Wednesday, April 27, 2011

နွေရာသီကျောင်းပိတ်ရက်

ဟော..
နွေရာသီကျောင်းပိတ်ရက်တဲ့
လေးလကြီးများတောင်။

ပျင်းခြောက်ပြီး တ၀ါးဝါးနဲ့ သန်းနေရလောက်အောင်
ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါပေါ့လား။

လေပူတွေ တ၀ီးဝီး၊ မီးစက်သံတွေတညံညံ
ဒီအချိန်ဆို ၁၇လမ်းထိပ်က ကျောက်ကျောဆိုင်လေးတောင်
မှန်းသတိရမိတယ်။

ဘယ်သူတွေ ဘယ်လိုပဲ သတိရနေ ရနေ
ဒီပတ်ဝန်းကျင်ကတော့ ဒီလိုပဲ ပုံမှန်လည်ပတ်နေဆဲပါပဲ။

တချို့ရက်များ မနက်အိပ်ရာက ကုန်းထ အလုပ်ပြေး
တချို့ရက်များ မနက်ည မခွဲနိုင်အောင် ထိုးအိပ်
တချို့ရက်များကျ ကိုယ့်လို ဘ၀တူဘော်ဒါတွေနဲ့ လျှောက်သွားကြ

သြော်...
လေးလဆို... ရွှတ်ခနဲ ကုန်သွားမှာပါလေ
ခြောက်ကပ်ကပ်ကြီးပါလား။


ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...