘူး၊ Lungs က သိပ်ပြီး stamina မကောင်းလို့ ဟီးဟီး မမှုတ်နိုင်ဘူးလေ =D ။ Percussion ပိုင်းကတော့ အဲ့တုန်းက drum ကို မလွယ်နိုင်လို့ မပါရဘူး။ လူက ပိန်တာကိုး။ နောက်ပိုင်း drum-set သင်တော့လည်း ဆရာက ပေးမပါဘူး။ အဲ့တုန်းကဆို စိတ်တွေ ကောက်တာ ကောက်တာ ဆိုတာ =D

သူများတွေလို အသံမကောင်းပေမယ့် သီချင်းဆိုရတာတော့ ၀ါသနာပါပါတယ်။ Kbox သွားကြပြီဆိုရင် မိုက်ခဲချင်ပေမယ့် ပရိသတ်က သိပ် Favor မပေးတော့ မခဲရဲဘူးဗျ၊ အသံမကောင်းဘူးလေ။ တော်ကြာ ရေဘူးတွေနဲ့ ကောက်ပေါက်နေမှ ခေါင်းပေါက်ကုန်မယ် =D ။ သီချင်းအဆိုကောင်းတဲ့ သူငယ်ချင်းတွေဆို အရမ်းသဘောကျတယ်။

ကျနော်ကိုယ်တိုင်ကတော့ ဆိုဖို့ထက် music ကို တီထွင်ချင်တာ။ ပြောရင် လေကျယ်တယ်လို့ မထင်ပါနဲ့နော်။ တကယ်ပါ၊ ကိုယ်ပိုင် own music ထွင်ဖို့ ၀ါသနာပါလွန်းလို့ ကျနော် အရမ်းချစ်တဲ့ လက်ချောင်းရှည်ရှည်လေးတွေ အနာခံပြီး guitar တီးသင်နေပါတယ်။ Inborn talent ရှိမရှိတော့ မသိပါဘူး။ စမ်းတော့ စမ်းကြည့်ချင်ပါတယ်။ ကျနော်နဲ့ ၀ါသနာတူလို့ အတူတူ သီချင်းတွေ တီးချင် ဆိုချင်တယ်ဆို ကြယ်ကြွေချိန်ကို အချိန်မရွေး ဆက်သွယ်လိုက်ပါနော်။

လေးစားလျက်
ကြယ်ကြွေချိန်

Tuesday, October 18, 2011

Mugging is coming!

So, this is week10 in SMU, exactly when people start to chiong (singlish for: rush and work really really hard!) for their group projects and submissions. But a few people have already started mugging for finals!!!

Arrgh what the hell... Everyday and night at library, people are mugging. And guess what, most of them are the same people whom i see at the library everyday! People bring along sleeping bags and sleep at the desks. Some people don't really go back home, because when i see them the following day at the library, they are still in the same outfit as the previous day! Redbull becomes their daily survival drinks. I still remember one vending machine at the library run out of redbulls! >_<"

Singaporeans care about GPA too extremely, including all universities here: SMU, NUS and NTU. This is so badly irritating. Plus, SMU people not only mug, but also kay-po (singlish for: a lun shar shay pyee ho satsat d satsat win par tat thorr thu myarr, for eg, CCAs).

Not to be surprised, i am also becoming one of them gradually. At the beginning of my 1st year, i found what SMUSA (SMU Student Association) president said "work hard, and play harder" very vibrant and exciting. Yah, this is just a cliche' now. If you were on the campus, try stop a student and ask what he thinks of it, he will exactly give the same answer.

If your grades are not so grand nor average, people find you inferior in class. Professors sting on you! Let me make a point here... Being quiet in class (not shooting questions to the professor pretending that you dont understand) doesn't mean you are incapable of the subject field. I mean.. what's so special about an individual who hits gpa 3.99, other than his intellectual wellbeing (IQ or whatever)?

Sometimes, i feel so sick of this pretend-to-be-vibrant-dailylife. I would say students here are both physically and mentally pathetic!

Will life be a huge difference if i go for overseas exchange programme in senior year, say.. Europe? :D

Kyel kywai chain

Monday, October 17, 2011

စိတ်ပုပ်

သူငယ်တန်း - တစ်တန်းလုံး ခုံပေါ်တက် မတ်တတ်ရပ်ပြီး ကမ္ဘာမကြေ ဆိုကြစဉ် ဘေးခုံက ကောင်မလေး၏ ဒူးကို လှမ်းပြီး ခြေထိုးခြင်း။ (နောက်ချင်ရုံသက်သက်သာ) သို့သော် ထိုကောင်မလေးက ဆရာမကို လှမ်းတိုင်သဖြင့် ၂နာရီလောက် ခုံပေါ်တက် မတ်တတ်ရပ် အပြစ်ပေးခံရပါသည်။

