Wednesday, July 10, 2013

၂၀၁၃ ရန်ကုန် နေ့စဉ်ဘဝ

စာမရေးသည်မှာ အတော့်ကို ကြာသွားပါပြီ။ ရှိရှိသမျှ အချိန်တွေ အားလုံး ဗွီဗွီအိုင်ပီ အတွက် ပေးထားသည်ကိုး။ (ဟဟ)

ဇွန် ၁၁ ရက်နေ့က စာမေးပွဲတွေ ပြီးသည်နှင့် ရန်ကုန်ကို ပြန်ခဲ့ပါသည်။ ဟိုးရှေ့ နှစ်လ လောက်က အဘိုး နာရေး အတွက် ပြန်ခဲ့သော်လည်း ယခု အိမ်ကို လွမ်းသည်။ တစ်ယောက်သော သူနှင့် အလွန်တရာ တွေ့ချင်စိတ်လည်း ပါတာပေါ့လေ။ ဒါ အဓိကလို့ ပြောရင်လည်း မမှားပါဘူး။

ကျွန်မနေ့စဉ်ဘ၀ကတော့ အင်မတန် ရိုးစင်းပါသည်။ သို့သော် အဓိပ္ပာယ် အပြည့်။ မနက်ပိုင်း ရှစ်နာရီလောက် ထ၊ အိမ်ကပဲ အချိန်ပိုင်း အလုပ်လုပ်၊ နေ့လည်စာ အိမ်မှာ စားသောက်ပြီးချိန်ဆို ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် နေ့လယ် နှစ်နာရီ သုံးနာရီလောက်ဆို သူနဲ့ လျှောက်လည်ဖို့ မြို့ပတ်ဖို့ ပြင်ဆင်ပြီ ဟဲဟဲ။

ရန်ကုန်တွင် နေရသည့် ဘ၀က အလွန်ကို အေးချမ်းလွန်းပါသည်။ ပူပင်စရာ တ၀က်လျော့ပါသည်။ အချိန်ပိုင်း အလုပ်မှ ပုံမှန် ၀င်ငွေ အနည်းငယ်လည်း ရှိပါသည်။ အိမ်တွင် မိသားစုနှင့်၊ ချစ်စရာ ကြောင်ကလေးနှင့် နေရသည်မှာလည်း အေးအေးလူလူ ရှိလှပါသည်။ ချစ်သူနှင့် အမြဲ တွေ့ဆုံရသည်ကလည်း စိတ်ရွှင်စရာ အားဆေး တစ်ခွက်ပင်။ ဤမျှ ငြိမ်းချမ်းသော ဘ၀ကို ကျွန်းသေးသေးလေးသို့ မပြန်ခင် အပြည့်အ၀ ခံစားမည် ဖြစ်သောကြောင့် စာဖတ်သူများလည်း အသည်းရွှင်ဆေး သောက်သုံးနိုင်ကြရန် ဆုတောင်းပေးလိုက်ပါသည်။

ကြယ်ကြွေချိန်

Wednesday, May 15, 2013

The very first post in 2013 | Stay Strong!


Lots of struggle, but we can dissolve the complaints
Lots of uncertainty, but we can make it certain
Lots of anxiety, but we can work it out
Lots of dreams,
Lots of affection, and
Lots of love.

Kyel Kywai Chain

Monday, December 24, 2012

Merry Christmas! #2012

ကျွန်မ ခရစ္စမတ်ကို တစ်ခါမှ အရေးတယူ ကျင်းပခြင်း မရှိခဲ့ဖူးပါ။ ခရစ်ယာန် ဘာသာဝင် မဟုတ်သောကြောင့်သော် လည်းကောင်း၊ စင်္ကာပူ ကျွန်းသေးသေးလေးပေါ် နေရခြင်းကြောင့် လည်းကောင်း ဖြစ်တန်ရာသည်။ မနှစ်တနှစ်က ခရစ္စမတ်များ ဘာလုပ်ခဲ့သနည်း ပြန်တွေးကြည့်သည်။ စားသောက်ဆိုင်တွင် အချိန်ပိုင်း အလုပ်ဆင်းနေခဲ့သည်။ ပွဲတော်ကို ကျင်းပလိုစိတ် မရှိသည်က တစ်ပိုင်း၊ အလုပ်သွားလုပ်လျှင် မုန့်ဖိုးပဲဖိုး ရသည်က တစ်ပိုင်းကြောင့် နှစ်တိုင်း အလုပ်သာ လုပ်နေခဲ့သည်။

