Thursday, November 24, 2011

လောလောဆယ်ဆယ်

ဘယ်အရာမှ အစိုးမရပါ။ ဒီဇင်ဘာ ကျောင်းပိတ်ရက် ရန်ကုန် ၁၀ရက် ပြန်မည်ဟု စီစဉ်လျာထားခဲ့ပါသည်။ ခုတော့ လေယာဉ် လက်မှတ် ဈေးတက်သွားရတာနဲ့၊ ၆လ တစ်ခါ အိမ်ပြန်ပြန်လာနေရင် မေရီးနဲ့ ဖေရီး မျက်စိနောက်လို့ အိမ်ထဲ ပေးမ၀င်မှ ဟုတ်ပေ့ဖြစ်နေဦးမယ်။ တကယ်တမ်းတော့ အစိုးမရတဲ့ ကျုပ်ရဲ့စိတ်ကြောင့် မပြန်တော့ဘူးဟေ ဟု စိတ် ဒုံးဒုံးချလိုက်ပါပြီ။ ကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချမည်ဟု (ဟန်ဆောင်ပန်ဆောင်) ကြုံးဝါးထားပါသည်။ အလုပ်မရှိသည့် နေ့ရက်များကို ရုပ်ရှင်ကြည့်.. အဲလေ ယောင်လို့.. နောက် semester ယူရမည့် mod များအား ကြိုတင်လေ့လာထားပါမည်။ ပြောတာပဲ... ပြီးရင်လည်း စားပြီးအိပ်၊ အိပ်ပြီး ပြန်စား၊ စားပြီး ဆော့ နဲ့ ဖြစ်ကုန်မှာ မြင်ယောင်ပါသေးသည်။

anyway စာမေးပွဲ ၂ခုသာ ကျန်ပါတော့သည်။ စာကလည်း တစ်လုံးမှ မရသေးပါ။ ခုတော့ မလုပ်ချင်သေးပါ။ ဒီနေ့ ဖြေရတဲ့ ၂ဘာသာအတွက် မနေ့ညက စိတ်ဖိစီး worry တွေ များပြီး အိပ်ရာထဲ လူးတလွန့်လွန့် ဟိုလှည့် ဒီလှည့်နှင့် တစ်ညလုံး အိပ်မပျော်ပါ။ စာမေးပွဲခန်းထဲရောက်တော့ မျက်တွင်းက ဟောက်ပက် ဖြစ်နေပြီကော။ စာမရလို့၊ စာမေးပွဲကို ကြောက်လို့လည်း မဟုတ်ဘူး။ အဲ့လိုပဲ.. အလကားနေရင်း အိပ်ကိုမပျော်တာ၊ အကျင့်ကို မကောင်းဘူး။ ခုတော့ မနေ့ညအတွက် အကြွေးဆပ်ခါ ထိုးအိပ်လိုက်ပါဦးမည်။ တဘက်ခါ စာမေးပွဲ အတွက် မနက်ဖြန်ခါမှ မီးကုန်ယမ်းကုန် စက်သေနတ် ပစ်သလို တဒတ်ဒတ်နှင့် တရစက် ကျုံးပါတော့မည်။ ဒန်တန့်တန်...

ကြယ်ကြွေချိန်

Tuesday, November 22, 2011

နိစ္စဒူဝ

ညအခါ
လသာသာ
ကစားမလား
နားမလား။

ဒီမှာတော့ လလည်း မသာဘူး။ ညဆိုလည်း နေ့နဲ့ မခြားဘူး။ အခန်းထဲ ပြတင်းပေါက်ပိတ် လိုက်ကာချ၊ လေအေးပေးစက် ကိုယ်စီဖွင့်ပြီး အိမ်တွင်းပုန်း။ ကွန်ပျူတာရှေ့ ထိုင် တကျုတ်ကျုတ်နဲ့ စာတွေရိုက်။ စာလုပ်မလား ဒီကွန်ပျူတာပဲ။ ကစားမလား (ဂိမ်း) ဒီကွန်ပျူတာပဲ။ blog မှာ စာရေးမလား ဒီအကောင်ပဲ။ အိမ်နဲ့ စကားပြောမလား၊ ဒီစက်နဲ့ပဲ။