၁တန်း - သူငယ်ချင်း ကောင်မလေး ချောချောလေး၏ ဆံပင် အရှည်ကြီးကို မနာလို၍ ခဲတံချွန်နေစဉ် မတော်တဆ ဟန်ဆောင်ပန်ဆောင်ဖြင့် ခဲတံချွန်ဓားနှင့် သူမလက်ခုံကို ခြစ်လိုက်ခြင်း။ (ခုမှ ပြန်တွေးမိပြီး ငါတော်တော် ကြောက်ဖို့ကောင်းတဲ့ မကောင်းဆိုးဝါးပါလားဟူ၍...) အတန်းမှူးရုံးခန်းတွင် ၀န်ခံလက်မှတ် သွားထိုးရပါသည်။ ထိုသူငယ်ချင်း ချောချောလေး၏ နာမည်က SMTD ပါ။

၂တန်း - သွေးလွန်တုပ်ကွေး ဖြစ်ပြီး ဆေးရုံတက်ရစဉ် စာလိုက်ကူးပေးထားသော သူငယ်ချင်းကို ငိုပြပြီး ဆရာမထံတွင် စာမေးပွဲမေးခွန်း တောင်းခိုင်းခြင်း။ (သူ့နာမည်က HHN ပါ။)

၃တန်း - သူများ စားနေသော Oishi မုန့်ထုပ်ကို အတင်း မရမက လိုက်ကပ်စားခြင်း။ နောက်ဆုံးတွင် မုန့်ထုပ်၏ တ၀က်ကျော်က ကျနော့ ပါးစပ်ထဲသို့သာ ရောက်ပါသည်။ (သူကတော့ MMK ပါ။)

၎တန်း - စည်းကျော်သူလိုက်တမ်း ကစားကြစဉ် ဘေးကလူ စည်းမကျော်ကျော်အောင် အတင်းတွန်းထုတ်ရသည်ကို ကြိုက်ပါသည်။

၅တန်း - မနက်ဘက် သန့်ရှင်းရေး ဂျူတီ ကျသူများကို နောက်ချင်၍ တံမြက်စည်းများ သွားဖွက်ထားခြင်း။ အကြံပိရိသဖြင့် နောက်ဆုံးတွင် လက်သည် မပေါ်ဘဲ ထိုဂျူတီကျ အသင်းတစ်သင်းလုံး ဆရာမ အဆူခံရပါသည်။

၇တန်း - ဘင်ခရာ လက်ရွေးစင် ရွေးချယ်ပွဲအတွက် ပုလွေမှုတ် အသည်းအသန် ကျင့်ပြီး စာကောင်းကောင်း မကျက်သဖြင့် စာမေးပွဲတွင် ရှေ့ခုံက ကောင်မလေး၏ ခါးကို ပေတံဖြင့် ထောက်ထောက်ပြီး စာရွတ်ပြခိုင်းပါသည်။ သူပြန်လှည့်မေးသည့်အခါကျ မပြောပြပါ။ :D

၈တန်း - ဘင်ခရာ ပြိုင်ပွဲဝင် လက်ရွေးစင် ရွေးပွဲတွင် ကျိုင်းကိုင်ရမည့် ကျောင်းသူကို မဲပေးရပါသည်။ Candidate ထဲတွင် ၇တန်းနှင့် ၈တန်း ကျောင်းသူများပါသည်။ ၈တန်း ကျောင်းသူ candidate ထဲတွင် ကျွန်တော်တို့ အတန်းထဲမှ သူငယ်ချင်းတစ်ယောက်ပါပါသည်။ ကျွန်တော်တို့အသင်း တခြားအတန်းများကိုပါ စည်းရုံးရေးဆင်းပြီး မဲဆွယ်ရာ သူမ အရွေးခံလိုက်ရပါသည်။ (မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်၍ တခြားအတန်းမှ ၈တန်း ကျောင်းသူများရော၊ ၇တန်းကျောင်းသူ အငယ်လေးများပါ အခုထက်ထိ ကျွန်တော်တို့ကို မျက်မုန်းကျိုးနေကြပါသည်။)

၉တန်း - ၀ိုင်း ကျူရှင် စတက်ရပါသည်။ အတန်းထဲတွင် တခြားသူများ စာလာမေးလျှင် အင်မတန် လျှိုပြီး ငါလည်းမကျက်ရသေးဘူး ဟု ပြောရသည်ကို အလွန်သဘောကျပါသည်။

၁၀တန်း - ဆရာမ စာမေးတိုင်း သမီးမသိဘူး၊ တီချယ် ဟုပြောပြီး ဘေးတွင် ထိုင်နေသော သူငယ်ချင်းကို လက်ညှိုးထိုးပြီး သူသိတယ်၊ တီချယ် ဟုပြောရသည်ကို ကြိုက်ပါသည်။

အခုလက်ရှိ - အထက်ပါ အချက်များ အားလုံး ကို ပြည်ဖုံးကား ချပါသည်။ ကျွန်တော် လုံးဝ (လုံးဝ) စိတ်မပုပ်တော့ပါ။ (မှတ်ချက်။ ရံဖန်ရံခါ ဟူသော စကားလုံးသည် ခဏတဖြုတ် ခြွင်းချက်တော့ ဖြစ်နိုင်ပါသည်။ :D )

ကြယ်ကြွေချိန်

Sunday, October 16, 2011

ထိပ်ဆုံးသို့

"တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင် ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။

စခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတစ်သွင် အားသင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။"

