လသာသာ
ကစားမလား
နားမလား။
ဒီမှာတော့ လလည်း မသာဘူး။ ညဆိုလည်း နေ့နဲ့ မခြားဘူး။ အခန်းထဲ ပြတင်းပေါက်ပိတ် လိုက်ကာချ၊ လေအေးပေးစက် ကိုယ်စီဖွင့်ပြီး အိမ်တွင်းပုန်း။ ကွန်ပျူတာရှေ့ ထိုင် တကျုတ်ကျုတ်နဲ့ စာတွေရိုက်။ စာလုပ်မလား ဒီကွန်ပျူတာပဲ။ ကစားမလား (ဂိမ်း) ဒီကွန်ပျူတာပဲ။ blog မှာ စာရေးမလား ဒီအကောင်ပဲ။ အိမ်နဲ့ စကားပြောမလား၊ ဒီစက်နဲ့ပဲ။
တစ်ခါတလေတော့လည်း ခြောက်သွေ့လွန်းတယ်ပေါ့။ ကျောင်းမရှိလည်း ကျောင်းမှာ နေ့နေ့ညည နေရ၊ project အတွက် စာမေးပွဲအတွက် ပြင်ရဆင်ရ၊ အသက်၀၀ မရှူနိုင်တာ ကြာပြီ။ ဒီနေ့ ဒီ semester ရဲ့ ပထမဆုံး paper ဖြေရတယ်။ တစ်ပုံကြီး လှူခဲ့ရတယ် အမှတ်တွေ။ အများကြီး ဖြေခဲ့တယ်၊ ရခဲ့တယ်၊ တရားတွေ။ တစ်ပတ်လောက်ပဲ လိုပါတော့တယ်လေ။ ဒါပြီးရင် so-called December holiday ပေါ့။ နောက် semester အတွက် ပြင်ဆင်ရတော့မယ်ပေါ့။ ကျောင်းပိတ်ရက်လည်း ကျောင်းကို ပြန်သွား၊ အလုပ်ဆင်း၊ ပိုက်ပိုက်ရှာရဦးမယ်ပေါ့။ တစ်ရက်ခြား တစ်ခါ ဘော်ဘော်တွေနဲ့လည်း လည်လည်သွားမယ်ပေါ့။
ကျောင်းပြန်မဖွင့်ခင် တစ်ချိန် အိမ်ပြန်ရမယ်၊ အားခဲထားတာ။ နည်းနည်း စိတ်ထွက်ပေါက်ပေါ့။ တစ်ကယ်တမ်းတော့ နေတတ်ရင် ဘ၀ကြီးက သာယာပါတယ်။ စိမ်းလန်းပါတယ်။ စိုပြေပါတယ်။ မနေတတ်လို့သာ ခက်နေတာ။
တကယ်တမ်းတော့ နိစ္စဒူဝ ပါပဲဗျာ။
ကြယ်ကြွေချိန်
No comments:
Post a Comment