အိပ်ရေးကပျက်၊ လူကကြောင်နှင့် ဒီနေ့ အလုပ်သွားရသည်ကိုး။ ယနေ့ လုပ်စရာရှိသည်များကို မနက်ထဲက အမြန် အပြီးအစီး လုပ်ထားသည်မို့ ညနေပိုင်း ပရောဂျက်နည်းနည်း လုပ်မိပါသည်။ ခဏနေတော့ မန်နေဂျာက အလုပ်တစ်ခုပေးသွားပြီး၊ ကျွန်မလည်း ခါတိုင်းလို urgent ပရောဂျက် မဟုတ်ဘူး ထင်ကာ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေမိသည်။ သူကလည်း အလျင်လိုသည်ဟု မပြောပဲကိုး။
အလုပ်ဆင်းချိန် သူ့ကို နှုတ်ဆက်တော့မှ သူက ပြီးပြီလားတဲ့၊ ဆိုတော့ ကျွန်မလည်း ကြောင်အမ်းသွားကာ အမှန် အတိုင်း မပြီးသေးကြောင်း ပြောလိုက်မိသည်။ အလျင်လိုသလား မေးတော့ သူက ဒီနေ့ လုပ်ပေးမယ် ထင်နေလို့တဲ့။ ကောင်းရော။ ကျွန်မကလည်း အိုဗာတိုင် ဒီနေ့မရ၊ ခဏနေ meeting တစ်ခု နှင့် မနက်ဖြန် စာမေးပွဲ တစ်ခု ရှိသေးသည်။ ထို့နောက် သူမက ရပါတယ်၊ မနက်ဖြန် လာတဲ့လူကိုပဲ လုပ်ခိုင်းလိုက်တော့မယ်ဟု ပြောသည်။
အပြန်လမ်းကျတော့ ကျွန်မ အလွန် အပြစ်ကြီး တစ်ခု လုပ်မိပြီဟု တွေးနေမိသည်။ ငါ့နှယ်၊ တစ်ခါတစ်လေ ကိုယ့်စာကိုယ် ခဏတစ်ဖြုတ်လုပ်မိပါတယ်၊ ဒါမျိုး တည့်တည့်ကို တိုးတာပဲ။ သူမကတော့ ဘာမှ အပြစ် တစ်စုံတစ်ရာ မပြောပေမယ့် စိတ်ထဲ တော်တော်ကို မကောင်းပါ။ ကျွန်မသည် ဘယ်တုန်းကမှ အလုပ်ကို လျှော့လုပ်တတ်သူ၊ ရေသာခိုတတ်သူ မဟုတ်။ ဒီတစ်ခါလေးပဲ စိတ်တွေရှုပ်ပြီး လျစ်လျူရှုမိလိုက်သလို ဖြစ်သွားသည်မှာ အတော့်ကို ခံပြင်းစရာ ကောင်းပါသည်။ မနက်ထဲက စာမေးပွဲအတွက် စာကြိုးစားမည် အားခဲထားသော စိတ်ကလေး နောက်ကျိသွားလေပြီ။
နောက်များခါဆိုရင်တော့ စာကို အိမ်မှာ၊ ကျောင်းမှာပဲ ထားခဲ့တော့မည်။ မအိပ်ရရင် နေပါစေ။ အလုပ်ကိုတော့ စာ ဘယ်တော့မှ မသယ်လာတော့ဟု ဆုံးဖြတ်မိပါသည်။
အော်... ဒီနေ့ ကျွန်မ ကံမကောင်းပါလား...
ကြယ်ကြွေချိန်
လာလည်သွားပါတယ်၊ ပို့စ်အသစ်တွေ ထပ်မရေးတော့ဘူးလား စောင့်မျှော်နေပါမယ်
ReplyDeleteThis comment has been removed by the author.
Delete