မူလတန်း (၃တန်းလောက်) တုန်းက မြန်မာဖတ်စာအုပ်မှာ ကျက်ခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ငွေတာရီ ရေးတာထင်တယ်။ သေချာမမှတ်မိတော့ဘူး။ ကဗျာတောင် အတော် ပြန်ရွတ်ယူလိုက်ရတယ်။ အဆုံးပိုင်း သိပ်မမှတ်မိလို့။

အဲ့တုန်းက ကျက်ခဲ့တုန်းကတော့ အမှတ်ပြည့်ရအောင် စကားပြေနဲ့ ကဗျာကို ကျက်ပြီး ဖြေလိုက်တာပဲ။ ခုမှ ပြန်တွေးမိတော့ အရမ်း အဓိပ္ပာယ်ရှိတဲ့ ကဗျာလေးပဲ။ တကယ်ပါ။ ဒီတလော စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတာ ဒါလေး ပြန်ရွတ်မိတော့ အားပြန်ပြည့်သွားသလိုပဲ။ :D

ပျော်ရွှင်ကြပါစေ။

ကြယ်ကြွေချိန်

Thursday, October 13, 2011

Year2 Term1 Week9 တစ်နေ့တာ

ဂီတနှင့် သက်ဆိုင်သော အတတ်ပညာတစ်ခု ကိုယ်တိုင်ကိုယ်ကျ သင်ယူနေပါသည်။ သေသေချာချာ တတ်မြောက်သွားလျှင် ပြောပြပါမည်။ မိုးလင်းမိုးချုပ် စက္ကန့်မလပ် အင်မတန် ချစ်ရပါသော ကျောင်းတော်ကြီးတွင် အတန်းပြေးတက်လိုက်၊ Project meeting ပြေးလိုက်၊ Prof ဆီ သွားလေပေါလိုက်၊ CCA ပြေးလိုက်နှင့် ချာချာလည်နေသဖြင့် ကိုယ်ပိုင်စာလုပ်ချိန်ထက် recreational ပျော်မွေ့ချိန်က ပိုလိုအပ်သည်ဟု ထင်ပါသည်။ ထို့ကြောင့် ကျောင်းမှ အိမ်ပြန်ရောက်သည်နှင့် facebook တွင် stalk၊ youtube တွင် xfactor 2011 USA နှင့် UK တို့ကို episode တစ်ခုမကျန် တက်ရောက် အားပေးရပါသည်။ ဟောဟဲ ဟောဟဲ :P

ထို့ကြောင့် တစ်နေ့လျှင် ၂၄နာရီထက် ပိုလိုအပ်နေပါသည်။ဒီကြားထဲ စာမေးပွဲများကိုလည်း အတတ်နိုင်ဆုံး ယက်ကန်ယက်ကန်ဖြင့် အောင်မြင်အောင် ကြိုးစားဖြေဆိုရပါဦးမည်။ စာများများ ရေးနိုင်အောင်လည်း ကြိုးစားပါမည်။ post အသစ်များ မှန်မှန် မတက်ပါက ခွင့်လွှတ်တော်မူကြပါကုန်...

ကြယ်ကြွေချိန်

Wednesday, October 12, 2011

သီတင်းကျွတ်လပြည့်နေ့

ဝါလကင်းလွတ် သီတင်းကျွတ် လပြည့်နေ့တဲ့၊ အဲ့ဒါ ဒီနေ့ပေါ့။ သူငယ်ချင်းက ပြောမှ သိတာ။ ဒီပြန်ရောက်ထဲက ကျောင်းစာတွေ CCA တွေ နဲ့ ပတ်ရှုပ်နေတာ ဒီနေ့ လပြည့်နေ့မှန်းတောင် မသိတော့ပါဘူး။ ဘာတွေရှုပ်လို့ ရှုပ်နေမှန်းလည်းမသိ။ ဘ၀က အဲ့လောက်ထိ သံဝေဂရစရာ။

မနှစ်က သီတင်းကျွတ်လပြည့်နေ့လည်း ဒီမှာပါပဲ၊ SMU ပထမနှစ်ပေါ့။ freshie လေးဆိုတော့ ယောင်တောင် ပေါင်တောင် နဲ့ ဒီက culture ကို မနည်း လိုက်ပြီး adapt နေရတဲ့ အချိန်ပေါ့။ အဲ့တုန်းကတော့ အိမ်နဲ့ ခွဲရတာ ၂လလောက်ပဲ ရှိသေးတော့ မလွမ်းသေးဘူး။ သူငယ်ချင်းအသစ်တွေနဲ့ ဟေးလားဝါးလားပေါ့။

ခုတော့ မတူတော့ဘူးဗျ။ အိမ်ပြန်ချင်တယ်။ နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့ဆို အဘွားရယ်၊ ဦးလေးရယ်၊ မောင်လေးရယ် မနက်အစောကြီး ၆နာရီလောက် ရွှေတိဂုံဘုရား ဖူးကြတယ်။ ရွှေသင်္ကန်းကပ်၊ ရေမီး ပူဇော်ပေါ့။ လွန်ခဲ့တဲ့ ၂နှစ်ကျော် သီတင်းကျွတ်လပြည့်နေ့ကဆို ရန်ကုန်ဗောတံတား ဆိပ်ကမ်းမှာ သူငယ်ချင်းတွေ အုပ်စုလိုက် မီးပုံးပျံ လွှတ်ပြီး ရှူးဒိုင်းဖောက် ခဲ့ကြတာ အရမ်း သတိရမိပါတယ်။ ခုတော့ သူတို့တွေထဲက တ၀က်လည်း ဒီမှာ ပါပဲ။ same same lame lame ပေါ့လေ။ :D