တစ်ခါတလေတော့လည်း ခြောက်သွေ့လွန်းတယ်ပေါ့။ ကျောင်းမရှိလည်း ကျောင်းမှာ နေ့နေ့ညည နေရ၊ project အတွက် စာမေးပွဲအတွက် ပြင်ရဆင်ရ၊ အသက်၀၀ မရှူနိုင်တာ ကြာပြီ။ ဒီနေ့ ဒီ semester ရဲ့ ပထမဆုံး paper ဖြေရတယ်။ တစ်ပုံကြီး လှူခဲ့ရတယ် အမှတ်တွေ။ အများကြီး ဖြေခဲ့တယ်၊ ရခဲ့တယ်၊ တရားတွေ။ တစ်ပတ်လောက်ပဲ လိုပါတော့တယ်လေ။ ဒါပြီးရင် so-called December holiday ပေါ့။ နောက် semester အတွက် ပြင်ဆင်ရတော့မယ်ပေါ့။ ကျောင်းပိတ်ရက်လည်း ကျောင်းကို ပြန်သွား၊ အလုပ်ဆင်း၊ ပိုက်ပိုက်ရှာရဦးမယ်ပေါ့။ တစ်ရက်ခြား တစ်ခါ ဘော်ဘော်တွေနဲ့လည်း လည်လည်သွားမယ်ပေါ့။

ကျောင်းပြန်မဖွင့်ခင် တစ်ချိန် အိမ်ပြန်ရမယ်၊ အားခဲထားတာ။ နည်းနည်း စိတ်ထွက်ပေါက်ပေါ့။ တစ်ကယ်တမ်းတော့ နေတတ်ရင် ဘ၀ကြီးက သာယာပါတယ်။ စိမ်းလန်းပါတယ်။ စိုပြေပါတယ်။ မနေတတ်လို့သာ ခက်နေတာ။

တကယ်တမ်းတော့ နိစ္စဒူဝ ပါပဲဗျာ။

ကြယ်ကြွေချိန်

Thursday, November 17, 2011

ပိစိမ Vs. မီးညောင်စုတ်

ပိစိမ နဲ့ မီးညောင်စုတ်.. ဆိုတော့ ... အင်း.. ဒီကြယ်ကြွေချိန်တော့ ဘယ်သူ့အကြောင်း အတင်းတုပ်ပြန်ပြီလို့တော့ မထင်ကြပါနဲ့ဗျာ။ ဘယ်သူမှ မဟုတ်ရပါဘူး။ ကျနော့ အသည်းကျော် ကြောင်ကလေး ၂ကောင်ပါ။

သူ့နာမည်က ပိစိမ။ လက်ရှိအသက်က ၇နှစ်ခွဲ။ ကြောင်တစ်ကောင်ရဲ့ ပျမ်းမျှသက်တမ်း ၁၀နှစ်လို့ တွက်ရင်တော့ သူလေးက အသက်ကြီးပြီပေါ့လေ။ အဲ.. ဒါပေမယ့် လှတုန်းပဲ။ မြန်တုန်း သွက်တုန်းဗျ။ အမွေးအရောင်ကနေ အရင်စပြောမယ်။ တစ်ကိုယ်လုံး အရောင်စုံပါတယ်။ အဖြူများတယ်။ အနက်နဲ့ အ၀ါကွက်လေးတွေ ပြောက်ကျား ပါတယ်။ မျက်နှာကျပုံက ခပ်ဝိုင်းဝိုင်း။ ကျနော်က ကြောင်ဆို မျက်နှာ ကားမှ၊ ၀ိုင်းမှ ပိုချစ်တာ။ အော်ကွယ်... ကြောင်ဆိုကတည်းက အသေရရ အရှင်ရရပါပဲ။ တားလို့ ဆီးလို့ မရ၊ "ညောင်"ဆို အသံကြားရင်ကို အမွေးလေး သွားပွတ်ချင်နေတာ ဖျပ်ဖျပ်ကို လူးနေပုံကိုး။

