တောင်အမြင့် ပတ်ခြံရံ
တစ်တောင် ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတစ်သွင် အားသင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။"
မူလတန်း (၃တန်းလောက်) တုန်းက မြန်မာဖတ်စာအုပ်မှာ ကျက်ခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ငွေတာရီ ရေးတာထင်တယ်။ သေချာမမှတ်မိတော့ဘူး။ ကဗျာတောင် အတော် ပြန်ရွတ်ယူလိုက်ရတယ်။ အဆုံးပိုင်း သိပ်မမှတ်မိလို့။
အဲ့တုန်းက ကျက်ခဲ့တုန်းကတော့ အမှတ်ပြည့်ရအောင် စကားပြေနဲ့ ကဗျာကို ကျက်ပြီး ဖြေလိုက်တာပဲ။ ခုမှ ပြန်တွေးမိတော့ အရမ်း အဓိပ္ပာယ်ရှိတဲ့ ကဗျာလေးပဲ။ တကယ်ပါ။ ဒီတလော စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတာ ဒါလေး ပြန်ရွတ်မိတော့ အားပြန်ပြည့်သွားသလိုပဲ။ :D
ပျော်ရွှင်ကြပါစေ။
ကြယ်ကြွေချိန်
မှတ်မိတယောင်ယောင်တော့ရှိတယ်
ReplyDeleteခုထိမှတ်မိသေးတယ်လား ... ကောင်းလိုက်တဲ့ ဥာဏ် .. =D
ReplyDelete