မနှစ်က စလို့ ဒီအခွင့်အရေးကို ဆုံးရှုံးသွားခဲ့ပါပြီ။ ရှေ့လာမယ့် နှစ်တွေမှာလည်း ထူးမခြားနားပါပဲ။ ကျောင်းပိတ်ချိန်မှ မဟုတ်တာကိုး။ နောက် ၃နှစ်ကြာ ကျောင်းပြီးလို့ အလုပ်လုပ်ရရင် ပိုတောင် ဆိုးဦးမယ်။ ကျောင်းသားဘ၀ကမှ တစ်နှစ်ကို ၂ခါ အိမ်ပြန်ရသေးတယ် (ကျောင်းပိတ်တိုင်း ပြန်ရင် ပြောပါတယ်)။ အလုပ်လုပ်ရင်တော့ ဒီမှာ သို့မဟုတ် တခြားမှာ ကျောက်ချပြီပဲ။ တစ်နှစ်ပတ်လုံး ရုန်းကန် အလုပ်လုပ်ပြီး ခွင့်ရက်လေးတွေ စုဆောင်းမှ ဘယ်နှစ်ဆယ်ရက်လေးပဲ ခွင့်ရတာကိုး။ အိမ်ပြန်ဖို့ အတော်ကို ခက်ခဲသွားတော့မယ်။

အိုး... အဲ့လိုတော့လည်း အဖြစ်မခံနိုင်ပါဘူးတော်။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာပဲ ပျော်တယ်။ တစ်ချိန်ကျရင်တော့ မြန်မာပြည်မှာပဲ အပူအပင်ကင်းကင်း ပြန်နေမယ်။ အသက် ၄၀ ၅၀ ၆၀ ၇၀ ၈၀ ၉၀ လောက်ကျရင်ပေါ့ ဟီး။ :P

ဘာပဲဖြစ်ဖြစ် ဒီနေ့ဟာ အင်မတန် မင်္ဂလာရှိတဲ့ သီတင်းကျွတ်လပြည့်နေ့ပါ။ ဒီနေ့ မနက် ရန်ကုန်မှာ မိုး အရမ်းသည်းတယ်လို့ကြားတယ်။ မိုးလေမလွတ် သီတင်းကျွတ်ပေါ့လေ :D ။ အိမ်နဲ့ ဝေးနေတဲ့ သူငယ်ချင်းတွေ ရှိခဲ့ရင်လည်း အိမ်ကို ဖုန်းဆက်ဖို့ မမေ့ကြပါနဲ့လို့။ မီးပုံးပျံ လွှတ်ချင်ရင်၊ မီးပန်း ဖောက်ချင်ရင်တော့ fireworks တွေဝယ်ပြီး Singapore Riverside မှာ ဖောက်ကြမယ်လေ၊ ကျွန်တော့်ကိုလည်း ခေါ်ကြအုန်းနော့။ ဒီမှာလည်း ရန်ကုန် ဗောတံတားကို အောက်မေ့နေတာ ဟီးဟီး။ :D

ပျော်ရွှင်ကြပါစေဗျာ။

ကြယ်ကြွေချိန်
12 October 2011

မေ့ပစ်ချင်သော နေ့တစ်နေ့

ရှက်စိတ်နဲ့ ခံပြင်းစိတ် ပေါင်းပြီး ထွက်လာတဲ့ ခံစားချက်ကို ဘာလို့ခေါ်လဲ? ကျနော် မသိဘူး။ ဒါပေမယ့် အဲ့နှစ်ခုလုံး တစ်ပြိုင်နက် ခံစားလိုက်ရတယ်။

အခြေအနေမှန် တစ်ရပ်ကို နားလည်လိုက်တဲ့ တဒင်္ဂမှာ တွေဝေသွားတယ်။ အို.. ဒါမဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်ပြောနေမိတယ်။ နား၂ဖက်ထဲမှာတော့ ဒါမင်းရဲ့ လုပ်နိုင်စွမ်း အကုန်ပဲ၊ မင်းဒီ့ထက် ပိုပြီး မစွမ်းသာပါဘူးကွာ လို့ ၀မ်းခေါင်းသံကြီးနဲ့ လူတစ်ယောက် အော်ပြောနေတာကို ထပ်ခါထပ်ခါ ကြားနေရတယ်။ မင်းဘာတတ်နိုင်သေးလဲ ငှဲငှဲငှဲ လို့ လှောင်ရယ်သံတွေလည်း ပဲ့တင်ထပ်နေတယ်။ သံသယမျက်လုံးတွေ၊ အထင်သေးတဲ့ အကြည့်တွေကို ကျွန်တော် မခံစားနိုင်ဘူး။

