Thursday, January 6, 2011

Out of balance

စိတ်တွေ ဖမ်းမရဘူး။ လွင့်နေတယ်။ စာလည်း အာရုံစိုက်လို့ မရဘူး။ အချိန်တွေသာ ကုန်သွားတယ်။ တစ်နာရီပြီး တစ်နာရီ လျှောခနဲပဲ။ ပြောတော့ စာမေးပွဲအတွက် လူသစ် စိတ်သစ်နဲ့ ကြိုးစားပြီဆို။ သူများကြားရင် ရယ်ဦးမယ်။ ခေါင်းတွေလည်းမူး။ ညက တစ်ညလုံး နားမလည်နိုင်တဲ့ ဖတ်စာအုပ်ကို ထိုင်ဖတ်တယ်၊ မနက်နေထွက်တဲ့ထိ။ သင်ပြီးသား အခန်းတွေတောင် နားမလည်နိုင်တဲ့ ငါလို ငအ တစ်ကောင်။ ဘယ်က ဘယ်လို စာမေးပွဲ လာအောင်တော့မှာလဲ။ လူက ဒေါင်ချာစိုင်း။ မနက်စာနဲ့ နေ့လည်စာ တောင် ပေါင်းမစားရသေးဘူး။ မနက် ၈နာရီခွဲတည်းက ကျောင်းရောက်။ လက်ချာ နောက်ကျမှာစိုးလို့ မနက်စာတောင် မစားနိုင်။ အတန်းထဲ ပြေးဝင်။ လွတ်တဲ့ခုံ ၀င်ထိုင်။ ဘေးကလူကို မောနင်း နှုတ်ဆက်ချင်စိတ် မရှိ။ လက်ပ်တော့ပ် ဖွင့်။ ဖတ်စာအုပ်ဖွင့်။ ပရော်ဖက်ဆာကို ငေးကြည့်။ မြင်သာမြင်၏။ မကြားရ။ ပုံရိပ်တွေက ၂ထပ် ၃ထပ်။ ၀ိုးတိုးဝါးတား။ ငိုက်ပြီ။ ညက Redbull ကျေးဇူးကြောင့် တင်းခံခဲ့သမျှ ခုတော့အစွမ်းပြပြီ။ တဖြည်းဖြည်း ပုံရိပ်တွေ ပြန်ကြည်လင်လာတယ်။ ကျနော့် ကြောင်လေး ဘုရားစင်ရှေ့မှာ အိမ်မြှောင်တစ်ကောင်နဲ့ ဆော့နေတာ။ အမလေးဗျ။ လူက ဆစ်ခနဲ ဆစ်ခနဲ အကြောတက်သလိုလို၊ အကြောသေသွားသလိုလို ဖြစ်လို့ မျက်လုံး အသာ ဖွင့်ကြည့်မိတယ်။ အော်... အဲယားကွန်းကြောင့် လူက ထုံခဲပြီး တောင့်နေတာကိုး။ နိုး ပရော်ဗလန်ပါဗျာ။ အိတ်ထဲက ဆွယ်တာ ထုတ်ဝတ်။ အိပ်မက် နန်းတော်ကို ဆက်ချီတက်တယ်။ အိမ်က လူစေ့ မြင်ရတယ်ဗျာ။ အဘိုးက သတင်းစာဖတ်ရင်း အဘွားခွာပေးတဲ့ သစ်တော်သီးကို သွားကြားထိုးတံလေးနဲ့ ထိုးစားလို့။ အဖေနဲ့ အမေက တီဗီရှေ့မှာ ကွာစိ ကိုက်ရင်း။ မောင်လေးက ရုတ်တရက် ကျနော့ ပုခုံးလာပုတ်တော့... အောင်မလေးဗျ။ အော်... အတန်းဆင်းသွားပြီပဲ။ ၃နာရီ အတန်း တောက်လျှောက် စက်တော်ခေါ်ရတာ တယ်အရသာရှိ။ အတန်းဆင်း။ Kofu ၀င်။ နေ့စဉ်ရက်ဆက် ငြီးငွေ့နေတဲ့ အရသာက ကျနော့ လျှာထုံထုံပေါ်မှာ လျှောကျသွားတယ်။ library မှာ စာလုပ်မယ် အကြောင်းပြချက်နဲ့ ဆက်ငိုက်။ နိုးရင် facebook ၀င်။ ထုံးစံအတိုင်း သူ့ page ၀င်စစ်။ ဘလော့ဂ်တွေ လျှောက်လည်။ ည၉နာရီထိုး။ ၀ါး... အကြောပြင်ဆန့်။ Kopi မှာ dinner ၀င်ဝါး။ အိမ်ပြန်မယ်။ အဆောင်ရောက်။ ဟိုလုပ်ဒီလုပ် ည၂နာရီထိုး။ ဘာအလုပ်မှ မပြီး။ လုပ်ချင်စိတ်လည်းမရှိ။ ဒီလိုနဲ့ ထိုးအိပ်။ မနက် ရှစ်နာရီခွဲ ပြန်ထ။ အတန်းပြန်သွား။ သံသရာလည်။

ဒါက ကျနော့ရဲ့ first semester တုန်းက ကာရန်မညီတဲ့ routine ပါ။
ခု second semester တော့ ကာရန်ညီအောင် ညှိယူနေပါတယ်။

စာလုပ်ရင်း စိတ်ရှုပ်လာလို့ လျှောက်ရေးမိတာပါ ခမျာ။

ကြယ်ကြွေချိန်

1 comment:

  1. အဟမ်း နားမလည်တာလေးတွေမေးမယ် ပြန်ဖြေပေးနော်..
    ၁။ ကိုယ့်ကိုကိုယ် ငအ ဟုတကယ်ထင်ပါသလား။
    ၂။ Redbull သောက်သည်ဟုရေးထားခြင်းမှာ မှန်ပါသလား။
    ၃။ မောင်လေးက ပုခုံးလာပုတ်သည်ဟုအိမ်မက်မက်ရာ အပြင်ဘ၀တွင် အိပ်ငိုက်နေသည်ကို ပခုံးပုတ်လာနှိုးသူ မှာ မည်သူနည်း။
    ၄။ ထုံးစံအတိုင်း facebook မှာ သူ့ page ၀င်စစ်သည်ဟုပြောထားရာ ထိုအစစ်ခံရသူမှာ မည်သူနည်း။
    ၅။ အဆောင်ရောက်လျှင် ဟိုလုပ်သည်လုပ်ဟုပြောထားရာ မည်သည့်အလုပ်များကိုဆိုလို ပါသနည်း။
    ၆။ ဒီ sem တွင်လည်း ကာရန်ညီမည်ဟု သေချာပြောနိုင်ပါသလား။

    ReplyDelete

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...