ယခုနှစ် ၂၀၁၂ တာ့ ထူးခြားပါသည်။ ကျွန်မဘ၀၏ ကြီးကြီးမားမား အပြောင်းအလဲ တစ်စိတ်တစ်ပိုင်းဟု ဆို၍ရပါသည်။ ဘ၀လက်တွဲဖော်ဟု ခံယူထားသူတစ်ယောက် ကျွန်မဘ၀ထဲ ရောက်လာပါသည်။ Jingle Bells နှင့် Xmas  သီချင်းများ အဓိပ္ပာယ်ရှိလာသလို ခံစားရပါသည်။ ကျွန်မ ပျော်ပါသည်။ သူနှင့် ဆုံစည်းခွင့်ပေးသော ဘုရားရှင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်။ သူ့ကိုလည်း ကျေးဇူးတင်ပါသည်။

ကြယ်ကြွေချိန်

Wednesday, November 28, 2012

Lessons learnt

Whenever you feel down, look out the window. You are not alone.
And remember, whatever it is, this is not the end of the world.

Simple ground rules:
1) If you can do it, just give it your best shot. Effects might or might not get paid off. But at least, you did your best.
2) If you can't do it, there's no point getting worried. Go find some way to solve it instead.
3) If you are sure that you can't do it, just let it go.

So why worry?
Don't worry, be happy.

Kyel Kywai Chain

Sunday, November 11, 2012

တီတီတီ

ဘလော့ဂ်ကို ပစ်ထားတာ လပေါင်း ကြာပြီ။ 
စာရေးချင်သည် အတွေးပေါက်တော့ စိတ်ဖိစီးမှုက လွဲလို့ ဘာမှထွက်မလာ။ 
အင်း... စိတ်ဖိစီးသည်။
လုပ်စရာတွေ အလွန်များသည်။
စာတွေ အလွန်ခက်သည်။
presentation ၂ခု deadline ၁ခု ကျန်သေးသည်။
study week ကျရင်လည်း အသားကုန် ကျုံးရဦးမည်။ နေ့မအိပ် ညမအိပ်။
နောက် ၃ပတ် တရစပ် လုပ်ပြီးရင် လွတ်ပြီ ကျွတ်ပြီ။
ပျော်စရာလေးတွေ ပြန်လာတော့မည်။
ဒီခဏတော့ ဒီမျှထက် ပိုပြီး ကြိုးစားလိုက်ဦးမည်။
တီ တီ တီ။

ကြယ်ကြွေချိန်

Wednesday, September 26, 2012

Run!

This Digital age,
No more regular pace,

Everything is so well invented,
Every matter is complicated,

Everybody is so workaholic,
Well, they still say the whole process is systematic,

But exactly no time to find social pleasure,
So I say..
Let's run, baby, run!

Kyel Kywai Chain

Thursday, September 13, 2012

ဒုန်းဒုန်းဒိုင်းဒိုင်း ရေးမိသောစာ

လုပ်စရာများ တစ်နေ့ တစ်နေ့ အလျင်မမှီပါ။
တာဝန်ဝတ္တရား အလွန်များပြားလှသော နေ့စဉ်ဘ၀။ (ပိုမပြောပါ၊ ကျုပ်နှင့် အလားတူ excos များလည်း အတူတူပါပဲ။)