အခုချက်ချင်းပဲ ဒီအခန်းကျဉ်းလေးထဲက ထွက်ပြေးချင်စိတ်တွေ ပေါက်နေမိတယ်။ တတ်နိုင်ရင် ငယ်ငယ်ကလို ဘူးသီးလုံးလောက် ကြီးတဲ့ မျက်ရည်တွေ တစ်လုံးပြီးတစ်လုံး ငိုချလိုက်ချင်တယ်။ တ၀ါးဝါးနဲ့ အာခေါင်ခြစ်ပြီး ကြမ်းပြင်ပေါ်မှာ ဖင်ထိုင်ချ၊ ပေါင်ကားရားနဲ့ ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုးနဲ့ အော်ငိုချင်တယ်။ ကလေးတုန်းကလိုတော့ မျက်ရည်တွေနဲ့ မျက်နှာက ဂျီးတွေ၊ နှပ်တွေ၊ ချွေးတွေ ရောပြွန်းပြီး ကြောင်ချီးကုတ် ရုပ်တော့ မပေါက်ချင်ပါဘူးလေ။

ရုတ်တရက် ပတ်ဝန်းကျင်က လူတွေအားလုံး အငွေ့ပျံ ပျောက်ကွယ်သွားသလိုပဲ။ ဘယ်သူ့ကိုမှ မမြင်တော့ဘူး။ ခေါင်းထဲမှာ စောစောက လှောင်ရယ်သံတွေ အထင်အမြင်သေးတဲ့ အကြည့်တွေပဲ မြင်နေ ကြားနေ ရတယ်။ ကျွန်တော် ဘာဖြစ်သွားပြီလဲ။ ကျွန်တော် သေသွားပြီလား။ တတ်နိုင်ရင် သေလိုက်ပါတော့လားဟယ် လို့ ဆုတောင်းလိုက်မိတယ်။ အော်... တကယ်သေဖို့ကျတော့လည်း သတ္တိက မရှိပြန်ဘူး။ အော်... ငါ့နှယ်၊ အခုမှ ဟို အင်္ဂလိပ် စကားပုံထဲကလို ဖြစ်နေပြီ၊ Between the deep blue sea and the Devil တဲ့။ ပင်လယ်ထဲ ခုန်ချသေရမှာလည်း သတ္တိကကြောင်၊ ဒီတိုင်းနေပြန်တော့လည်း ဟိုဘက်မှာက ကိုယ့်ကိုလာသတ်မယ့် နတ်ဆိုးကြီးလေ။ ဘာဆက်လုပ်ရမတုန်း ဝေခွဲမရတဲ့ အဖြစ်ပေါ့။ အဲ့လောက်ထိ ပျော့ညံ့ရကောင်းလား ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း အားမလို အားမရ ဖြစ်မိတယ်။

အမျိုးသမီး တစ်ယောက်ကတော့ ကျွန်တော့်ကို ပြုံးရယ်ပြီး အားပေးနေပါရဲ့၊ အားတက်လို အားတက်ငြား ပေါ့လေ။ သူမ ပြောနေတဲ့ စကားသံတွေက တိုးသွားလိုက်၊ ကျယ်လာလိုက်နဲ့ ကျွန်တော့်နားထဲမှာ... ဘာမှလည်း သဲသဲကွဲကွဲ မကြားရပါဘူး။ ဟင့်အင်း... ကြားလည်း မကြားချင်ဘူး။ အရာအားလုံး တစ် က ပြန်စရမယ်ဆိုလည်း ကျွန်တော် ပြန်စနိုင်ပါတယ်။ ဒီမျက်လုံးတွေ ရင်မဆိုင်နိုင်တာ တစ်ခုက လွဲရင်ပေါ့။

ဟိုးအရင် ၃နှစ်ကျောက်လောက်က ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ဒီအတိုင်း ကွက်တိ ပြန်ခံစားနေရလို့ ဒီ blog မှာ ပြန် post ပါမယ်။

Alone in the corner ...
Darkness makes my day alter,
Like a fish out of water,
In thirst of a consoler.

Lonely days slide away ...
Laughter fades away,
Mourning is what I have to pay,
What else can I say?

Suddenly, out of solutions ...
Tears running down on cheeks,
As a passer-by,
Ya dare to see those faces?

အဲ့လိုပါပဲ။ ဘ၀က ခါးပါတယ် (ရံဖန်ရံခါပေါ့)။ ကျရှုံးမှု ဆိုတာကို အပြုံးနဲ့ ရင်ဆိုင်လာနိုင်တဲ့ တစ်နေ့တော့ ချို သွားမှာပါ။ အဲ့ဒီ တစ်နေ့ ကလည်း ကျွန်တော်နဲ့ အရမ်း အလှမ်း မဝေးပါစေတော့နဲ့လေ။

ကြယ်ကြွေချိန်

Life from my perspective

Life's not just about study and work. Life's to enjoy. Today, I got a chance to get to know about this truth more.

At some point of time in life, we may most likely follow the path where money leads us to do certain things (for example, jobs that we dislike doing or not comfortable with). I, myself too, had ever dipped my 24 hours a day into doing something that i don't really love to, for one whole year.

There's no wonder for most people to live their lives this way because we all are living in a society which is bounded by socially accepted norms (for example, you must get a degree to get a good job, have good marriage, raise smart kids, live a life which is not inferior than others, etc).

