Wednesday, February 2, 2011

သြော် ... နှစ်ကူး ... နှစ်ကူး ...

သြော် တရုတ်နှစ်သစ်ကူး တဲ့။ ရောက်လာပြန်ပြီ။ ခုက ယုန်နှစ်။

တကယ် စိတ်ထဲမှာ ဟာတာတာကြီးဗျာ။ အရင်နှစ်ကဆို ဒီလိုနေ့မျိုး အမျိုးအိမ်တွေ လိုက်လည်။ အန်ပေါင်း တောင်း။ မုန့်တွေစား။ လသာလမ်းမှာ စဥ့်အိုးတန်းမှာ ခြင်္သေ့အက သွားကြည့်ဦးမလား ရတယ်။ ခုတော့ ခုတော့ ... ဒီမှာ တစ်ယောက်ထဲရယ်။ မနက်ကတော့ ဘုရားကျောင်းမှာ ဘုရားကန်တော့ခဲ့ပြီးပါပြီ။ ဒါပေမယ့်ကွယ် အိမ်ပြန်ချင်တာပေါ့လို့ ဒီလိုအချိန်မျိုး။ မာမားရဲ့ ကော်ကြော်၊ ၀က်သားလိပ်၊ ကြက်စွပ်ပြုတ်၊ ပုစွန်ကြော်၊ ဟောင်ကောင် ကြက်ကင်၊ ကောက်ညှင်းထုပ်၊ လွမ်းတာပေါ့လို့။ ဟင်း။

မနက်ဖြန်ဆို ပိုတောင် ဆိုးဦးမယ်။ နှစ်ဆန်းတစ်ရက်နေ့ဆို ရန်ကုန်မှာ လည်စရာ ပတ်စရာ ဘုံကျောင်းတွေ ကစားကွင်းတွေ ပန်းခြံတွေ စားသောက်ဆိုင်တွေ များကြီးများကြီး။ ခုတော့ဗျာ... Sentosa, East Coast ဒါတွေပဲ နှံ့နေပြီ။ ပျင်းဖို့တောင်ကောင်းတယ်။

တရုတ်ရိုးရာစကားပုံ တစ်ခု ရှိတယ်ဗျ။ "有钱没钱 回家过年" တဲ့။ အဓိပ္ပာယ်က ပိုက်ဆံရှိရှိ မရှိရှိ နေရပ်ပြန်ပြီး နှစ်ကူးမယ် ပေါ့။ ကျနော့်အဖြစ်ကတော့ဗျာ... မနှစ်ကနဲ့ မတူပါဘူး။ ပြန်ချင်တာတောင် မပြန်နိုင်အောင် ကြိုးတွေနဲ့ ဆွဲထားတယ်ဗျာ။ ဗြဲ!!!!!!!! T_T

ပျင်းပျင်းရှိတာနဲ့ City ဘက် လမ်းလေးဘာလေး လျှောက်၊ Riverside မှာ လေညင်းလေးဘာလေး သွားခံရင် ကောင်းမလား မသိ။ လောလောဆယ်တော့ ခဏ အိပ်လိုက်ဦးမယ်။ ဒီလိုနေ့မျိုး စာလုပ်ချင်စိတ်လည်း ရှိပါဘူးဗျာ။ .......

နှစ်သစ်မှာပျော်ရွှင်ကြပါစေ။ အန်ပေါင်းလည်း များကြီး ရကြပါစေ (ရရင် တ၀က်ခွဲပေးနော် ဟီးဟီးဟီး)
祝您新年快乐!!! :)

ကြယ်ကြွေချိန်

1 comment:

  1. Xīn Nián Kuài Lè ပါ ညီမလေးရေ...။ ခုလိုအချိန်မျိုးမှာ ကိုယ်ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းခဲ့တဲ့နေရာကို သတိရမှာ ကိုယ်ချင်းစာမိပါတယ်။ ဒီနှစ်မပြန်နိုင်လည်း နောက်နှစ်ပေါ့နော်။ ညီမလေးအတွက် ပျော်ရွှင်အောင်မြင်သော ယုန်နှစ်ဖြစ်ပါစေ...း)

    ReplyDelete

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...