ဇွန် ၁၁ ရက်နေ့က စာမေးပွဲတွေ ပြီးသည်နှင့် ရန်ကုန်ကို ပြန်ခဲ့ပါသည်။ ဟိုးရှေ့ နှစ်လ လောက်က အဘိုး နာရေး အတွက် ပြန်ခဲ့သော်လည်း ယခု အိမ်ကို လွမ်းသည်။ တစ်ယောက်သော သူနှင့် အလွန်တရာ တွေ့ချင်စိတ်လည်း ပါတာပေါ့လေ။ ဒါ အဓိကလို့ ပြောရင်လည်း မမှားပါဘူး။
ကျွန်မနေ့စဉ်ဘ၀ကတော့ အင်မတန် ရိုးစင်းပါသည်။ သို့သော် အဓိပ္ပာယ် အပြည့်။ မနက်ပိုင်း ရှစ်နာရီလောက် ထ၊ အိမ်ကပဲ အချိန်ပိုင်း အလုပ်လုပ်၊ နေ့လည်စာ အိမ်မှာ စားသောက်ပြီးချိန်ဆို ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် နေ့လယ် နှစ်နာရီ သုံးနာရီလောက်ဆို သူနဲ့ လျှောက်လည်ဖို့ မြို့ပတ်ဖို့ ပြင်ဆင်ပြီ ဟဲဟဲ။
ရန်ကုန်တွင် နေရသည့် ဘ၀က အလွန်ကို အေးချမ်းလွန်းပါသည်။ ပူပင်စရာ တ၀က်လျော့ပါသည်။ အချိန်ပိုင်း အလုပ်မှ ပုံမှန် ၀င်ငွေ အနည်းငယ်လည်း ရှိပါသည်။ အိမ်တွင် မိသားစုနှင့်၊ ချစ်စရာ ကြောင်ကလေးနှင့် နေရသည်မှာလည်း အေးအေးလူလူ ရှိလှပါသည်။ ချစ်သူနှင့် အမြဲ တွေ့ဆုံရသည်ကလည်း စိတ်ရွှင်စရာ အားဆေး တစ်ခွက်ပင်။ ဤမျှ ငြိမ်းချမ်းသော ဘ၀ကို ကျွန်းသေးသေးလေးသို့ မပြန်ခင် အပြည့်အ၀ ခံစားမည် ဖြစ်သောကြောင့် စာဖတ်သူများလည်း အသည်းရွှင်ဆေး သောက်သုံးနိုင်ကြရန် ဆုတောင်းပေးလိုက်ပါသည်။
ကြယ်ကြွေချိန်