Two years ago, i asked myself what my point of living was. I couldn't manage to get a satisfactory answer from my heart, but an obliged one from my brain. My brain was telling me that i was not living my own life but for others. Oh God, i was living for the sake of other people!

I couldn't find happiness in myself, but in others because of my achievements in this and that, bla bla... After undergoing series of mental breakdown and stress, i decided to start from scratch again, and follow my heart.

No matter what you are right now, think about whether you really enjoy living your life the way you are in currently. It's never too late to mend. All you need is just one step backward wherever you are, and look for solutions to "how-about" questions. How about i quit my current job and try out something new? Who says you won't find your dream job? Miracles do exist!

Remember.. There are still many many things out there for us to go out and explore. Travel more. Take more pictures of Nature. Greet new people. Live your own life, and enjoy it to the fullest. And you will know what i am talking about.

Gandhi once said "Be the change you want to see in the world". I could be the change i want to see in myself. I believe you can, too.

Name me Ms.Extreme if you think i am irrational. I have no comments on that. I m just sharing some thoughts here. I also accept the fact that extremities are not good, and we have to balance certain things in life. Just make sure your self-restrictions don't go beyond your tolerance limit.

Lastly, I just wanna say "You are the one and only author of your life book".

Thank you for your time. Have a good day and best wishes for you. :)

Kyel kywai chain

Oh btw, i posted this using blogger app for iphone. So, there my be a lot of shortcuts and typos. I am too lazy to sit at my desk after a long and memorable day. Anw in my bed now and Gona sleep. Good night, world! :)

Monday, October 3, 2011

အရင်လိုပဲ

ဟိုတစ်နေ့ကပေါ့.. ကားဂိတ်နားက ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးမှာ သူ့ကို ပြန်တွေ့လိုက်ရတယ်။ လမ်းခွဲပြီးတဲ့နေ့ကစ မျက်နှာလေးတောင် တစ်ချက် မမြင်လိုက်ရဘဲ သူပျောက်ကွယ်သွားခဲ့တာ ခုဆို ၄နှစ်တောင် စွန်းလာခဲ့ပါရောလား။

ရေခြားမြေခြားမှာ အနေကြာလို့နဲ့ တူပါတယ်။ ဟိုတုန်းကထက် အသားဖြူလာတယ်။ အရင်ကလို စကားပြောရင်း ဟက်ဟက်ပက်ပက်ရယ်တုန်းပဲ။ ဘယ်ဘက်ပါးမှာ ပါးချိုင့် နက်နက် တစ်ခုနဲ့ သူ့မျက်နှာဟာ အနည်းငယ် သွယ်သွားသယောင် ထင်မိပါတယ်။ ဟိုမှာ ပင်ပန်းလို့နေမှာပေါ့လေ။ သူအလုပ်အကိုင်ရော အဆင်ပြေရဲ့လားလို့ လွန်ခဲ့တဲ့ ၃နှစ်လောက် တုန်းက သူ့မိတ်ဆွေတွေကို တီးခေါက်ခဲ့ဖူးပေမယ့် အခုတော့ ဘာဆိုဘာမှ သိလိုစိတ် မရှိတော့ပါဘူး။

ရှေ့လထဲ သူလက်ထပ်တော့မယ်တဲ့ ချယ်ရီက ပြောပြတယ်။ မိဘချင်း သဘောတူ အထက်တန်းလွှာ အမျိုးကောင်းသမီး တစ်ယောက်နဲ့ ရွှေလမ်းငွေလမ်း ခင်းတော့မယ်တဲ့။ သြော်.. ကျွန်မ စိတ်ထဲက လေးလေးနက်နက် ဆုတောင်းပေးလိုက်ပါတယ်။ သူပျော်ရွှင်ပါစေလို့။

ဒါပါပဲ။ ဟိုးတုန်းက ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ ခုချိန်မှာတော့ သူဟာသူ၊ ကျွန်မဟာကျွန်မပါပဲ။ အရာရာဟာ ပြီးဆုံးသွားခဲ့ပြီဆိုတာ ဒါရိုက်တာက "CUT" မအော်လည်း သိနေပြီးသားပဲ။ သူဟာ အရင်အတိုင်း အပြုံးမပျက်သလို ကျွန်မကလည်း မနက်တိုင်း "Good Morning" နှုတ်ဆက်နေနိုင်တုန်းပါပဲ။ အသက်မပါတော့တာ တစ်ခုက လွဲရင်ပေါ့။

ကြယ်ကြွေချိန်

Myanmar Festival Gala 2011 presented by SMUMC

ဒီ Post ကို ရေးမယ် ရေးမယ်နဲ့ အချိန်ဆွဲလာခဲ့တာ အခု စာမေးပွဲတွေ ပြီးမှပဲ ရေးတဲ့ဆီကို ရောက်ပါတယ်။

ဒီပွဲလေးကတော့ ကျနော်တို့ Singapore Management University Myanmar Community Club (SMUMC) က ဦးဆောင်ပြီး ဒုတိယ အကြိမ်မြောက် လုပ်ဖြစ်တဲ့ပွဲလေးပါ။ ကျနော်တို့ SMUMC က နှစ်စဉ် annual production ပုံစံမျိုး လုပ်တာပါ။ September 3 ရက်နေ့က NTUC Auditorium @ One Marina Boulevard မှာ လုပ်သွားပါတယ်။