ပိစိမ ရဲ့ အမေနာမည်က "မီးညောင်စုတ်"။ ဟုတ်ပ.. ဒီနာမည် သူလေး ဘယ်လိုရလဲဆိုတော့ ဒီလို။ မီးညောင်စုတ်က သူ ၂လ သားလောက်ထဲက ကျနော်နဲ့ မောင်လေးက နောက်ဖေးလမ်းကြားမှာ သနားစရာ ကြောင်ကလေး တစ်ကောင် အဖြစ်နဲ့ သွားတွေ့တယ်ဗျာ။ ပိန်ပိန်လှီလှီ စုတ်ချွန်းချွန်းလေးပေါ့။ ဒါနဲ့ သနားလိုက်တာ ဆိုပြီး ၂ယောက်သား အမေ မသိအောင် အစာတွေ ခိုးခိုးကျွေးရာကနေ ကြာတော့ ကောင်စုတ်လေးက ၀ဖြီးလာရော။ အမေက သိတော့ ကြောင်ကို အိမ်ထဲ မခေါ်နဲ့၊ အစာမကျွေးနဲ့၊ အကျင့်ပါတယ်၊ နင့် အဘိုးနဲ့ အဘွားက ကြောင်ချီးနံ့ ဆို ခံနိုင်တာ မဟုတ်ဘူး ဘာညာ ပွမ်တာပေါ့။ တကယ်တော့ အမေလည်း ကြောင်ဆို အရမ်းချစ်တတ်ပါတယ်။ ဒါပေမယ့် အဘိုးနဲ့ အဘွားက မကြိုက်တော့ မမွေးရဘူးပေါ့။ အဲ့ဒါနဲ့ မီးညောင်ကို အိမ်ထဲ ပေးမခေါ်ရတော့ဘူး။ အဲ့မှာ ပြဿနာက စတာပဲ။ ကြောင်စုတ်လေးက ဒီအိမ်ကို သိပ်ချစ်ပြီး တစ်ချိန်လုံးကို ပြတင်းပေါက်ကနေ ခုန်ခုန်ဝင်လာတာ။ ဘယ်လို နှင်နှင် မသွားဘူး။ ကျနော်နဲ့ မောင်လေး မြင်ရင် ခေါင်းနဲ့ အတင်းကို ၀င်ပွတ်နေတော့တာ။ သူ ၀င်မရအောင် အမေက နောက်ဖေးတံခါးတွေ ပိတ်လိုက်တော့လည်း တံခါးအပြင်မှာ ထိုင်ထိုင်စောင့်နေတာ။ ဒါနဲ့ ကြာလာတော့ အမေလည်း သံယောဇဉ်တွယ်ပြီး သူ့ကို တရားဝင် သန်းခေါင်စာရင်း သွင်းလိုက်ပါရော။ မိသားစုဝင် ဖြစ်သွားတာပေါ့လေ။ ဟဲဟဲ။ အမေက မနက်မနက် ထမင်းချိုင့် ထည့်ပေးဖို့ ပြင်ထားတဲ့ ဟင်းတွေကို အုပ်ဆောင်းဖယ်ပြီး စားပွဲပေါ်က ဟင်းတွေ တက်တက်ပြီး ခိုးစားတာ မီးညောင်ပေါ့။ အမေက ကြောင်စုတ်လေး ကြောင်စုတ်လေး ခေါ်ရင်းနဲ့ မီးညောင်စုတ် ဖြစ်သွားပါရော။


