Wednesday, February 25, 2015

စက်ရုပ်လူသား

အလုပ်တွေများတာ ပျားအုံက လုပ်သားပျားတွေလိုပေါ့နော်။ ပျားတွေကမှ ဟိုကူးဒီလွန့်နဲ့ လှုပ်ရှားမှု ရှိသေး။ ဒီက စက်ရုပ်လူသားကတော့ တုပ်တုပ်မျှမလှုပ်။ ကွန်ပျူတာလို့ခေါ်တဲ့ တီဗီဖန်သားပြန် ခပ်ပါးပါးရှေ့မှာ မျက်မှောင်ကြုပ် အာရုံစူးစိုက် စိုက်ကြည့်နေပုံများ... ဟို ငယ်ငယ်တုန်းက ကြည့်တဲ့ တရုတ်သိုင်းကား ဇာတ်လမ်းတွဲတွေထဲကလို တန်ခိုးတွေ အတွင်းအားတွေ ညှစ်ထုတ်နေသလို ပေါ့လေ။ အဲ... အဲ့ကွန်ပျူတာမှာ လက်နှိပ်စက်ဆန်ဆန် ခလုတ်လေးတွေနဲ့ ကီးဘုတ်ဆိုတာလေးလည်း ပါသေး။ ဟော.. ပြီးတော့.. ကြွက်ကလေးတစ်ကောင်လို ခပ်ဝပ်ဝပ် ပုံစံလေးနဲ့ ကိရိယာလေး တစ်ခုလည်း ပါသေး။ သူ့နာမည်က မောက်စ်တဲ့။ လူသားတစ်ယောက်က အဲ့ဒီ ကီးဘုတ်လေးရယ် မောက်စ်လေးရယ်ပေါ်မှာ လက်ဖ၀ါးတင်ပြီး ခလုတ်တွေကို ခပ်ဖြေးဖြေး နှိပ်နေလေရဲ့။ ခပ်ဖြေးဖြေးဆိုပေမယ့်လည်း သူ့စိတ်ထဲမှာတော့ အလျင်လိုနေတာပေါ့လေ။ သူ့နာမည် က စက်ရုပ်လူသားတဲ့။ Robot ပေါ့နော်။

အဲ့ဒါကတော့ သူ့ရဲ့ နိစ္စဒူဝပဲပေါ့။ ဖန်သားပြင်ကိုကြည့်ရင်း ခလုတ်တွေ နှိပ်ရင်း ညဥ့်နက်ခဲ့ပေါင်း များပေါ့။ တာဝန်ဝတ္တရားတွေ မလွှဲသာ မရှောင်သာတော့လည်း ရင်ဆိုင်ရတော့တာပေါ့လေ။ သူက အလုပ်တွေ လုပ်နေတာတဲ့။ အိတ်စ်စဲလ် (Excel) လို့ခေါ်တဲ့ ဆော့ဖ်ဝဲကို သုံးပြီးစာရင်းတွေ လုပ်ရတယ်တဲ့။ အဲ့ဒါ ဘယ်လိုလဲဆို လေးထောင့်ကွက်လေးတွေထဲမှာ နံပါတ်လေးတွေ ရိုက်ထည့်ပြီးတော့လေ၊ ကိုယ်လိုသလို ပေါင်းနှုတ်မြှောက်စား လုပ်ပြီး ကိုယ်လိုချင်တဲ့ အဖြေထုတ်လို့ရသတဲ့။ အိုး တယ်လွယ်ပါလား.. လိုတော့ မပြောရက်လိုက်ပါနဲ့နော်။ အဲ့ဒီ Robot ကတော့ နေ့နေ့ညည ဦးနှောက်ဆဲလ်တွေကို ညှစ်ထုတ်၊ သူအလိုမတူဘဲ မနက် နှစ်နာရီ သုံးနာရီထိ အတင်း အဓမ္မ စေခိုင်းပြီး အဲ့စာရင်းတွေကို စစ်ရတာတဲ့။ Auditor ဘ၀... Auditor ဘ၀... သူ့မှာ ဘယ်လောက်တောင် အိပ်စက် အနားယူချင်လိုက်မလဲ လို့တော့ မပြောလိုက်ပါနဲ့။ Robot ဆိုပေမယ့်လည်း နားချင်တာပေါ့လို့။ စက်ပစ္စည်းတွေတောင် အချိန်ကာလ တစ်ခုအထိ အသုံးပြုပြီးရင် အနားပေးရသေးတာပဲလေ။ ဟုတ်စ။