Festival Gala ရဲ့ အဓိက ရည်ရွယ်ချက်က SMU မြန်မာကျောင်းသားတွေ အနေနဲ့ ဒီမှာရှိတဲ့ နိုင်ငံခြားသားတွေ မြန်မာ့ယဉ်ကျေးမှုနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် ရည်ရွယ်လို့ မြန်မာ့ရိုးရာ နှစ်ဆယ့်လရာသီ ပွဲတော်တွေအကြောင်း ကပြဖျော်ဖြေပါတယ်။ 2010 တုန်းကတော့ Myanmar Cultural Show ဆိုပြီး 1st annual production ကိုလုပ်ခဲ့ပါတယ်။

အချိန်အတိုင်းအတာ ကန့်သတ်ချက်ကြောင့် ပွဲတော် ၁၂ခုလုံးကို ပြသဖို့ရာ ခက်ခဲလို့ အထင်ကရကျတဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ တန်ခူး စတဲ့ လတွေကို ပိုအသားပေး တင်ဆက်ထားပါတယ်။ စံတော်ချိန်အက၊ သင်္ကြန်ယိမ်း၊ သီတင်းကျွတ် musical (mini play)၊ အပျိုတော်ယိမ်း (နတ်အက)၊ ရခိုင်ရိုးရာ ဆီမီးခွက်အက တွေ ပါဝင်ပါတယ်။ အကတွေချည်းပဲ မဟုတ်ပဲ ရယ်ရွှင်ဖွယ်ရာ ကောက်စိုက်မယ်လေးများ တေးသရုပ်ဖော်ကိုလည်း ထည့်သွင်းထားပါသေးတယ် (ကောက်စိုက်မယ်လေးတွေက သူငယ်ချင်းတွေထဲက ယောက်ျားလေးတွေပါ။ တောင်သူ ကောက်စိုက်မယ်တွေလို ၀တ်ပြီး ကကြတာပါ)။ ဒါ့အပြင် မြန်မာ့ရိုးရာ၊ မြန်မာစကားကို စိတ်ဝင်စားတဲ့ ကျနော်တို့ရဲ့ နိုင်ငံခြားသား သူငယ်ချင်းတွေနဲ့လည်း မြန်မာသီချင်း တစ်ပုဒ် သီဆိုဖျော်ဖြေပါသေးတယ်။ သီချင်းက ဆောင်းဦးလှိုင်ရဲ့ "လွမ်းရယ်မပြေ" သီချင်းပါ။ Korean နဲ့ Indian သူငယ်ချင်းနှစ်ယောက်က မြန်မာသူငယ်ချင်း တစ်ယောက်နဲ့ ကူညီတွဲဖက် သီဆိုပေးပါတယ်။ နောက်ဆုံးမှာ ဟိုးတုန်းက ဗေဒါလမ်းဇာတ်ကားကို drama ပုံစံမျိုး ပြန်လည် သက်ဝင်ထားတဲ့ The Way of Bay Dar ပြဇာတ်ကိုလည်း ကပြပါသေးတယ်။ အကျွေးအမွေး အနေနဲ့ မြန်မာဟင်းလျာ Buffet ပုံစံမျိုး ပါဝင်ပါတယ်။

ကျောင်းစာတွေ ပိနေတဲ့ကြားက ကျောင်းသားတွေချည်းပဲ ဦးဆောင်ဦးရွက်ပြုပြီး လုပ်ရတဲ့အတွက် အတော်တော့ ခက်ပါတယ်။ stage decoration တွေ make-up တွေက အစ performer၊ usher တွေက အဆုံး အားလုံး ကိုယ့်လက်ကိုယ့်ခြေ ချည်းပါပဲ။ ကျောင်းမှာ မြန်မာကျောင်းသား အင်အားက အရမ်းကြီး များတယ်လို့ မဆိုလောက်ပါဘူး။ အခက်အခဲတွေ ကြားထဲက ပွဲကြီးတစ်ခုလုံး အထမြောက် အောင်မြင်တာ အားလုံးရဲ့ ကြိုးစားအားထုတ်မှု ကြောင့်ပေါ့။ အားလုံးကို ဦးဆောင်ပြီး စီစဉ်ပေးတဲ့ 3rd Executive Committee (3rd Exco) ကိုလည်း ကျေးဇူးတင်ပါတယ်။

Dancer တွေ performer တွေ drama cast တွေ အားလုံးဟာ ကျနော်တို့ SMUMC အဖွဲ့ဝင် ကျောင်းသူကျောင်းသား တွေချည်းပါပဲ။ ကျနော်တို့တွေဟာ အနုပညာကျောင်းဆင်း ၀ါရင့် သဘာရင့် သဘင်ပညာသည်တွေ မဟုတ်ကြပါဘူး။ ကျွမ်းကျင် ၀ါသနာရှင်တွေလည်း မဟုတ်ကြပါဘူး။ စင်ပေါ် ကပြ ဖျော်ဖြေရမှာ ရှက်တတ် ကြောက်တတ်တဲ့ သူတွေလည်း အများကြီးပါပါတယ်။ ကဖို့မပြောနဲ့၊ လက်တောင် ဘယ်လိုချိုး၊ ခါးတောင် ဘယ်လိုယိမ်းရမှန်း မသိတဲ့ ကျနော်တို့ကို စိတ်ရှည်လက်ရှည် သင်ကြားပြသပေးတဲ့ ဆရာနဲ့ ဆရာမကိုလည်း တကယ် ကျေးဇူးတင်မိပါတယ်။