ကြီးလာတော့ ကောင်စုတ်လေးက အငြိမ်မနေဘူး။ ကိုယ့်ထမင်းကိုယ် အေးဆေးစား၊ အေးဆေး မအိပ်ဘူး။ အပြင်လျှောက်သွားပြီး ကြောင်ထီးကြီးတွေနဲ့ ရှုပ်ရှုပ်ရှပ်ရှပ် ပြဿနာတွေ အိမ်ထဲထိ ယူလာတယ်။ ဗိုက်ကြီးပါလေရော။ အို.. ကြောင်ကလေးတွေ မွေးလိုက်တာ မွေးလိုက်တာ ဆိုတာ အိမ်မှာ ကြောင်ဥယျာဉ်တောင် ပြစားလို့ရတယ်။ အဲ့ဒါနဲ့ မဖြစ်ချေဘူး.. ကြောင်ကလေးတွေကို နီးစပ်ရာ ဆွေမျိုးအိမ်တွေကို ပေးပြီး မွေးခိုင်းရတာပေါ့။ ကျနော်နဲ့ မောင်တော်လေးက ဘာရမလဲ။ ကြောင်ဆို သည်းသည်းလှုပ်ဆိုတော့.. မာမားရေ၊ ရဘူး ရဘူး၊ အကုန် မပေးရဘူး၊ တစ်ကောင်ချန်ထားပေး.. ဆိုပြီး မနည်းတောင်းပန်တော့မှ အသေးဆုံး အကောင်လေးကို သနားလို့ဆိုပြီး ချန်ထားခွင့်ရတာ။ ကလေးတွေထဲမှာ အ၀ါပါတယ်၊ အဖြူပါတယ်၊ အနက်ပါတယ်၊ အရောင်စုံ အ၀ါရော အဖြူရော အနက်ရော စပ်ထားတာဆို သူ တစ်ကောင်ထဲပါတော့ "ရောင်စုံလေး" တဲ့ ခေါ်တယ်။ နောက်တော့ ဒီကောင်လေးက ညှက်လွန်းသေးလွန်းလို့ ပြောင်းခေါ်တာ "ပိစိမ" တဲ့။

ပိစိမ ကလည်း သူ့အမေလိုပဲ။ ကလေးတွေ တပြွတ်ပြွတ်မွေးတယ်။ ဒါနဲ့ အမေနဲ့ အဖေက ကလေးမမွေးအောင်ဆိုပြီး ၂ကောင်လုံးကို တားဆေး ပုံမှန်ထိုးပေးတယ်။ တိရိစ္ဆာန်ဆေးကု ဆရာဝန်တွေ ပီသပါပေ့။ ကြောင်ကလေးတွေ ကလေးမွေးရင် အားအရမ်းကုန်တာကိုး။ ကလေးမွေးပြီးရင် ပိန်ညောင်ပြီး အားမရှိတော့ အမေက သနားလို့လေ။ ပိစိမ ကလည်း ဆေးထိုးလိုက်ပြီးမှ ၀ဖြီးပြီး လှလာလိုက်တာ မျက်နှာဆို ဖောင်းအစ်နေတာပဲ။ အမွေးဆို နုလိုက်တာမှ အလွန်။

ပိစိ မမွေးခင်တုန်းကဆို မီးညောင်စုတ်က အိမ်မှာ ကျနော့်ရဲ့ ညဖက် စာကျက်ဖော် စာကျက်ဖက်ပေါ့။ ၁၀တန်းတုန်းက ဒီဇင်ဘာ ဇန်န၀ါရီလပိုင်းတွေ စာကုန်းရုန်းကျက်ရတဲ့ အချိန်တွေလေ၊ ည၂နာရီလောက်ထိ တစ်နေ့စာ တစ်နေ့ မပြီးပြီးအောင် လုပ်ရတယ်၊ ပုံနေတဲ့ စာကြွေးတွေ ထိုင်ရှင်းရတယ်။ ကျနော် တစ်ယောက်ထဲ စားပွဲမှာ အိပ်ငိုက်နေမှာ စိုးလို့ အဖေက ဘေးမှာ ထိုင်စောင့်ပေးတယ်။ ဒါပေမယ့်လည်း ည ၁၂နာရီလောက်ဆို အဖေလည်း ဒေါင်းသွားပြီ။ ဘေးမှာ တခေါခါနဲ့ ဟောက်ပြီး လှဲခွေအိပ်တော့တာ။ သူလည်း တစ်နေကုန် အလုပ်ပင်ပန်းတာကိုး။ အဲ့အချိန်တွေဆို မီးညောင်စုတ်က ကျနော့်ပေါင်ပေါ် တက်လာပြီး ခွေအိပ်တယ်။ ကျနော့်ကို အဖော်လုပ်ပေးတယ်။ ဒီဇင်ဘာ ဆောင်းတွင်း ညဖက်တွေဆို စာကြည့်ခန်းက သိပ်ချမ်းတာ၊ မီးညောင် ပေါင်ပေါ် တက်အိပ်နေရင် နွေးပြီး အရမ်းစာကျက်လို့ကောင်း။ အဲ့လိုပေါ့၊ သူက ကျနော့်ရဲ့ အကောင်းဆုံး စာကျက်ဖော်ပါပဲ။