အဲ့လို ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာ ဘာကြောင့်ဆို ကုမ္ပဏီဝန်ထမ်းဘ၀ မို့လို့တဲ့လေ။ တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်။ ဘာကြောင့်ဆို သူ့တာဝန်အရ လုပ်ဆောင်ရမှာတွေ ပြီးသွားပြီ ဆိုရင်တောင် သူ့အထက်လူကြီးက ဘာလိုသလဲ၊ အပြေးလေး လုပ်ပေးရသေးတာ။ လူကြီး အလုပ်မသိမ်းသေးရင် သူလဲ အိမ်ပြန်လို့မရဘူးလေ။ အိုး... ကိုယ်နဲ့မှ မဆိုင်တာပဲ၊ ကိုယ့်အလုပ်ပြီး ကိုယ်အိမ်ပြန်မှာပေါ့ လို့ပြောမလို့လား။ Robot က တာဝန် သိပ်သိတတ်တာကိုး။ ကိုယ့် လူကြီးက အလုပ်တွေများ အလုပ်မသိမ်းနိုင် ဖြစ်နေတာကို ကိုယ်နဲ့ မဆိုင်သလို မဖြတ်ချတတ်တော့ကာ... လုပ်ရပြီပေါ့ကွယ်။

ဒီလိုနဲ့ပဲ ... ဒီလိုနဲ့ပဲ ... ညည အိမ်ပြန်နောက်ကျတယ်ပေါ့လေ။ သိပ်တော့ မနောက်ကျရှာပါဘူး။ မနက် သုံးလေးနာရီ လောက်လေးပါ။ မျက်ကွင်းညိုညို ဟောက်ပက်ကြီးနဲ့ အရုပ်ဆိုးရှာပေမယ့်လည်း ချစ်သူက ချစ်ပါတယ်တဲ့။ ဆိုတော့ကာ... ကိစ္စမရှိပါ ပေါ့နော်။ ဟက်ဟက်... :P

Robot ခမျာ အလုပ်ပင်ပန်းရှာတော့ တစ်ခါတလေ ထွက်စာတင်ပြီး အလုပ်ပြောင်းမလို့ တွေးမိပါ့။ စာချုပ်တဲ့ ချုပ်နှောင်ခံထားရရှာတော့ စာချုပ်သက်တမ်း ပြည့်တဲ့ထိတော့ ကြိတ်မှတ်လိုက်ဦးပေါ့လေ။ အလှည့်ကျ မနွဲ့စတမ်းပေါ့။ ဟွင်းဟွင်း

ကဲ... အလုပ်ဆက်လုပ်လိုက်ပါဦးမယ်လေ။ တော်တော်ကြာ ရုံးမှာ မနက်မိုးလင်းသွားမှ ခက်နေမယ်။ ခုလေးတင်ပဲ ရေဒီယိုမှာ လာသွားတဲ့ သီချင်းလေး ခုပို့စ်လေးနဲ့ ကွက်တိဗျား...

~~~ချစ်ချင်ချစ်မယ်... ပစ်ချင်ပစ်မယ်... မင်းရဲ့ စက်ရုပ်လူသားလေး... ငါဟာမင်းရဲ့ ထာဝရ ရုပ်သေးပါ... လိုအပ်တဲ့အခါ ခေါ်လိုက်ပါ... ကြုံကြိုက်တဲ့အခါ ခေါ်လိုက်ပါ... ငါဟာမင်းအတွက်ဆို ဒီမှာ အမြဲတမ်း အဆင်သင့်ပါ~~~



ရင်တွင်းဖြစ် များစွာဖြင့်
ကြယ်ကြွေချိန်

Thursday, April 3, 2014

My Last Day @ SMU

Here I am, in SMU library now, doing my usual stuff. Surfing net, watching some hilarious posts by my friends, writing my project report... off and on.