ဒီက တခြားကျောင်းကသူငယ်ချင်းတွေက မေးကြပါတယ်။ နင်တို့မှာ စာလုပ်စရာ မရှိဘူးလားတဲ့၊ သူတို့မှာဆို စာပဲလုပ်နေတာတောင် အချိန်က မလောက်ဘူးတဲ့။ ကျနော်တို့က အချိန်တွေ အရမ်းပေါများနေလို့ ဒါကိုလုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့မှာလည်း တက္ကသိုလ် ကျောင်းသား တစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေ ၀တ္တရားတွေ၊ ကျောင်းစာတွေ အများကြီးရှိပါတယ်။ ဒီကြားထဲက အကတိုက်ရတာနဲ့၊ organizing committee meeting တွေ သွားရတာနဲ့၊ မအားမလပ်တဲ့ ကြားထဲက နေ့နေ့ညည အိပ်ရေးပျက်ခံ ဘယ်သူက ဘာလိုလဲ မေးမြန်း.. တစ်ယောက်နဲ့ တစ်ယောက် အစစအရာရာ အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်း ပေးကြပါတယ်။

တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အချိန်ဆိုတာ ဒီပွဲအတွက် စိုက်ထုတ်ရတဲ့ လုံ့လ၊ ၀ီရိယတွေ အဖြစ် လုံးဝပြောင်းလဲကုန်တာပါပဲ။ အခက်အခဲတွေ အများကြီး ကြားထဲက မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တစ်ခုတည်းနဲ့ ရှေ့ဆက်လျှောက်နိုင်တာ ဘာကြောင့်လဲလို့ တွေးမိပါတယ်။ ဒီ Myanmar Community Club ကိုချစ်တဲ့စိတ်၊ မြန်မာကို ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ အားလုံးတစ်သွေးတည်း တစ်သားတည်း ပါဝင်နေကြတာပါ။ မိဝေးဖဝေး နိုင်ငံရပ်ခြားမှာ တစ်ဦးတည်း ရပ်တည်နေရသူတွေတိုင်း အတွက် ဒါဟာ ကျနော်တို့ရဲ့ "အိမ်" ပါပဲ။ ဒီစိတ် တစ်ခုတည်းနဲ့ ရှေ့လာမယ့် နှစ်တွေမှာလည်း "မြန်မာ" ဆိုတာ ဘာဆိုတာ ဖော်ထုတ်ပြနိုင်ဖို့ အားလုံးအတတ်နိုင်ဆုံး ကြိုးစားသွားကြမယ်ဆိုတာ ပြောဖို့တောင် မလိုတော့ပါဘူး။

ပွဲမှာ တက်တက်ကြွကြွ အားပေးတဲ့ ပရိသတ်ကိုလည်း ကျနော်တို့ အားလုံးက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကပြ ဖျော်ဖြေမှုသော်လည်းကောင်း၊ အစားအသောက်နှင့် ပတ်သက်၍သော် လည်းကောင်း တစ်စုံတစ်ရာ စိတ်မကျေနပ်စရာ စိတ်ခုစရာ ရှိခဲ့ရင်ဖြင့် ကျနော်တို့ အားလုံး အနူးအညွတ်တောင်းပန်ပါကြောင်း... လွန်တာရှိရင် ၀န္ဒာမိပါဗျား...။

ကြယ်ကြွေချိန်

Sunday, October 2, 2011

ပေါက်ကရ ၂

နင့်မေးခွန်းတိုင်း ငါဖြေရမလား
နင်ထိုင်ငိုသွားမယ်

သံသယတိုင်း ဖြေရှင်းရမလား
နင်ရူးချင်သွားမယ်

နင်လိုချင်တိုင်း ငါပေးရမလား
မေးပါရစေ
ငါလိုချင်တာကိုရော ဘယ်သူတွေက လာပေးလို့လဲ

နင်အလိုမကျဘူးလား
လူ့အလိုနတ် မလိုက်နိုင်တဲ့
နတ်တောင်မဟုတ်တဲ့ငါက ဘယ်လိုတတ်နိုင်မှာတုန်း

ပြောရဆိုရ ခက်တယ် ဟုတ်လား
မအားဘူး.. တောမှာသွားပြော

ဘာ..?
သည်းမခံနိုင်တော့ဘူး ဟုတ်လား
စိတ်ရှည်သည်းခံနည်း အတတ်သွားသင်လိုက်ဦး
ငါ့အပူတော့ မဟုတ်ဘူး

ဘာရယ်မဟုတ်ဘူး.. စာမေးပွဲ ပြီးလို့ လျှောက်ရေးကြည့်တာ.. ဟီး

ကြယ်ကြွေချိန်
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...