Sunday, August 14, 2011

အဟင့် =P

ငါဟာ မင်းအပေါ် ၃နှစ်ခွဲကျော် ၄နှစ်နီးနီး ကာလပတ်လုံး မင်းအလိုကျ အရာရာ ဖြည့်ဆည်းပေးခဲ့ရတဲ့ Ever Ready ကောင်ကြီးပါ။

မင်းလိုချင်တယ်ဆိုတဲ့ နောက်ဆုံးပေါ်မှန်သမျှ မင်းရှေ့မှောက် ရောက်စေရမယ် အသင့်၊

မင်းတောင်းဆိုသမျှ မရမကလိုက်ရှာ၊ ဟိုလူ့ဆီကတောင်း ဒီလူ့ဆီကညှစ်၊ မရရင် ရတဲ့နည်းနဲ့ယူငင်ပြီး ဆက်သရပုံများ။

မင်းဂျီကျပြီဆို ငါ့မှာ ရင်တွေဘာတွေတုန်၊ မင်းလေးဖျားပြီ နာပြီဆို ငါ့မှာ မျက်ကလဲဆန်ပြာနဲ့ ဖွတ်ဖွတ်ကို လူးလို့။

တစ်ခါတလေများ ညဥ့်နက်တဲ့ထိ အတူရှိမိလို့ အနားမပေးရကောင်းလား ဆိုပြီး မင်းဆူဆဲရင်းပေးတဲ့ ဖောင်းတွေကိုလည်း ယနေ့တိုင် လည်စင်းခံနေရဆဲပါ ချစ်သူ။ (ဟီးဟီး)

ခုတော့ ပေးဆပ်ခဲ့ရသမျှ ခွန်အား၊ အချိန်တွေကိုမှ မထောက်၊ မင်းတစ်ယောက်ကလွဲလို့ (၄နှစ်နီးပါး) မျက်နှာများခွင့်တောင် မရှိခဲ့တဲ့ ငါ့ဘ၀ကို လှည့်မကြည့်တော့ဘူးလားကွာ။

အသစ်ရှာဖို့ မဖြစ်နိုင်တော့တဲ့ (မဖြစ်နိုင်သေးတဲ့) ငါ့အခြေအနေကို ငဲ့ကြည့်ရက်တယ်ဆိုရင် မထားသွားပါနဲ့၊ အောင်လသီချင်း ညည်းရင်းနဲ့ ငါမှားတာရှိရင် တောင်းပန်ပါရစေ ချစ်သူ။ အဟင့်အစ်အစ် အဟင့်ဟင့်။

အထက်ပါ ကျနော့ချစ်သူ ဘယ်သူလဲ သိချင်လား။ အိုဟောင်းနေပြီဖြစ်သော ကျနော်၏ Compaq Presario ပါပဲခများ။ ခဏခဏ Error တွေတက်၊ Physical dumping တွေဖြစ်နေလို့၊ သူသာ ကျနော့်ကို ထားခဲ့ရင်တော့ ငိုမှာပဲ ငိုမှာပဲ ကျဥ ကျဥ ကျဥ။ မျက်နှာများပြီး နောက်တစ်ယောက် အသစ်လဲစရာ ပိုက်ပိုက်မှ မရှိတာကိုလို့။ ဟွန်း ... သူတော်တော်ဆိုး။ =P


ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...