But something is unusual today. Something that I have already expected but don't want it to come. Yet. I came back to this old dusty blog just to jot down some thoughts.

This, nuff said, is my last day of school in SMU. My last presentation in 4 years of undergrad course will be done this evening.

I can still vividly recall the day I had my first lesson here. It was a boring Monday morning pre-assigned class. Not only that, it was a Business Law class. As a freshmen, I wasn't prepared for such a heavy lesson, conducted by a wise, old professor, speaking English in a strong Indian accent. I looked around my surrounding, to realise that most are Chinese-looking faces. They are mostly Singaporeans, of course, and some of them I came to acquaint later, are Malaysians, Chinese, Burmese, Vietnamese and so on. Anyway, 3 weeks later, I had my first ever public speaking experience in that class. Since it was a group project, we needed to have team meetings and discussions. I clearly remembered who the  team members were and I was shocked by the fact that they were all so outspoken and were literally pouring out so many ideas in the GSR (Group Study Room). I was like a mute. Really. From that day onwards, I diligently did my readings and research on lessons and projects. Still, I struggled.

It was until the half of year 3 that I had a hard time. Mostly, in accounting core modules. But, the strange thing is I liked the law modules. I was so amused by Business Law and Company Law classes that I even thought of pursuing a relevant career. But anyway, that was not possible at the time being since the admission to School of Law for foreigners, especially Burmese, is literally impossible.

Overall, life was tough. Really tough. There were times I was counseled by a professor since my grades were just pathetic. There were times I can't imagine how that girl could make it for Dean's List for 3 years straight. There were times I was so miserable that I really dropped a core module in week 3 and got called in by the professor to whom I could only respond that I could not cope and had time management crisis. There were times I wish I was a nun so that I did not need to survive through these torturing 4 years.

Anyways, I came out of it alive. YAY! I will celebrate it hard. But now, with mixed feelings. I will surely miss this place, yes. SOE benches. Library. Admin building (I have worked there for more than 3 years. Heck yes omg!). SOA cat. Tea Party. Kopitiam and 7-11. Bras Basah MRT. The bus stops. Plaza Singapura. The Cathay. The saddest part is to move out of my little room at Prinsep Hostel.

Well, all these memories are inked and printed in me. Anyway, I am gona savour the day with the view through the glass panels of Level 3 of Li Ka Shing library onto the campus green. SMU, I actually love you and will miss you so much.


3 April 2014
Kyel Kywai Chain

Friday, November 29, 2013

I miss you.

Raindrops lay gently upon the usual path
Wind is chilling badly as if it takes after the one where he resides
Soaked leaves are indifferent about an ordinary individual
Adorned in common social norms
This lane hasn't been changed a bit
She isn't walking alone, of course,
But with memories.

The corner of her lips moved,
"...I miss you..."

Kyel Kywai Chain

Saturday, November 9, 2013

20131109

I am writing this piece when my whole passionate relationship is at the brink of losing or breaking apart. Love can change everything to the extent of:

- Losing mood to have a meal or have a sound sleep
- Lacking motivation to move towards your life goal (even project deadlines cannot help)
- Listening to "that" song a thousand times and still cry every time the chorus comes
- Dragging yourself to work while tears all welled up
- Staring at your love on the computer screen until you feel a tingling sensation of love and passion but a majority of tingle is replaced with sadness because you know that you are not gonna see him/her for more than one year from now
- Intimidated by the fear of him/her losing feelings for you at your reunion moment one year later 
- Feeling everything screwed up 

1 more thing you know, you love him/her so much.