မနှစ်က အမေက ပြောတယ်။ မီးညောင်ကို လိုချင်တဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို ပေးလိုက်တယ်တဲ့။ အိမ်မှာ အီအီးလျှောက်ပါလို့တဲ့။ ပုံမှန်ဆို သူက အရမ်းစည်းကမ်း ရှိပါတယ်။ အိမ်သာထဲမှာပဲ သူ့ကိစ္စသူ ရှင်းတယ်။ နောက်ပိုင်းတော့ အသက်ကြီးလာလို့နဲ့ တူတယ်။ သူ့ကိုယ်သူ သိပ်မထိန်းနိုင်တော့ဘူး။ ဟိုနားဒီနား သွားလာရင်လည်း ခပ်ဖြည်းဖြည်းပဲ။ ခုတော့ ဘ၀တွေ ဘာတွေ ကူးပြောင်းသွားလောက်ပြီနဲ့ တူပါတယ်။ ပြောမရဘူး၊ ကျနော်ချစ်တဲ့ မီးညောင် နတ်ပြည်မှာ နတ်သမီးလေး ဖြစ်ချင်ဖြစ်နေမှာပေါ့။ ဟီဟီ။

ဒီမှာလည်း တစ်ခါတစ်ခါ ကြောင်ကလေးတွေ တွေ့တယ်။ အရမ်း ချစ်စရာကောင်းတယ်။ ကျွေးတဲ့ မွေးတဲ့လူတွေ များတော့ ၀တုတ်ပြဲနေတာပဲ။ ဒါပေမယ့် ဒီက ကြောင်တွေက ကြီးကျယ်လွန်းတယ်။ ခေါ်ရင် မလာဘူး။ အဖက်လုပ် လှည့်ကြည့်ဖော်လေးတောင် မရဘူး။ ကြောင်ဆို ဘယ်လောက်ပဲ ဆိုးဆိုး၊ မဲလည်း ချစ်တာပဲ၊ ရုပ်ဆိုးလည်း ချစ်တာပဲ။ ပြောရင်းဆိုရင်း ပိစိ နဲ့ မီးညောင်ရေ၊ သတိရလာပြီဟ။ ကျနော် တစ်ခါတလေ တွေးမိတယ်။ ငါ့နှယ်.. အရင်ဘ၀က ကြောင်များ ဖြစ်ခဲ့သလားလို့။ ဒီဘ၀မှာ ကိုယ့်အမျိုး ကိုယ်ပြန်ချစ်နေတာလားလို့။ ပြောမရဘူး ဖြစ်နိုင်တယ်တဲ့ အမေက ပြောဖူးတယ်။ ဟုတ်ရင်လည်း ဟုတ်မှာပေါ့ နော့်။ ဟီးဟီး။ =D


အမေကြီး မီးညောင်စုတ်

ပိစိမ

ကြောင်ပုံတွေကလည်း အိပ်နေ ငိုက်နေတဲ့ ပုံတွေချည်းပဲလို့တော့ ပြောနဲ့နော်။ သူတို့ကလည်း တစ်ချိန်လုံး အိပ်နေတာကိုးလို့။

ကြောင်ချစ်သူများရော မချစ်သူများပါ ပျော်ရွှင်ကြပါစေ။ :)

ကြယ်ကြွေချိန်

Friday, November 11, 2011

End of Year 2 term 1 @ SMU

So this is the end of my sophomore year's first term. I m in school's one and only canteen now, gazing at people wondering to and fro, long queues of people waiting for their food, busy food stalls cooking the not-so-delicious food and cashier staff collecting cash from customers.

Unlike in western countries, singapore has this advantage of having freshly cooked food at foodstalls, not burgers and fast food. But strangely i don't feel like eating rice. Just a quick sandwich and some milk can ease my hunger.

I am done with my last presentation of the semester and thanks to my smart group members, quite satisfied with it. Next week is study week for exams and there are 5 closed-book final papers to conquer. Exams over on 28th nov wheee!