cultural show အတွက် အကပြေးတိုက်ရ၊
ပွဲပြီးသွားတော့လည်း budget ကိစ္စတွေ ဖြေရှင်းရ (ခေါင်းကိုက်လှချေပြီ)၊
ပရဟိတ ပရောဂျက် မေတ္တာ အတွက် လူရွေးရန် အင်တာဗျူးများ ပြေးရ၊
ရှေ့လာမယ့် ပွဲတွေ အတွက် အရှုပ်တွေလုပ် အဲ.. အလုပ်တွေရှုပ်ရ၊
အတန်းချိန် မှီအောင် နေ့လည်စာ ညစာ လျှာမကိုက်မိအောင်၊ မနင်အောင်၊ အမြန်စားရ (အဟွတ်အဟွတ်)၊
quiz တွေ test တွေအတွက် last minute မှ အသည်းအသန် ခဲမှန် စာအုပ် လှန်ကြည့်ရ၊
မနက် ၈နာရီကစ ည ၁၁ နာရီ အိမ်ပြန်ရောက်တော့လည်း စိတ်ဓာတ်ကျသူ freshie လေးတွေကို အားပေးစကား ပြောရ (သူ့ပြောရင်းနဲ့ ကိုယ်တောင် တင်းထားတာတွေ လျော့ပြီး ငိုချင်လာပြီ၊ လေတင်းနေတဲ့ ပူဖောင်းကြီး ရှူးခနဲ လေလျော့သွားသလိုပဲ။)၊
ဒီကြားထဲ အမေက စိတ်ကောက်လို့ ချော့ရ၊ (ဖုန်းထဲ စကားကောင်းကောင်း မပြောနိုင်တာ ကြာပြီမို့ပါ။)
မနက် မနက်ဆိုလည်း အိပ်ရာ မနည်း ကုန်းကောက် ထရ၊
quiz result တွေကြည့်ပြီး မျက်လုံးပြူး မျက်ဆံဖြူ ရ၊
လူများတွေရှေ့ ပါးစပ်က ပြောမထွက်လို့ ခုလို စာနဲ့ complain တက်ရနဲ့၊


ကျုပ် အသက် တိုတော့မယ် တော်ရေ့။

(ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ ဟုသာ မှတ်ပါသည်။ အကောင်းမြင်တော်မူ ကြပါကုန်။ =D
အသက် ၀၀ ရှူ လိုက်ဦးမယ် ဟဲဟဲ)

ကြယ်ကြွေချိန်

Wednesday, August 29, 2012

တစ်နေ့တာ (29th Aug 2012)

ယနေ့ အတန်းထဲတွင် အပ်ကြောင်းထပ် ကြားနေရသော စကားလုံးများ -
  • free market
  • government
  • ethics
  • profit maximization
  • stakeholders
  • shareholders
  • FRS (Financial Reporting Standards)
  • GAAP (Globally Accepted Accounting Principles)

နောက်ဆုံး ၂ခုမှာ ကျနော် အမုန်းဆုံး စကားလုံးများ ဖြစ်လာတော့မည်။


ကျနော်  ဖန်တရာတေ ပြောနေရသော စကားလုံးများ -
  • ကျွတ် ကျွတ် ကျွတ်...

ဒါပါပဲ။ တကယ်ပါပဲ.. စိတ်ပိန်ပါ့။

ကြယ်ကြွေချိန်

Thursday, June 21, 2012

21 June 2012

စာရေးခြင်း အလုပ်ကို အတော် အဆက်ပြတ်နေခဲ့သော သကာလ စာဖတ်သူများ ရှိခဲ့လျှင် တောင်းပန်လိုပါသည်။ မဖြစ်မနေ ပေးရမည့် ဆင်ခြေမှာ အလုပ်မအားလပ်ခြင်း ဖြစ်ပါသည်။ (ဟွန်း... ဆိုပြီး နှာခေါင်းရှုံ့ကြပါတော့။) ကျောင်း၊ အလုပ်၊ အိမ်၊ CCA များနှင့် ရှုပ်ယှက်ခတ်နေပုံများ ၀ယ်ခြမ်းစရာ ရှိသည်များပင် မ၀ယ်နိုင်အားလောက်အောင် ခေါင်းပင် ကုပ်၍မအားနိုင်လောက်အောင် အလုပ်ရှုပ်ပါသည်။ ဒီစာရေးရင်း မိုးမိုး၏ "အလုပ်တွေ အရမ်းကို ရှုပ်တဲ့သူမှ ဟောဒီကောင်က ကြိတ်ခိုက်နေတာ" ဆိုတဲ့ သီချင်း မဆီမဆိုင် သတိရမိပါသေးသည်။