Kyel Kywai Chain
9 November 2013
1:49AM

Wednesday, November 6, 2013

ဒီနေ့ ကံမကောင်းပါ

စာမေးပွဲတွေ ပရောဂျက်တွေ နှင့် ပိနေသည့် ဒီကာလအတွင်း အလုပ်သွားရသည်မှာ အလွန် ကျပ်ပိတ်သိပ်သော အရာ တစ်ခု ဖြစ်ပါသည်။ ပရောဂျက်က မပြီး၊ စာမေးပွဲအတွက် စာကြည့်ချိန် မရှိ၊ အစားအသောက် အချိန်မမှန်၊ meeting တွေက အချိန်ပြည့်၊ စာကြည့်ချိန် မပြောနှင့်၊ ကိုယ်ပိုင် အချိန်ပင် မရှိ။ အချိန်ပိုင်း အလုပ်မို့ တော်သေးသည်။ အချိန်ပိုင်းကျောင်းတက်၊ အချိန်ပြည့် အလုပ်လုပ်သူများဆို ဘယ်လိုနေမည် မသိ။ ထိုသူများ၏ ခံနိုင်ရည်၊ လုပ်နိုင်စွမ်းကိုလည်း လေးစားမိပါသည်။

အိပ်ရေးကပျက်၊ လူကကြောင်နှင့် ဒီနေ့ အလုပ်သွားရသည်ကိုး။ ယနေ့ လုပ်စရာရှိသည်များကို မနက်ထဲက အမြန် အပြီးအစီး လုပ်ထားသည်မို့ ညနေပိုင်း ပရောဂျက်နည်းနည်း လုပ်မိပါသည်။ ခဏနေတော့ မန်နေဂျာက အလုပ်တစ်ခုပေးသွားပြီး၊ ကျွန်မလည်း ခါတိုင်းလို urgent ပရောဂျက် မဟုတ်ဘူး ထင်ကာ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေမိသည်။ သူကလည်း အလျင်လိုသည်ဟု မပြောပဲကိုး။

အလုပ်ဆင်းချိန် သူ့ကို နှုတ်ဆက်တော့မှ သူက ပြီးပြီလားတဲ့၊ ဆိုတော့ ကျွန်မလည်း ကြောင်အမ်းသွားကာ အမှန် အတိုင်း မပြီးသေးကြောင်း ပြောလိုက်မိသည်။ အလျင်လိုသလား မေးတော့ သူက ဒီနေ့ လုပ်ပေးမယ် ထင်နေလို့တဲ့။ ကောင်းရော။ ကျွန်မကလည်း အိုဗာတိုင် ဒီနေ့မရ၊ ခဏနေ meeting တစ်ခု နှင့် မနက်ဖြန် စာမေးပွဲ တစ်ခု ရှိသေးသည်။ ထို့နောက် သူမက ရပါတယ်၊ မနက်ဖြန် လာတဲ့လူကိုပဲ လုပ်ခိုင်းလိုက်တော့မယ်ဟု ပြောသည်။ 

အပြန်လမ်းကျတော့ ကျွန်မ အလွန် အပြစ်ကြီး တစ်ခု လုပ်မိပြီဟု တွေးနေမိသည်။ ငါ့နှယ်၊ တစ်ခါတစ်လေ ကိုယ့်စာကိုယ် ခဏတစ်ဖြုတ်လုပ်မိပါတယ်၊ ဒါမျိုး တည့်တည့်ကို တိုးတာပဲ။ သူမကတော့ ဘာမှ အပြစ် တစ်စုံတစ်ရာ မပြောပေမယ့် စိတ်ထဲ တော်တော်ကို မကောင်းပါ။ ကျွန်မသည် ဘယ်တုန်းကမှ အလုပ်ကို လျှော့လုပ်တတ်သူ၊ ရေသာခိုတတ်သူ မဟုတ်။ ဒီတစ်ခါလေးပဲ စိတ်တွေရှုပ်ပြီး လျစ်လျူရှုမိလိုက်သလို ဖြစ်သွားသည်မှာ အတော့်ကို ခံပြင်းစရာ ကောင်းပါသည်။ မနက်ထဲက စာမေးပွဲအတွက် စာကြိုးစားမည် အားခဲထားသော စိတ်ကလေး နောက်ကျိသွားလေပြီ။

နောက်များခါဆိုရင်တော့ စာကို အိမ်မှာ၊ ကျောင်းမှာပဲ ထားခဲ့တော့မည်။ မအိပ်ရရင် နေပါစေ။ အလုပ်ကိုတော့ စာ ဘယ်တော့မှ မသယ်လာတော့ဟု ဆုံးဖြတ်မိပါသည်။ 

အော်... ဒီနေ့ ကျွန်မ ကံမကောင်းပါလား...

