Monday, December 24, 2012

Merry Christmas! #2012

ကျွန်မ ခရစ္စမတ်ကို တစ်ခါမှ အရေးတယူ ကျင်းပခြင်း မရှိခဲ့ဖူးပါ။ ခရစ်ယာန် ဘာသာဝင် မဟုတ်သောကြောင့်သော် လည်းကောင်း၊ စင်္ကာပူ ကျွန်းသေးသေးလေးပေါ် နေရခြင်းကြောင့် လည်းကောင်း ဖြစ်တန်ရာသည်။ မနှစ်တနှစ်က ခရစ္စမတ်များ ဘာလုပ်ခဲ့သနည်း ပြန်တွေးကြည့်သည်။ စားသောက်ဆိုင်တွင် အချိန်ပိုင်း အလုပ်ဆင်းနေခဲ့သည်။ ပွဲတော်ကို ကျင်းပလိုစိတ် မရှိသည်က တစ်ပိုင်း၊ အလုပ်သွားလုပ်လျှင် မုန့်ဖိုးပဲဖိုး ရသည်က တစ်ပိုင်းကြောင့် နှစ်တိုင်း အလုပ်သာ လုပ်နေခဲ့သည်။

ယခုနှစ် ၂၀၁၂ တာ့ ထူးခြားပါသည်။ ကျွန်မဘ၀၏ ကြီးကြီးမားမား အပြောင်းအလဲ တစ်စိတ်တစ်ပိုင်းဟု ဆို၍ရပါသည်။ ဘ၀လက်တွဲဖော်ဟု ခံယူထားသူတစ်ယောက် ကျွန်မဘ၀ထဲ ရောက်လာပါသည်။ Jingle Bells နှင့် Xmas  သီချင်းများ အဓိပ္ပာယ်ရှိလာသလို ခံစားရပါသည်။ ကျွန်မ ပျော်ပါသည်။ သူနှင့် ဆုံစည်းခွင့်ပေးသော ဘုရားရှင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်။ သူ့ကိုလည်း ကျေးဇူးတင်ပါသည်။

ကြယ်ကြွေချိန်
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...