အမိနိုင်ငံ ရန်ကုန်မြို့သို့ ပြန်ရန် ၃ရက်သာ လိုပါတော့သည်။ အဲ့ဒီအတွက် shopping တွေလဲ လုပ်ရဦးမည်။ ဟိုလူကမှာ၊ ဒီလူကမှာနဲ့။ ကျွန်တော်လိုချင်သော ပစ္စည်း အကြီးကြီးလည်း ရှာဝယ်ရဦးမည် (ကင်မရာ ပြောတာပါတော်)။ မျက်ကပ်မှန်လည်း သွားလုပ်ရဦးမည် (မျက်မှန်နဲ့ဆို သိပ်ပဲများလို့ မရဘူးလေ အဟဲ)။ လူက ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး metabolism မမှန်တော့ ဆေးခန်းလည်း သွားပြရဦးမည်။ ရှိတာကဖြင့် ၂ရက်။ အလုပ်ရယ်၊ meeting training တွေရယ်၊ အဲ့ဒီ ပိစိပွစ တွေရယ် ချာချာလည်။ module planning လည်း မလုပ်ရသေး။ ဒုတ်ကောက်ပါလားတော်။ အော်... ရယ်...

ကြယ်ကြွေချိန်

Tuesday, June 5, 2012

အပျင်းရောဂါ

ပျင်းသော post တစ်ခု ထပ်ရေးရပြန်ပြီ။ စာဖတ်သူ ဖတ်ပြီး အကုသိုလ်ပွားလည်း ပွားချင်စရာပင်။ အလုပ်နားသည်။ တကယ်ကို ဘာမှကို မလုပ်ချင် ဘယ်မှလည်း မသွားချင် ပျင်းနေတာ။ ညက ဆွဲထားသော Plan များ တစ်ခုပြီး တစ်ခု ဘာမှ မလုပ်ဘဲ ထိုင်ဖျက်နေသည်။ Kitchen အတွက် ဒယ်အိုးတွေ၊ Hot plate တွေ သွားဝယ်ရန် ရှိသည်။ အ၀တ်လျှော်ရန် ရှိသည်။ အစ်ကိုနှင့် ရေသွားကူးရန် ရှိသည်။ အခန်း သန့်ရှင်းရေး လုပ်ရန်ရှိသည်။ အခန်း ပြောင်းဖို့ ပစ္စည်းများ ထုပ်ပိုးရန် ရှိသည်။ Cityhall မှာ ဖိနပ်သွားဝယ်ရန် ရှိသည်။ ညကျ လည်း Meeting ရှိသည်။ တစ်နေကုန် ရုပ်ရှင်ကားများ ပတ်ရှာ ကြည့် ပြီး တုပ်တုပ်မျှ မလှုပ်။ တစ်ခုပြီး တစ်ခု schedule တွေကို ထိုင်ဖျက်နေသည်။ ကျောင်းပိတ်ရက် ရာသီ ဖြစ်၍ပင် တော်တော့သည်။ ဖတ်မည်ဆိုပြီး ငှားထားသော စာအုပ်များလည်း တစ်အုပ်မျှ မလှန်ရသေး။ နေ့လည်ဖက် တစ်ရေးတစ်မော အိပ်ချင်ပါသည်ဆိုကာမှ ကုတင်ပေါ် တက်ဖို့တောင် ပျင်းနေသည်။ ဤ ဘလော့ဂ် တော့ ရေးဖြစ်သေးသည်။ ငါ့နှယ်နော်... ဒုတ်ကောက် ဒုတ်ကောက်။

ကြယ်ကြွေချိန်
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...