ကြယ်ကြွေချိန်

Wednesday, July 10, 2013

၂၀၁၃ ရန်ကုန် နေ့စဉ်ဘဝ

စာမရေးသည်မှာ အတော့်ကို ကြာသွားပါပြီ။ ရှိရှိသမျှ အချိန်တွေ အားလုံး ဗွီဗွီအိုင်ပီ အတွက် ပေးထားသည်ကိုး။ (ဟဟ)

ဇွန် ၁၁ ရက်နေ့က စာမေးပွဲတွေ ပြီးသည်နှင့် ရန်ကုန်ကို ပြန်ခဲ့ပါသည်။ ဟိုးရှေ့ နှစ်လ လောက်က အဘိုး နာရေး အတွက် ပြန်ခဲ့သော်လည်း ယခု အိမ်ကို လွမ်းသည်။ တစ်ယောက်သော သူနှင့် အလွန်တရာ တွေ့ချင်စိတ်လည်း ပါတာပေါ့လေ။ ဒါ အဓိကလို့ ပြောရင်လည်း မမှားပါဘူး။

ကျွန်မနေ့စဉ်ဘ၀ကတော့ အင်မတန် ရိုးစင်းပါသည်။ သို့သော် အဓိပ္ပာယ် အပြည့်။ မနက်ပိုင်း ရှစ်နာရီလောက် ထ၊ အိမ်ကပဲ အချိန်ပိုင်း အလုပ်လုပ်၊ နေ့လည်စာ အိမ်မှာ စားသောက်ပြီးချိန်ဆို ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် နေ့လယ် နှစ်နာရီ သုံးနာရီလောက်ဆို သူနဲ့ လျှောက်လည်ဖို့ မြို့ပတ်ဖို့ ပြင်ဆင်ပြီ ဟဲဟဲ။

ရန်ကုန်တွင် နေရသည့် ဘ၀က အလွန်ကို အေးချမ်းလွန်းပါသည်။ ပူပင်စရာ တ၀က်လျော့ပါသည်။ အချိန်ပိုင်း အလုပ်မှ ပုံမှန် ၀င်ငွေ အနည်းငယ်လည်း ရှိပါသည်။ အိမ်တွင် မိသားစုနှင့်၊ ချစ်စရာ ကြောင်ကလေးနှင့် နေရသည်မှာလည်း အေးအေးလူလူ ရှိလှပါသည်။ ချစ်သူနှင့် အမြဲ တွေ့ဆုံရသည်ကလည်း စိတ်ရွှင်စရာ အားဆေး တစ်ခွက်ပင်။ ဤမျှ ငြိမ်းချမ်းသော ဘ၀ကို ကျွန်းသေးသေးလေးသို့ မပြန်ခင် အပြည့်အ၀ ခံစားမည် ဖြစ်သောကြောင့် စာဖတ်သူများလည်း အသည်းရွှင်ဆေး သောက်သုံးနိုင်ကြရန် ဆုတောင်းပေးလိုက်ပါသည်။

ကြယ်ကြွေချိန်

Wednesday, May 15, 2013

The very first post in 2013 | Stay Strong!


