Friday, February 4, 2011

ချစ်...တယ်

ကျနော် ငမိုက်သားရဲ့ ဒီရင်ခွင်မှာ
တစ်ယောက်သောသူအတွက်
နန်းတော်ကျယ်ကြီးရှိတယ်...

သူမ,မမြင်နိုင်ပေမယ့်လည်း
ထာဝစဉ်ပေးဆပ်ဖို့
အမြဲအဆင်သင့်ရှိတယ်...

ဘယ်သူတွေဘာပြောပြော
မပြောင်းလဲနိုင်တဲ့ ငါ့နှလုံးသား
ရှုံးနိမ့်ပြီလား...

ငါ့နှလုံးသားရဲ့ ကွက်လပ်လေးတစ်ခု
ဖြည့်ပေးလှည့်ပါ
မင်းသမီးလေးရယ်...

မင်းခံစားချက်တွေကို
ထိန်ချန်မထားနဲ့
ငါသိအောင် ဖြေလှည့်ပါကွယ်...

ဘယ်သူတွေ ဘယ်လိုပဲ တားဆီးပစေ
ငါ့ကို သူစိမ်းတစ်ယောက်လို့တော့ မသမုတ်နဲ့
ငါ့ရင်ထဲက ကျောက်စာတိုင်က... ဘာတဲ့...

မင်းကိုချစ်တယ်
အထပ်ထပ်ပြောမယ်
ချစ်... တယ်...


ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...