I am so gonna cramming next week. i can imagine myself rooting and rotting at library the whole week. Since last night, i saw some students bringing along their pillows mugging at library already. This is smu culture. People are dragged down by consecutive not-so-student-friendly group projects and presentations throughout the semester and at the end of it, cram non-stop for the finals. This is smu life, cant deny.. Phew!

Anw i m visualizing myself chilling at chaung-thar beach or trips at the end of december. I'll be hanging out with my gang in downtown hahaha! Cant wait to go back home! :D

Kyel kywai chain

Saturday, November 5, 2011

Jar of Hearts - Christina Perri

This is the song I kept hit replay button on my playlist today. After Josh Krajcik sang it on xfactor USA final 12 performance, I am totally in love with this song.

Watch the Christina Perri's Official MV here,
And Josh Krajcik's version here! (Personally, I like Josh's more :D)

The lyrics are just a killer, especially the chorus part... Hope you will like it, too.

I took the lyrics from Google:

"i know i can’t take one more step towards you
cause all thats waiting is regret
don’t you know i’m not your ghost anymore
you lost the love i loved the most

i learned to live, half alive

and now you want me one more time

who do you think you are?

runnin’ ’round leaving scars
collecting a jar of hearts
tearing love apart
you’re gonna catch a cold
from the ice inside your soul
don’t come back for me
who do you think you are?

i hear you’re asking all around

if i am anywhere to be found
but i have grown too strong
to ever fall back in your arms
ive learned to live, half alive

and now you want me one more time

who do you think you are?

runnin’ ’round leaving scars
collecting a jar of hearts
and tearing love apart
you’re gonna catch a cold
from the ice inside your soul
don’t come back for me
who do you think you are?

it took so long just to feel alright

remember how to put back the light in my eyes
i wish i had missed the first time that we kissed
cause you broke all your promises
and now you’re back
you don’t get to get me back

who do you think you are?

running around leaving scars
collecting a jar of hearts
and tearing love apart
you’re gonna catch a cold
from the ice inside your soul
so don’t come back for me
dont come back at all

x2


who do you think you are?

who do you think you are?
who do you think you are?"


Kyel Kywai Chain

ကျွတ်ကျွတ်

ကြင်သူအသည်း မြေမှာ တွဲလဲ
စတေးခဲ့လည်း အရာမထင်ခဲ့။

မခွဲဘူး မောင့်အသည်း
သီကာကျူးသည့် မဟေသီလည်း
ထားခဲ့လေပြီ ကမ္ဘာခြားခဲ့။

ချွန်မြလှဓား ခြစ်ထားသလို
ခြင်းခြင်းနီတဲ့ ကျုပ်ရင်ဘတ်လည်း
တဆစ်ဆစ်နဲ့ ကျင်လှပါချိမ့်။

အား.. ကျွတ်ကျွတ်..

ကြယ်ကြွေချိန်

Wednesday, November 2, 2011

Elevator Pitch

I just had an individual speech on Management Communication course 20 minutes ago. They call it "elevator pitch", since your speech is supposed to bring a so-called "climax" and at the end of the speech, everybody in the audience will have to be convinced by your speech, whatever topic you bring. You have got only 3-minutes' time!

I was super nervous for this speech although I did prepare for it like hell. I went through so many self-recorded practices, yet on the day itself, I felt so nervous on the stage that I felt choked and not a single word slipping out from my lips! Oh no.. Stage fright! I had to excuse myself to professor and had some gulps of water. Mustering my courage, I started the speech and everything went smoothly, followed by a face-to-face discussion session with the audience. Thanks, God, I did it! YAY!

Although we are trained hard by SMU with so many presentations every semester since year 1, I have never felt this much butterflies in my stomach before! After the speech, I was like "pheww" followed by a long *sighhhhhh* (Imagine my face with a big smile :D LOL!) Although I could see my classmates' stressful looks waiting for their turn to give their best shots for the elevator pitch, I couldn't help but smiling alone :DDDDDDDDD. Of course, I was also cheering up the one sitting next to me!

Cheers to all my buddies~
ALL THE BEST for your projects, presentations, quizzes, assignments, final exams, etc. (for whatever you gonna have haha)!!!!!

I know this is one crazy week (week 12) flooded with goddamn deadlines, but..
Have you *smiled* today? :)

Kyel Kywai Chain
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...