Monday, October 24, 2011

မသိချင်ပါ

တချို့တချို့တွေပေါ့
ပါးစပ်ကို လက်နဲ့ကာလို့ တိုးတိုးတိုးတိုး ပြောနေကြလေရဲ့
ကျုပ်ကို မျက်စောင်း ၂စက္ကန့် ၁ခါ လောက် ထိုးရင်းနဲ့ပေါ့
သူတို့ ဘာတွေအုပ်နေကြလဲ .. အတင်း
ကျုပ်မသိချင်ဘူး။

ဟော.. ပြောရင်းနဲ့ ခပ်အုပ်အုပ် ရယ်နေကြပြန်ပြီ
ကျုပ်က ဖျတ်ခနဲ လှည့်အကြည့် မိသွား၏
အရယ်ရပ်ပြီး ခပ်တိုးတိုး ပြန်အုပ်နေကြပြန်ပြီ.. အတင်း
အော် ဟိုတစ်ယောက်ကတော့ နည်းနည်း မကောင်းတတ်ဘူး ထင်ပါရဲ့
သူပဲ ဘာမှမသိသလို ဘာမှမလုပ်သလိုနဲ့
မျက်လုံးလေး ပေကလပ် ပေကလပ် ယောင်တောင်ပေါင်တောင်နဲ့ ဟိုကြည့်ဒီကြည့်ပေါ့
လူတွေ လူတွေ ခက်လိုက်ပါဘိ။

ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...