Lots of struggle, but we can dissolve the complaints
Lots of uncertainty, but we can make it certain
Lots of anxiety, but we can work it out
Lots of dreams,
Lots of affection, and
Lots of love.

Kyel Kywai Chain

Monday, December 24, 2012

Merry Christmas! #2012

ကျွန်မ ခရစ္စမတ်ကို တစ်ခါမှ အရေးတယူ ကျင်းပခြင်း မရှိခဲ့ဖူးပါ။ ခရစ်ယာန် ဘာသာဝင် မဟုတ်သောကြောင့်သော် လည်းကောင်း၊ စင်္ကာပူ ကျွန်းသေးသေးလေးပေါ် နေရခြင်းကြောင့် လည်းကောင်း ဖြစ်တန်ရာသည်။ မနှစ်တနှစ်က ခရစ္စမတ်များ ဘာလုပ်ခဲ့သနည်း ပြန်တွေးကြည့်သည်။ စားသောက်ဆိုင်တွင် အချိန်ပိုင်း အလုပ်ဆင်းနေခဲ့သည်။ ပွဲတော်ကို ကျင်းပလိုစိတ် မရှိသည်က တစ်ပိုင်း၊ အလုပ်သွားလုပ်လျှင် မုန့်ဖိုးပဲဖိုး ရသည်က တစ်ပိုင်းကြောင့် နှစ်တိုင်း အလုပ်သာ လုပ်နေခဲ့သည်။

ယခုနှစ် ၂၀၁၂ တာ့ ထူးခြားပါသည်။ ကျွန်မဘ၀၏ ကြီးကြီးမားမား အပြောင်းအလဲ တစ်စိတ်တစ်ပိုင်းဟု ဆို၍ရပါသည်။ ဘ၀လက်တွဲဖော်ဟု ခံယူထားသူတစ်ယောက် ကျွန်မဘ၀ထဲ ရောက်လာပါသည်။ Jingle Bells နှင့် Xmas  သီချင်းများ အဓိပ္ပာယ်ရှိလာသလို ခံစားရပါသည်။ ကျွန်မ ပျော်ပါသည်။ သူနှင့် ဆုံစည်းခွင့်ပေးသော ဘုရားရှင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်။ သူ့ကိုလည်း ကျေးဇူးတင်ပါသည်။

ကြယ်ကြွေချိန်

Wednesday, November 28, 2012

Lessons learnt

Whenever you feel down, look out the window. You are not alone.
And remember, whatever it is, this is not the end of the world.

Simple ground rules:
1) If you can do it, just give it your best shot. Effects might or might not get paid off. But at least, you did your best.
2) If you can't do it, there's no point getting worried. Go find some way to solve it instead.
3) If you are sure that you can't do it, just let it go.

So why worry?
Don't worry, be happy.

Kyel Kywai Chain

Sunday, November 11, 2012

တီတီတီ

ဘလော့ဂ်ကို ပစ်ထားတာ လပေါင်း ကြာပြီ။ 
စာရေးချင်သည် အတွေးပေါက်တော့ စိတ်ဖိစီးမှုက လွဲလို့ ဘာမှထွက်မလာ။ 
အင်း... စိတ်ဖိစီးသည်။
လုပ်စရာတွေ အလွန်များသည်။
စာတွေ အလွန်ခက်သည်။
presentation ၂ခု deadline ၁ခု ကျန်သေးသည်။
study week ကျရင်လည်း အသားကုန် ကျုံးရဦးမည်။ နေ့မအိပ် ညမအိပ်။
နောက် ၃ပတ် တရစပ် လုပ်ပြီးရင် လွတ်ပြီ ကျွတ်ပြီ။
ပျော်စရာလေးတွေ ပြန်လာတော့မည်။
ဒီခဏတော့ ဒီမျှထက် ပိုပြီး ကြိုးစားလိုက်ဦးမည်။
တီ တီ တီ။

ကြယ်ကြွေချိန်
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...